" နိဒါန်း "

in #myanmar7 years ago

FB_IMG_1473045350015.jpg
လူရယ်လို့သိတတ်စကတည်းက
ဘဝရဲ့ခါးသီးဒဏ်ကို
ပြုံးပြုံးကြီးခံယူလို့အသက်ဆက်ခဲ့တယ်။
နေ့သစ်တွေမရေရာစွာလမ်းပျောက်ခဲ့ပေါ့
ငါဆိုတဲ့လူသား
သူများလိုတန်းတူမနေရပေမယ့်
ငါ့ဘဝကိုငါတွယ်တာမိပေရဲ့
ဒါပေမယ့်လေ -
နေညိုချိန်ဆည်းဆာမှာ
သူတကာလိုအပြုံးပန်းမလှမှာတော့
ငါကိုယ်တိုင်ကြောက်မိလျက်သား
ဒါကြောင့် *** ဒါကြောင့်ပေါ့ကွာ
လောကဓံကို အန်တုလို့
ခုခံမယ့်ခွန်အားစုစည်းလာ
ရိုးသားစွာ ကြိုးစားကာဖြင့်
နေရာတကာအောင်မြင်တဲ့လူသား
ဖြစ်မြောက်အောင်ကြိုးစားဖို့
ဇွဲများနဲ့ရှေ့တိုးသွားမယ်ပေါ့
စိတ်ကိုမှိုင်းသတ် ဆုံးဖြတ်လိုက်ပြီလေ
မျှော်လင့်ချက်တို့ရဲ့အရှင်သခင်အနေနဲ့ပေါ့ •••••••

                            Rosin Noung
                   27.4.2018. 3:27. PM