အစားထိုးခြင်း

in #myanmar8 years ago

အစားထိုးတယ်ဆိုတာနဲ့စပြီလို့ ဆိုလိုက်ကထဲက ကိုယ်ဟာ ဘယ်လိုအနေအထားဆိုတာ အစားထိုးခံရတဲ့သူက နားလည်ရင်တော့ကောင်းပါတယ်

အစားထိုးတာဟာ တကယ့်အစစ်ကိုခနလေး မေ့ဘို့အတွက်သာဆိုတာ အစားထိုးတဲ့လူကလဲ နားလည်ရင်တော့ကောင်းပါတယ်

လောကကြီးမှာ တကယ်အစားထိုးမရတဲ့အရာတွေအများကြီးရှိတတ်တာ ဆိုတာကိုတော့ နှစ်ဦးလုံးက နားလည်ရင်တော့ကောင်းပါတယ် ……

ခံစားချက်မတူ ရည်ရွယ်ချက်မတူ အကျင့်မတူ ပတ်ဝန်းကျင်မတူလို့  လမ်းခွဲသွားကြသလိုပါဘဲ
ခံစားချက် ရည်ရွယ်ချက် တူပြီး အကျင့်မတူ ပတ်ဝန်းကျင်မတူတော့လဲ ခွဲကြရသူတွေတပုံကြီးပါ

ဒါဆို ခံစားချက် ရည်ရွယ်ချက် အကျင့် ပတ်ဝန်းကျင် အားလုံးတူကြသူတွေဟာ ဘာကြောင့်ခွဲကြရသလဲ ?

ဘာမှမသေချာမရေရာတဲ့ အကြောင်းတရားဖြစ်စဉ်တွေက ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို အဓိကက ရင်ဆိုင်နိုင်အောင် ဘာလုပ်သင့်သလဲ ?

ဘာလုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး အကောင်အထည်ဖော်နိုင်ဘို့ သာ ပထမဦးစွာ ကြိုးစားနေထိုင်ကြရုံမှတပါး ဘာများရှိလေအုံးမလဲ ?

အကောင်အထည်မဖော်နိုင်သရွေ့တော့ အစားထိုးခံရတဲ့သူအဖို့ က အနဲအများ ကိုယ့်အစား သူတပါးကိုအစားထိုးခံရတယ်ဆိုတဲ့စိတ်ဟာ တဖက်ကအစားထိုးထားသူရဲ့လုပ်ရပ်တွေ ဆက်ဆံမှုတွေကြောင့် စိတ်ကတော့ ညစ်နေရအုံးမှာ အသေအချာပါဘဲ ။

FB_IMG_1519303891389.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

အစားထိုးတယ်ဆိုတာရုပ်ဝတ္ထုတွေအတွက်ပဲကောင်းပါတယ်သက်ရှိတွေအတွက်ကသံယောဇဉ်ဆိုတဲ့အရာကရှိနေတော့ခက်တယ်။

Feelingလေးတေပေါ့။
အစားထိုးတာထက် အစားစားတာပဲ စိတ်ဝင်စားတယ်... :D

သိပ်ကောင်းတဲ့ အစီစဉ်ပါဘဲ

အစားထိုးတယ်ဆိုတာ ဖတ်လိုက်ထဲက
အစားအသောက်တွေကို ထိုင်ပြီး ထိုးနေတာပဲ မြင်မိတော့ ခက်တယ် :P

အစားတလိုင်းတင် ဟုတ်ရဲ့လား အူးအင်း

အူးအင်း သားလဲ ခေါ်ပါဦး အစားဆို စိတ်ဝင်စားတယ်

အစားထိုးတာတော့ဟွာဘာလဲ တံတားမှာလူလိုလို့အစားထိုးလိုက်တာတို့ အသက်နှုတ်သွားတာလေ။ဘုရားမှာအစောင့်လိုလို့ အသက်နှုတ်သွားတာတို့အဲ့လိုကြားဖူးတယ်မယ်ပြည့်။

လုပ်ပြန်ပီ နာနာဘာဝအကြောင်းတွေအေ
ခုဟာက လောကီမျက်မှောက်ရေးရာလေ အယ်ကွယ်

ဒဿန ​ပို့စ်​​လေး တစ်​မျိုး​လေး​ကောင်းပါတယ်​ဗျ

အားပေးတယ်ပေါ့ ကျေးဇူးပါ

စေတနာ ခံစားချက်​ လုပ်​ရပ်​ အ​ပေါ်
မူတည်​ပါလိမ့်​မယ်​ကွယ်

ဟုကဲ့ ဦးထွေး

ဒဿန ဆရာမ‌လေး လားဗျာ။

ဟီးး ဟုပါပုစင့်

အစားထိုး​ပေမယ့်​ တကယ်​က သူမှ မဟုတ်​တာ​လေ ... (အစားထိုးသူ) +
အခြားတစ်​​ယောက်​​နေရာမှာ မရှိသုံးအဖြစ်​ ခဏ​နေ​ပေးရတဲ့ငါ့ဘဝ ... (အစားထိုးခံရသူ) = ???

အစားထိုးတာတော့ မကောင်းဘူး အစာသွတ် ပေါင်မုန့်တော့ စားကောင်းသား

မစု သားလဲ ကျွေးပါဦး သားလဲ ကြိုက်တယ်

question တေ များ တယ် မဲဖောက်နာလားသမီး

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.076
BTC 71639.64
ETH 2214.27
USDT 1.00
SBD 0.49