သူသိစေဖို့😢(fun)
ချစ်ခဲ့တာပေါ့အတိုင်းအဆမရှိ။မင်းနဲ့ပတ်သက်ရင်ငါ့မာနကိုမွမွချေပြီးရိုကျိုးစွာချစ်ခဲ့တာပါ။တစ်ခါတလေအရင်ကငါမှဟုတ်ရဲ့လားလို့ကိုယ့်ဖာသာသံသယဝင်
လောက်တဲ့ထိရူးသွပ်စွာချစ်ခဲ့တာပါ။အလျော့ပေးဖို့ပဲစဉ်းစားပြီးချစ်ခဲ့လို့ငါဟာမင်းရဲ့ကျွန်သာသာဖြစ်ခဲ့တာငါ့ကိုယ့်ငါလည်းအသိမင်းလည်းသိပါတယ်။မင်းစကားလုံးတွေမာနေရင်ငါအမှားမလုပ်ထားလည်းအရမ်းကြောက်နေမိခဲ့တယ်။မင်းတခြားတစ်ယောက်နဲ့ပတ်သက်မှုတွေရှိနေရင်ငါရင်ကွဲမတတ်ခံစားခဲ့ရတာအိပ်မပျော်ညတွေဖြစ်ခဲ့တယ်ဆိုတာအမှန်တရားတွေပါ။
အချိန်တန်ရင်ငါ့ဆီပြန်ရောက်လာတတ်တဲ့မင်းကိုငါမငြိုငြင်ရက်ဘဲ ဝမ်းသာမှုနဲ့ကြိုဆိုနေခဲ့တာမင်းကိုသိပ်ချစ်လို့ပါ။
တစ်ခါတလေငါစဉ်းစားမိတယ် ငါ့နေရာမင်းဆိုရင်အခုအချိန်ထိငါတို့အချစ်ကခိုင်မြဲနေပါ့မလားလို့။မင်းစိတ်ကြီးတာရယ်တစ်ခုခုကိုသိပ်အလေးမထားတတ်တာတွေကငါ့ကိုချန်ထားခဲ့မှာအမှန်ပဲလေ။
မင်းဘက်ကတင်းမာချိန်တိုင်းငါ့ဘက်မတင်းမာနိုင်ဘဲအမြဲလျော့ပေးခဲ့လို့ငါတို့ရဲ့သံယောဇဉ်ကြိုးခုချိန်ထိမြဲနေသေးတာပါ။
ဒါပေမဲ့ငါအခုမင်းကိုချစ်ရတာစိတ်ဓာတ်တွေကျနေမိပြီ။အပေးပဲရှိပြီးအယူမရှိရင်ဘယ်လောက်ထိခံရခက်တယ်ဆိုတာမင်းကိုယ်ချင်းစာတတ်ပါ့မလားကွာ။ငါမင်းကိုလက်လွှတ်ချင်နေပြီ။ငါ့ရင်ထဲမှာဒဏ်ရာတွေကများလို့နာကျင်ခံစားမှုတွေပဲပြည့်နေခဲ့ပြီလေ။ငါမင်းကိုမေ့ပျောက်ချင်တယ်။မေ့ပျောက်ပါရစေ။ငါ့အနာဂတ်တွေမဲ့နေပြီမို့ပါ။
ငါအခုအချိန်မှာအဖြစ်ချင်ဆုံးက အတိတ်မေ့သွားသူတစ်ယောက်ဖြစ်လိုက်ချင်တာပါပဲကွာ။
Holy Angel(@saihack)
Photo crd from Google
ဘဒို့ ခံစားချက်ကိုနားလည်တယ်
အရမ်းနားလည်ပေးတော့ ကိုယ်က သူ့အတွက် အသုံးမကျသူတစ်ယောက်ဖြစ်သွားတာ
ယောကျားမာနနဲ့ ဖြစ်သင့်တာကိုပဲရွေးပါဘဒို
ဖြစ်လာပါလိမ့်မယ်။
ဟုတ်broပြောတာမှန်တယ်ဖြစ်သင့်တာဖြစ်လာမယ်ဆိုတာ
ခံစားချက်တွေ ဖြစ်ကုန်ပြီလား
အဲဖက်စိတ်ခနရောက်သွားလို့အကိုရေ နွေဦးလေ ဂယောက်ဂယက်ကြောင့်😁😁