ဒိုင်ယာရီ …… ၁

in #myanmar7 years ago

FB_IMG_1514982954859.jpg

တို့ နှစ်ယောက်ရဲ့ ကမ္ဘာငယ်လေးမှာ
စိမ်းလန်းတဲ့သစ်ပင်တွေများစွာနဲ့
မိုးလုံလေလုံ ခိုနားစရာတဲအိမ်ကလေးမှာ
တို့ သွားရာလမ်းတလျှောက်
တို့ လက်တွေကိုဆုပ်ကိုင်ထားရင်း
အတူမခွဲ တတွဲတွဲနဲ့
စားသောက်ပျော်ပါး နေထိုင်သွားကြမယ်လို့ 
စိတ်ကူးတွေယဉ်လာခဲ့လိုက်ကြတာ
တို့ နှစ်ဦး ခွဲရမယ့် နောက်ဆုံးအချိန်တောင်ရောက်ခဲ့ပြီဘဲ …!

မပြတ်သားခဲ့လို့  ထပ်ခါထပ်ခါ ခံစားရတယ်လို့  ဆိုထားတဲ့စကားတချို့ကို အားပြုရင်း ပြတ်သားဘို့ ရာ အခါခါတွေးနေမိပေမယ့် တို့ နှစ်ဦးလုံးက တဦးနဲ့တဦး ပြောမထွက်ခဲ့ကြဘူးနော် ။

မရည်ရွယ်ဘဲ ဖြစ်ခဲ့လေသော အကြောင်းတရားတို့ ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော အကျိုးတရားတို့ ကိုတော့ ဘယ်သူမှရှောင်လွှဲလို့ မရတာကြောင့် ရင်ဆိုင်ရမှာတော့ အမှန်ပါ ။

ဖြစ်သမျှအကြောင်းတွေသည် အကောင်းဟု မဆိုနိုင်ပေမယ့် ဖြစ်လာသမျှတို့ အား အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် သင့်တင့်စွာနေတတ်ဖို့  ကြိုးစားမှသာ ရှေ့အတွက် လှမ်းဆက်နိုင်မှာလေ ။

ပြတ်သားကြဘို့  လိုလာတဲ့အခြေအနေကို လက်ခံပေးလို့
လုပ်သင့်တာကို ရင်နာနေလဲ ဆက်လုပ်ကြရင်း တို့နှစ်ဦးလုံး လောကကြီးက ပျောက်ကွယ်သွားခဲ့ရင်လည်း အကောင်းသားကွယ် ။

မချစ်လို့  ခွဲရခြင်းမျိုးထက် ချစ်လျှက်နဲ့ခွဲရတဲ့ ခံစားမှုနဲ့ ပူလောင်ခြင်းတို့  အတွက် ကြံ့ကြံ့ခံနိုင်မလားရယ်လို့  သူ့ အတွက် နောက်ဆုံးတွေးပူနေမိတဲ့ ကိုယ့်အဖြစ်က ရင်နာလို့မဆုံး တော့တယ် ။

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

feel tal naw

ရင်​နာတယ်​ကွယ်​....

ဘာပြုလို့ တုန်းကွယ်

နားလည်မူ ရှိတဲ့ ချစ်သူ နှစ်ဦး အကြောင်းမတိုက်ဆိုင် လို့ လမ်းခွဲ ခဲ့ရင် နှစ်ယောက် စလုံး ရင်ထဲမှ အပြစ်မတင် တတ်ကျပါဘူး ။ မဖြစ်နိုင်လို့  လမ်းခွဲ ခဲ့ပေမယ် သံယောဇဉ်တွေကြောင့် မုန်းဖို့ လွယ်မယ် မထင်ပါဘူး။ တနေနေ့တော့ . . . . .

အရင်တုန်းကရေးထားတာတွေ ခုမှတင်ရတာပါကွယ်

Pyae fan br

ဟားး ကျေးဇူးပါရှင့်

ငိုနက်

ငိုမှာပဲ

လောက ကြီးထဲကတော့ မပျောက်ကွယ်ပါနဲ့ဦးကွယ်

ဟီးး လုပ်စရာတွေကျန်ပါသေးတယ်အကိုဒိုမီရ

အရေးသားတွေ အရမ်းGood
ရင်တွင်းက ပေါက်ကွဲသံစဉ်တွေထင်တယ်😁

ဟားး ကြာပီအဲဒါတွေက

မမရေစာသားလေးတွေကောင်းတယ်

တကယ်လား

သွေမြင်ရင်ကြောက်တယ်ညီမရေ

လုပ်ပြီ အကိုကလဲ အရေးထဲကြောက်နေတယ်

thanks