ကြုံခဲ့ရသမျှ …… ၁

in #myanmar7 years ago

ကိုယ့်မြန်မာ့ အချင်းချင်းကျ ဘာလုပ်လုပ်လိမ်မယ်ထင်ရတာနဲ့ ဟုတ်ပါ့မလားစောင့်ကြည့်အုံးမယ် ဘာညာနဲ့
အချင်းချင်းငွေတပြားမှမကုန်ဘဲ အားမပေးတဲ့အပြင်
ဟိုထင်ဒီထင် ပြောတတ်ကြတယ် ။

နိုင်ငံခြားသားများ လုပ်တဲ့အလုပ်ကျ လိမ်မှာသိတာတောင် ရနိုးရနိုးနဲ့ ဖျင်ယက်ဆားဖြူး မဟားဒယား တိုးဝှေ့ပြီး အလုအယက် အလိမ်အခံရဘို့ ကို တိုးဝှေ့အကောင့်ဖွင့်ကြသူတွေက ခပ်များများရယ် ။

ကိုယ်တိုင်ကလဲ သူတပါးလို တိုးတက်အောင်လုပ်လားဆိုတော့လည်း မလုပ်ကြ ။ သူများလုပ်တော့လဲ မနာလိုကြ ။ ဟိုအပေါက်ကချောင်း ဒီအပေါက်ကချောင်းနဲ့ ကမ္ဘာကျော်စုံထောက်ကြီးတွေ လိုက်မမှီတဲ့ ဦးနှောက်တွေပါ ။ တလွဲဆံပင်ကောင်းနေတာလို့  ဒဲ့ပြောချင်ပါတယ် ။

ဥပမာပြောရမယ်ဆိုရင် …
steemit လုပ်တဲ့ မြန်မာတွေလှိမ့်ခံနေရတဲ့ minnowbooster ကိုဘဲ နမူနာယူကြည့်ပါ ။ သူလုပ်သမျှကိုခံရပြီး သူပိုက်ဆံရဘို့ အရေး ကိုယ့်ပိုက်ဆံကိုသူ့ဆီအောက်ကျို့ခံ အရင်ပေးနေရတာ ။ ကိုယ့်မြန်မာတွေထဲက မလုပ်ပေးနိုင်တဲ့အနေအထားဆိုတော့ ခံနေရတယ် ။

ဒါဆို minnow လို booster အကြီးစားများ မြန်မာပြည်ကလူတဦးဦးလုပ်နိုင်မယ် စဉ်းစားကြည့် ။ လက်ရှိဖြစ်နေတဲ့ minnow နေရာမှာ အစားထိုးကြည့်။
မနှောင်းလိုသာ လုပ်ကြည့်ပါလား မတရားလုပ်ပါတယ်ဆိုပြီး ဒီချိန်ဆန္ဒတွေလမ်းပေါ်ထွက်မပြကံကောင်း ။

ကိုယ့်နိုင်ငံသားအချင်းချင်းဆို မယုံကြည်ကြတဲ့စိတ်လေးတွေက ထင်ရှားပါတယ် ။ သူများအောင်မြင်နေတာကို မနာလိုခြင်းကင်းပြီး သူဘယ်လို စလုပ်တယ် ဘယ်လိုနည်းတွေသုံးပြီး ဘယ်လို ကြီးပွားတယ်ဆိုတာသာ လေ့လာဖို့ က အဓိကပါ ။ လေ့လာပြီးရင် ကိုယ်လဲလိုက်လုပ်နိုင်မလား စဉ်းစားမယ် ။ မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို အကြံပေးမယ် ။ အားပေးကူညီမလုပ်ချင်တောင် ပျက်စီးရာ ပျက်စီးကြောင်း မလုပ်သင့်ပါ ။

ကိုယ်နဲ့သင့်တော်ရာကို ကိုယ်လုပ်နိုင်မလားဆိုတာကိုတော့ စဉ်းစားလုပ်ကိုင်ရင်း ကိုယ့်တိုးတက်ရာလမ်းကို ကြိုးစားတက်လှမ်းသူများကို မိမိကြောင့် သက်သက်မဲ့လမ်းပိတ်တားဆီးနေသလို မဖြစ်သင့်ပါ ။

