Donation for building bridge ! တံတားအတွက် အလှူခံပါတယ်ဗျို့_2.5.2018
မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ခင်ဗျာ
ယခု post က တိုက်ကြီးမြို့နယ်က တောင်သူလယ်သမားတချို့အတွက် အရေးပါသော တံတားတစ်ခုကို တည်ဆောက်နိုင်ရန် တင်ပေးသော အလှူခံ post တစ်ခုဖြစ်ပါသည်။ ဘယ်လို အလှူပေးနိုင်သလဲဆိုလျှင် ကျွန်တော့်ရဲ့စတီးမစ်အကောင့် @sawlwin ကို မိမိတို့ လှူဒါန်းလိုသော ငွေပမာဏကို ပေးပို့လှူဒါန်းနိုင်သလို ဗုဒ္ဓဟူးနေ့တိုင်း တင်ပေးမည်ဖြစ်သော ယခုကဲ့သို့ အလှူခံ post ကို ဗုတ်ပေးခြင်းဖြင့်လည်း ဒါနပြုရာ ရောက်စေပါမည်။
Image credit - original source
လှိုင်မြစ်လက်တက်ကူးတံတားကို တည်ဆောက်နေသည့်နေရာမှာ အိုင်ကလောင်ကျေးရွာနှင့် ထုံးအင်းကျေးရွာကြားမှာ တည်ရှိပါသည်။ ယင်းနေရာတွင် ၀ါးတံတားအဖြစ် အသုံးပြုနေသည်မှာ ၁၅နှစ်ကျော်ကာလအထိ ကြာမြင့်နေပြီ ဖြစ်ပါသည်။ တစ်နှစ်တစ်ခါ ပြန်လည် မွမ်းမံပြင်ဆင်နေရသောကြောင့် (ယမန်နှစ် စာရင်းဇယားအရ)နှစ်စဉ် မြန်မာကျပ်ငွေ ၁၀သိန်းမျှ ကုန်ကျခဲ့ပါသည်။ ၀ါးများ ရှားပါးလာမှုကြောင့် နှစ်စဉ်ကုန်ကျစရိတ်မှာ ပိုမိုတိုးလာခဲ့ပါသည်။ ၀ါးတံတားဖြစ်သည့်အတွက် ခိုင်ခန့်မှုအားနည်းပြီး ပျက်စီးမှုကလည်း ပိုမိုလျင်မြန်ခဲ့ပါသည်။ ထို့ကြောင့် ကွန်ကရစ်တိုင် သံဘောင် သံပြားခင်း တံတားတစ်ခု တည်ဆောက်နိုင်ရန် အိုင်ကလောင် + ထုံးအင်း ရပ်မိရပ်ဖများမှ ကြိုးစားနေပါသည်။
Image credit - original source
တံတားပြီးပါက မည်သို့အကျိုးကျေးဇူးရှိမည်နည်း ?
မူလတံတားရှိစဉ်ကအတိုင်း အိုင်ကလောင်မူလတန်းကျောင်းမှာ လာရောက်တက်ရောက်သော ကလေးသူငယ်များ သွားလာရ လွယ်ကူခြင်း၊ ခေါင်းရွက်ဗျပ်ထိုးပြီး ရာသီပေါ်သီးနှံများ လှည့်လည်ရောင်းချသည့် ဈေးသည်များ ကူးသန်းရ လွယ်ကူခြင်း၊ ယာခင်းမှ လိုအပ်သည်များကို အလွယ်တကူ ပေးပို့နိုင်ခြင်း၊ တံတားအနီးတွင် တည်ရှိသော တောရဘုန်းကြီးကျောင်းအား လွယ်ကူစွာ သွားရောက် ဖူးမြော်လှူဒါန်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်ပါသည်။ ကွာခြားသွားသည်ကတော့ ဘေးကင်းရန်ကင်းနှင့် ဖြတ်ကူးနိုင်ခြင်းဖြစ်ပြီး ကျောင်းသားကလေးသူငယ်များအတွက် မိဘများ၏ စိုးရိမ်စိတ်ကို လျော့နည်းစေမည်ဖြစ်ပါသည်။ ဈေးတောင်း ခေါင်းရွက်လာသော ဈေးသည်များအနေနှင့်လည်း ယခင်ကလောက် အားအင်စိုက်ထုတ်ပြီး ကူးဖြတ်စရာ မလိုတော့ပါ။ စက်ဘီး၊ ဆိုင်ကယ်များပါ အလွယ်အကူဖြတ်သန်းနိုင်ပြီ ဖြစ်သဖြင့် ယခင်ကထက် သွားလာရ ပိုမိုလွယ်ကူစေပါမည်။
Image credit - original source
