Today morning feeling ……

in #myanmar6 years ago (edited)

စကားပုံလေးတခုက B Pyae နဲ့တိုက်ဆိုင်လာတော့ သတိရမိသွားတယ် ……

" ထိုင်နေတာအကောင်း ထ သွားမှ ကျိုးမှန်းသိ " ဆိုတဲ့ စကားလေးပါဘဲ ။

Btc ကနေစလို့  B Pyae စုထားသမျှ coin တွေ အဆုံး ဈေးတွေကျပြီးရင်းကျနေလို့  ဘာမှလုပ်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျနေတာကြောင့် B Pyae တတ်သလောက်လေးတွေကို ဘာမှမလုပ်တော့ဘဲ ပစ်ထားခဲ့ပြီး ထိုင်နေတယ်ဆိုပါတော့ ။

ဈေးလေးကျလာလိုက် ပြန်တက်တော့မှာလားစိတ်ကထင်လိုက်
နဲနဲထပ်ဝယ်စုလိုက်နဲ့ B Pyae ကြိတ်စုလာခဲ့တာလဲ အကြိမ်ကြိမ်ပါဘဲ ။

ခက်တာက B Pyae ဝယ်စုလိုက် ဈေးတက်မလာဘဲ ထပ်ကျလိုက်ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုတောင် စိတ်ကမသန့်ဖြစ်မိလာတယ် ။ " ငါ ဝယ်စုနေလို့ များ ကျနေလားမသိ - ငါများ ဘူပိတ်နေလား ? " ပေါ့ တွေးမိလာတာ ။

လွန်ခဲ့တဲ့ ၆ရက်က ဈေးလေးလှုပ်လာတော့ တက်တော့မှာလားအထင်နဲ့ eth လေးဝယ်စုထားမိတာ အခုထပ်ကျသွားက $100 ဘိုးဝယ်စုတဲ့ eth က $ 73.99 တဲ့ ။ အဲလိုကို ကံကဆိုးနေတော့တာပါဆို ။

IMG_20180915_092044.jpg

ဘယ်လောက်ထိကံဆိုးလဲဆို B Pyae မွေးထားတဲ့ခွေးက မမှတ်မိဘဲ ဟောင်နေလို့  ဒေါသဖြစ်ရသေးတာ ။ ဒီကြားထဲ စာမေးပွဲတွေက ရက်တွေကပ်လာတော့ ကျူရှင်လေးတက်ပါတယ် စာအုပ်ဖိုး ၆ထောင်ပေးပြီးသားကို မပေးသေးဘူးပြောလို့  ထပ်ပေးလိုက်ရတယ် ။ အစုံအစုံပါဘဲ ။

ဆရာမကို ပေးပြီးကြောင်းနဲ့ စာရေးမတွေအလုပ်သေချာမလုပ်ဘဲ facebook တွေသုံးနေကြတာလို့  ၆ထောင်ထပ်ပေးရတာနဲ့တန်အောင် B Pyae လဲ တိုင်ပစ်လိုက်တာပေါ့ ။

ဒ်ီမနက်ကျ အဲဒီ၆ထောင်ပြန်လာပေးတယ် ။ဘောင်ချာစာအုပ်ထဲ ညှပ်ထားမိပြီး မပေးသွားဘူးထင်လို့ တောင်းတာပါတဲ့ ။ တကယ်ကို စကားပုံထဲကလိုပါဘဲ ။

B Pyae တယောက် ထိုင်နေရင်အကောင်းသားပါလား ထ သွားလိုက်မှကျိုးဆိုသလိုပါလားနော်လို့ သာ အော်လိုက်ချင်တော့တယ် ။

@pyaesonekhinkhin

Sort:  

!bookkeeping drugwars

Posted using Partiko Android

Hi @komoezaw!

drugwars

Received:

  • 19.949 STEEM from daily
  • 3.541 STEEM from heist
  • 1.165 STEEM from referral

Spent:

  • 34.210 STEEM

Total:

  • -9.555 STEEM

First transfer was before 8.24 days.
Your ROI per day is 8.75 % and you are earning approx. 2.99 STEEM per day.
Break even in approx. 3.2 days.

Ethereum price low?

Posted using Partiko Android

အဆိုးတွေက လာရင် ဘယ်တော့မှ တစ်ခုထဲ မလာတတ်ဘူး အဖော်အပေါင်းလေးတွေပါ ခေါ်လာတတ်ကြတယ် ကြံကြံခံထားပါကွယ် ဒါပေမဲ့ eth လေးတွေ btc ထက်ကျော်တတ်သွားတဲ့အခါ ခံနိုင်ရည်မရှိမှာစိုးတာ ဟားဟား စိတ်ချမ်းသာအောင်ပါကွယ် ဖိုက်တင်း . . .

ဟုကဲ့ဘုန်း
စိတ်ကတော့ ချမ်းသာအောင်မွေးမြူထားပါတယ်ဘုရား

အဆိုးပြီးရင် အကောင်း လာမှာပေါ့ကွာ

ဟုဘဒို
မျှော်တုန်း မျှော်ဆဲပေါ့

ကိုယ်တွေဆို ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိဘူး ဟိဟိ

ထိုင်နေတာ အကောင်းဆုံးပါဆို ခ်ခ်

အရိုးဆိုသလိုပေါ့လေ လူဆိုတာအမြဲကံမဆိုးနိုင်ဘူး ကံအ့မဲတမ်းလဲကောင်းမနေဘူး ပေါ့ နိကောင်းတော့မှာပါခွယ်

အေ့ပါအေ ကောင်းတော့လဲ ကောင်းတယ်မှတ်ရုံပ

ကော်လေးနဲ့  ကပ်ထားလိုက်လေ မထဖြစ်အောင် 😁

ဟီး ကော်ဝယ်ပေးလေ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

ကော်ကော်ရီ😍😍😍

ပါလဲ့ ညေး miss u

This post has received a 8.43 % upvote from @boomerang.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61220.17
ETH 2979.22
USDT 1.00
SBD 3.73