FB_IMG_1519303909868.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

မပြည့်ရေ မြန်မာအချင်းချင်း ကူညီဖို့ထက် မြန်မာတွေကို သိက္ခာချနေတဲ့ သူတွေကို ၀ိုင်းဝန်းရှင်းထုတ်တာ အရင်လုပ်ရမယ်လို့ မြင်ပါတယ် အခု သူတို့ကြောင့် သေချာစာရေးသူတွေ ရောပြီး သိက္ခာကျနေပါတယ် အခု myanmar tag ကို ဆိုရင် copy ကူးတဲ့သူလို့ ထင်နေတာတွေ တွေ့နေရပါတယ်

ဟုတ်တယ် အဲ့လိုပြောတာကိုယ်တိုင် ခံရတယ်
စိတ်ပျက်တာအ့တေ

ကိုယ့်မြန်မာအချင်းချင်းက ဒီလိုတွေဖြစ်နေတော့လဲ နိုင်ငံခြားကကိုယ်တွေအပေါ်မြင်တာလဲ အပြစ်မဆိုသာပါဘူးဗျာ ကိုယ်တွေအချင်းချင်းသာစည်းလုံးရင် နိုင်ငံခြားကကောင်တွေကိုဒိလောက် အောက်ကျို့ခံစရာတောင်မလိုပါဘူး

ဟုတ်တယ်အကို

အေးလေ တို့ မြန်မာတွေကလဲ သူများဟာမှ ဟုတ်တယ်ထင်နေတဲ့သူက ခပ်များများ၊ စာတောင် ကိုယ်တိုင်မရေးပဲ သူများဟာ ခိုးချ ကူးချ ပေါ်တင်တစ်မျိုး မပေါ်တင်တစ်မျိုး။ မြန်မာ့ဂုဏ်သိက္ခာ တစ်ပြာမတန်အောင်လုပ်နေကြတာလေ။ ကိုယ့်အနီးအနားရှိရင် နရင်းပိတ်ကျင်းချင်ပါရဲ့။

လူနည်းစုဖြစ်တဲ့အဝန်းအဝိုင်းလေးကိုဘဲ ကွဲနေကြ တလွဲတွေလုပ်နေကြတော့ ဘယ်လိုဖြစ်နိုင်မယ်ပြောမရတော့တာပေါ့

မှန်​တယ်​ ​ထောက်​ခံပါတယ်​ခင်​ဗျ

မှန်တာပေါ့

Account ပွါးတာကို အပြစ်မပြောချင်ပါဘူးညီမလေးရာ
ကိုယ်လိုချင်လို့လုပ်တာပဲ accountတိုင်းကို ကိုယ်တိုင်တစ်မျိုးချင်းစီ ရေးနိုင်အောင်ကြိုးစားပေါ့။ Copyမလုပ်ရပါဘူးလို့ ဖော်ပြထားတဲ့steemitမှာ မြန်မာနိုင်ငံသားဖြစ်ပြီးတော့ copyတွေထပ်ယူတင်ပြီး မြန်မာtagကို သိက္ခါကျစေတဲ့အပြင် သူတို့ကိုယ်တိုင်လည်း လူညံ့ဘွဲ့ကိုခံယူကြနေလေရဲ့
သနားစရာ သတ္တဝါလေးတွေပါပဲ

အေ့လေ သူများလို တိုးတက်အောင် မကြံကြဘူး

စိတ်​ဓာတ်​​လေး​တွေ အရင်​ပြင်​သင့်​ပါတယ်

ဟုတ်ကဲ့

Bပြည့်ရေ မြန်မာတွေ စိတ်ဓာတ် ပြုပြင်ပြောင်းလဲဖို့ လိုတာပါပဲ။
မဟုတ်တာ ယုံတတ်တာလည်း မြန်မာတော်တော်များများပါပဲ။

MSC မိသားစုကို အရင်ပြင်ရအုံးမှာ

လဲကျနေသူကိုထူပေးဖို့ဆိုတဲ့အသိတရားရှိတဲ့သူတွေဒို့ဗမာပြည်မှာအရမ်းနည်းပါတယ်။သူများတိုင်းပြည်ကိုအားကိုးချင်စိတ်များလို့လည်းပါတာကတစ်ကြောင်းပေါ့။သူ့ထက်သာမနာလိုဆိုတဲ့စိတ်ကလေးရှိတာကလည်းအကြောင်းရင်းတစ်ခုလို့လည်းပြောလို့ရပါတယ်။

ဟုတ်ကဲ့

စိတ်ဓာတ်တွေပြင်သင့်ပါပြီ

right

myanmar tagကိုဖော်လိုက်တာနဲ့postကောင်းတာတွေပဲ
ဖြစ်စေချင်တယ်

မှန်ပါတယ်