တံတားပြီးစီးလိုစိတ်ဖြင့် တည်ဆောက်နေသော်လည်း တစ်ထိုင်တည်း တည်ဆောက်နိုင်မည် မနိုင်မည်ကတော့ မကျိန်းသေပါ။ သို့သော်လည်း တံတားဖြစ်မြောက်ရေးအဖွဲ့ကတော့ ၄င်းတို့ ရသမျှ ငွေဖြင့် ပြီးစီးနိုင်သလောက် ကြိုးစားသွားမည် ဖြစ်ပါသည်။ မိုးမကျမီ တိုင်များ ထူနိုင်ရန်အတွက်လည်း ၀ိုင်းဝန်းကြိုးပမ်းနေကြပါသည်။ ယခင်အပတ်က members of Myanmar Steemit Community အမည်နဲ့ အလှူငွေ ကျပ်၈၁၀၀၀ လှူဒါန်းနိုင်ခဲ့ပါသည်။ ထည့်ငွေသည့် အလှူရှင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| အလှူရှင် | လှူဒါန်းငွေ |
|---|---|
| @eieikhing | 1 SBD |
| @aungzawhtwe | 1 SBD |
| @myanmarkoko | 1 SBD |
| @sawlwin | 1 SBD |
| @myintlwinsoe | 3 SBD |
| @aunggyi100 | 1 SBD |
| @komoezaw | 5 SBD |
| @thatkozaw | 5 SBD |
| Total | 18 SBD |
@exchange.msc မှ တစ်ဆင့် 1SBD ပေါက်ဈေး 4500 ကျပ်နှုန်းဖြင့် ငွေကျပ်၈၁၀၀၀ ရရှိအောင် လဲလှယ်နိုင်ခဲ့ပါသည်။
ယခု Link ကတော့ အလှူငွေလက်ခံရရှိကြောင်း ကြေညာပေးထားခြင်း ဖြစ်ပါသည်။
ယခုအထိ လှူဒါန်းနေသော အလှူရှင်များက ရှိနေဆဲဖြစ်ပြီး လက်ခံထားသော အလှူငွေ ပမာဏကိုလည်း ကြေညာပါရစေ ...
| အလှူရှင် | လှူဒါန်းငွေ |
|---|---|
| @tharpauk | 1 SBD |
| @myothuzar | 1 SBD |
| @kyawhlaing | 1 Steem |
၎င်းအလှုငွေများနှင့် ယခု post မှ ရရှိသော ပမာဏကို စုပေါင်းကာ ထပ်မံလှူဒါန်းသွားပါမည်။ တံတား မပြီးမချင်းလည်း ယခုကဲ့သို့ Post ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ပေးသွားမည်ဖြစ်ပြီး မိမိတို့တတ်နိုင်သည့် ပမာဏဖြင့် ဗုတ်ပေးခြင်းဖြင့် လှူဒါန်းနိုင်ပြီ ဖြစ်ပါသည်။
Image credit - original source




အလှူ ဗုတ်ပေးခဲ့ပြီနော်
ကျေးဇူးတင်ပါတယ်
သမီးလေးကို vote ပေးပါ Number 3 https://steemit.com/steem/@kengtong/please-vote-for-candidate-number-3 thank you 🙏 very very much
quality content တွေကို ရေးရင် အလိုလို ဗုတ်ရလာမယ်လို့ အကြံပေးပါရစေ ...
Voteလှူဒါန်းခဲ့ပါတယ်ကိုစောရေ
ကလေးလေးတွေလည်း စာသင်ကြားရ အဆင်ပြေ
လူအများလည်း အဆင်ပြေဆိုတော့ အလှူအတွက်ပီတိဝမ်းသာဖြစ်ရပြီပေါ့ဗျာ။👏👏👏
ဟုတ် ကျေးဇူးတင်ပါတယ် ကိုမိုး
ကျနော် အလှုငွေလွှဲအုန်းမယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကို
Congratulations @sawlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPCongratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Awesome post!! Keep it up and check out THIS POST as well as I have something similar.