B Pyae ကြုံဘူးသောလေလံအကြောင်း

in #myanmar8 years ago

images (3).jpeg

လေလံဆွဲတဲ့ပွဲတွေ အတော်များများကို B Pyae ငယ်ငယ်က ဒက်ဒီခေါ်သွားလို့ ရောက်ခဲ့ဘူးပါတယ် ။ နိုင်ငံခြား movie တွေမှာကြည့်ရသလို လေလံမျိုးနဲ့တော့ လေလံဆွဲတဲ့ပုံစံခြင်း မတူဘူးပေါ့ ။

  • ကားဝပ်သောက်နဲ့ ကားအဟောင်း လေလံ

  • အသားငါးလေလံ

  • နေပြည်တော် ကျောက်စိမ်းပြပွဲလေလံ

  • ရေကြည်ပေါက် ရွှေတွင်းလေလံ

စတဲ့ လေလံပွဲတွေကို B Pyae လိုက်ဖူးခဲ့ပြီး လေလံတခုစီတိုင်းမှာ ဆွဲပုံခြင်းမတူကြတာကို တွေ့ရပါတယ် ။ တူညီတဲ့အချက်က စာရွက်ထဲမှာ လေလံဈေးကိုရေးပြီး အကဲဖြတ်လူကြီးများ ဘယ်သူဘယ်ဝါက လေလံရပါတယ်ဆိုတာ ကြေငြာခြင်းပါဘဲ ။ နေပြည်တော်လေလံတော့ အဲ့လိုမဟုတ်ပါဘူး ။

competitive-bidding.jpg

စာရွက်မှာက ဘယ်သူကဘယ်ဈေးပေးတယ်ဆိုတာ တခြားလေလံသမားတွေရှေ့မှာ အများမြင်သာအောင် ဖွင့်မကြည့်တော့ ဘယ်ဈေးနဲ့တကယ်လေလံပေးဆွဲတာ ဟုတ်မဟုတ် သို့ လာ သို့ လောထင်မြင်ချက်တွေနဲ့ လေလံမရသူများက ကွယ်ရာမှာ ဆဲဆိုသံတွေလည်း B Pyae ကြားခဲ့ရပါတယ် ။

နိုင်ငံခြား movie မှာ B Pyae ကြည့်ရသလို လူအများရှေ့မှာ လေလံအတွဲနံပါတ်နဲ့ ဈေးစကြေငြာပြီး လူအများက အပြိုင်အဆိုင် ထရပ်ပြီး သူ့ ဈေးထက်ပိုပေးကြရင်း နောက်ဆုံးဈေးကိုကျော်ပြီး ပေးမယ့်သူမရှိမှ စားပွဲကို ဒုန်းဒုန်းထုပြီး လေလံဘယ်သူရတယ်ဆိုတာ ကြေငြာသလိုမျိုး မဟုတ်တာ B Pyae ကြုံတွေ့ခဲ့ရတာပါ ။ အခုတော့မသိဘူးနော် ။

auction-with-hands-holding-paddles-number-and-bid-vector-13569010.jpg

all photos credit # google search

ဒုတိယပိုင်းဆက်ရန် ……

@pyaesonekhinkhin

MSC 021

Sort:  

အဲ့ဒါအင်ပို ခေါ်တယ် ငပြည့်ရ
စာအိပ်ပိတ်တော့ ရချင်ရင်ပိုတင်ထားရတယ်
အမြင်ဆိုရင် ဈေးသိပ်မကွာပဲခေါ်လို့ရတယ် ဟိုကမရဘူး ဘယ်သူဘယ်လောက်ခေါ်မယ်မသိပဲ အိပ်ပိတ်တင်ရတော့ ဈေးတွေ ကွာချင်တိုင်း ကွာနိုင်တယ်
လေလံခေါ်တဲ့သူတွေအတွက်ပိုအားသာတယ်လေ
ဒါမယ့် အဲ့ပုံစံလည်းမဟုတ်ပြန်ဘူး

ခ်ခ် သမီးမြင်တာ ကျောတာယေ
နိုင်ငံခြား movie လို ဟုဖူးယေ

ပွင့်​လင်းမှု မရှိတဲ့​လေလံ😂

ဟီးး မတိမတိ

ဖတ်ရန်မျှော်နေပါသည်

ဟုတ် အန်တီ

ဒါပေါ့ သမီးရယ်
နည်းစနစ် မတူတာနေမှာပေါ့နော်
ဆက်ဖတ်ကြည့်မယ်လေ

ဟုတ်ငဲ့ အဖွား

ဘက်လိုက်တဲ့ လေးလံ 😂😂😂

ဟဟ အဲဒါဟိုတုန်းကပါကွာ

ဘာတွေများ လေလံဆွဲဖို့ စိတ်ကူးထားလဲ။

သမီးက ပွဲကြည့်ပရိတ်သတ်လေ

မြန်မာနိုင်ငံမှာက လေလံတို့ တင်ဒါတို့ဆိုတာ လက်သိပ်ထိုးပြီး ကိုယ့်လူကို ပေးကြတာ များနေသလားလို့နော်...

ဟုတယ်မမ
ငယ်ငယ်ကဆိုတော့ သိပ်မစပ်စုမိလိုက်တာ ခ်ခ်

Coin Marketplace

STEEM 0.05
TRX 0.29
JST 0.043
BTC 67627.01
ETH 1961.81
USDT 1.00
SBD 0.39