B Pyae ရဲ့အမှားများစွာ …… ၃

in #myanmar6 years ago (edited)

ညတွေအိပ်ချိန်နည်းလာပြီး ဂိမ်းဆော့လိုက် စာဖတ်လိုက် ဟာသကားတွေကြည့်ရင်း ရီလိုက် airdrop တွေလုပ်လိုက်နဲ့ အာရုံစိုက်ပြီး မျက်လုံးကို အသုံးပြုတာတွေများတော့ ရက်တွေများလေလေ နဲနဲကိုက်ရာမှ များများကိုက်လာလေလေနဲ့ သိသိသာသာကို မျက်လုံးက B Pyae ကို ဒီနေ့ ညတော့ ဆန္ဒပြလာပါတယ် ။

ခပ်ရွတ်ရွတ်နေတတ်သော B Pyae ကလည်း မျက်လုံက ဆန္ဒပြပြီးကိုက်လာတာကို ကိုက်စမ်းပါမျက်လုံးရယ် နင်ကကိုက်နိုင်မလား ? ငါက အရွဲ့တိုက်နိုင်မလားဆိုပြီး စိန်ခေါ်ပြီး ဆော့လက်စ game ကို ဆော့နေလိုက်ပါတယ် ။

တနာရီကြာအောင် တောင့်မခံတော့သော ကိုယ့်အခြေအနေကို ရိပ်စားမိလာသော B Pyae က မျက်စိမှိတ်၍ အိပ်ပျော်ပျော် မပျော်ပျော် နားမှရတော့မည်ဖြစ်သောကြောင့် မနားခင်မှာ မျက်လုံးနဲ့ နဲနဲတော့ ဘုဘောက်ကျတဲ့ စကားများကို ရှာဖွေပါတော့တယ် ။

မျက်လုံးနဲ့လဲ ရန်ဖြစ်တတ်တဲ့ B Pyae ပေါ့နော် ။ ကိုယ်စဉ်းစားလို့ ရတဲ့ စကားလုံးကို ကိုယ့်ဝေဒနာနဲ့ အဖြေညှို ပြီး မျက်လုံးကို ပဟေဠိ မေးခွန်းတွေထုတ်လိုက်ပါတော့တယ် ။

ဒီမယ်မျက်လုံး !
** game ဆော့လို့ ကိုက်တာ အကြောင်းမဟုတ်ဘူး!
ခုဟာက ငါအလုပ်လုပ်နေတာလေ!
ရိုးရိုးသားသားနဲ့ ဘေလ်ကုန်ခံ အိပ်ရေးပျက်ခံပြီး free ပေးတဲ့ airdrop coin တွေကို ရှာနေတာလေ!
လာလာပြီး မကိုက်နဲ့လို့  ရန်လုပ်လိုက်တာပေါ့ ။

B Pyae အမက ဒါကိုကြားပြီး B Pyae ကြားအောင်ပြန်ဖြေလိုက်တာက

ဒီမယ် B Pyae !
** ဘာရိုးရိုးသားသားလဲ !
မသမာနည်းတွေသုံးပြီး account အများကြီးဖွင့်ပြီး free ပေးတာယူနေလို့  ငါကိုက်တာတဲ့ !

ဒီတခါလဲ B Pyae မှားပြန်ပြီနော် ။

81a1a4641eb6554a3529c1fe07a1f8fb.jpg

#photo credit to google

အဲ့လို မျက်လုံးနဲ့ရန်ဖြစ်ပြီးမှ B Pyae လဲ မျက်လုံးတအား ကိုက်လာတော့ နားလိုက်ပါတယ် ။
MSC အကိုအမ အပေါင်း စိတ်ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ ။ steemit တွင် အောင်မြင်သောသူများအဖြစ်သို့  အမြန်ရောက်ကြပါစေလို့  ဆန္ဒပြုလျှက် မင်္ဂလာပါလို့  နှုတ်ဆက်လိုက်ပါတယ်ရှင်။

@pyaesonekhinkhin

MSC 021

Sort:  

အကိုကတော့ ကျီးပေါင်းတောင်ဖြစ်ချင်ချင် ဖြစ်နေပြီ

ဟိုက် ! ဇက်တေထိုးနာလား

ဟုတယ် ဇာတ်တွေတအားထိုး တစ်ခါတစ်လေ မူးတယ် 😑

ဟုတ်တော့လဲဟုတ်နေတာ

အော b ပြည့်အမှားတွေ တယ်များသကိုးအေ။

ခိခိ ကျန်တေးတယ်

အူးချပိန်က မှားဘူးလား ဟားး

အာ​တော့အမှန်​ပဲမျက်​လုံးကဒဏ်​မခံနိုင်​။ကိုယ်​ကမရပ်​ချင်​။

ဟုတ်တယ် ကိုက်လာတာ

သမီးတောင်းတဲ့ဆုနဲ့ပြည့်နိုင်အုးံပါ့မလား

ပြည့်ပါတယ် အန်တီရ

လောဘကြီးတာကိုး

တခါမှ မရဘူးလို့ ပါ :(

series over 10000000000

ငါတော့ ဖုန်းကိုင်တာများပြီး လက်တွေပူပြီးကိုက်လာတယ်။ ဖုန်းကလဲ တနေကုန်မကိုင်ပဲလဲ မနေနိုင်။ အသုံးပြုတာများရင် လက်မောင်းအရင်းကနေ လက်ချောင်းလေးတွေအထိ ပူထူပြီးကိုက်လာတာ။ အခုနောက်ပိုင်း လက်တွေတင်မကတော့ဘူး ရင်ဘတ်တွေပါ ပူလာတယ်။ ဖုန်းသုံးတာ လျော့မှ ဖြစ်တော့မယ်ထငါတယ်။

မျက်လုံးတော့ အနားပေးပေးရမယ်။

ဟုတ်ကဲ့ thank you sis

အမှန်တေပါ

သက်လျာတောင် စာမရေးတာ အတော်ကြာပြီနော်....

ရေးမှာတဲ့ကိုကြီး ဟိ !

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66137.20
ETH 3543.37
USDT 1.00
SBD 2.56