အလွမ်းမီးတောက်

in #myanmar • 9 years ago

အလွမ်းမီးတောက်

နှစ်လကြာရှည် ခွဲခွာဝေးနေ
ကွာဝေးအရပ် တစ်မြေစီခြား

ချစ်သူရှိရာ မွေးရပ်ဌာနေ
မျှော်ကာတမ်းတ မှန်းဆကာဖြင့်

ရင်မှာခံစား ဝေဒနာလွမ်း

လွမ်းရက်ရှည်ကြာ ရာသီစက်ဝန်း

တွေဆုံဖို့ရန် အကြောင်းဖန်လာ

မျှော်ကာတမ်းတ ထိုနေ့ရက်ကို

ရောက်ချင်စိတ်က စိုးမိုးရင်ကို

လွမ်းစိတ်တစ်မျိုး ခံစားနေရ

အချိန်ကျရောက် မင်းရဲ့အနား

ရောက်ရှိလာပြီး ဤချိန်ခါဝယ်

နောက်ထပ်တစ်ကြိမ် ခွဲခွာရမည့်

တွေးကာကြောက်စိတ် အတွေးစိတ်က

ခြောက်လှန့်စိတ်ကို ဖြေဖျောက်ကာလေ

အံကိုကြိတ်မိတ် စိတ်ကိုတင်းလို့

အတူနေချိန် ချစ်ရသူကို 

ချစ်ခြင်းမေတ္တာ ပုံကာပေးလို့
ပျော်ပါစေလေ ချစ်ရသူကို

Written by sannhtunlwin (01-03-2018@1950hrs)
E7228C57-9C8F-4FF5-B9A9-1E5A4D106106.jpeg