Congratulations

in #myanmar8 years ago

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

image

သမီးတို့ IBEC ၏ ဦးဆောင် နာယက ဆရာတော် ဘုန်းဘုန်းအား World Peace Conference မှငြိမ်းချမ်းရေး ဆု ချီးမြှင့်
ပေးအပ် ချီးမြင့် ခဲ့ပါသည်

၂၀၁၈-ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ မှ ဇူလှိုင်လ(၂)ရက်နေ့အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ(Stockholm) မှ
IBEC - ဗုဒ္ဓဘာသာပညာရေးစင်တာ( မြန်မာ)၊ IBEC-Netherlands တို့၏ ဦးဆောင် တည်ထောင်သူဖြစ်သော ကျွန်းလှမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်၏ ဒု-ပါချုပ်ဆရာတော်ဖြစ်သော ဘဒ္ဒန္တသောဘိတအား ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေး ပညာရေးနှင့် လူသား အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့သည်များအား ဂုဏ်ယူ အသိအမှတ်ပြုသော
အားဖြင့်

ကမ္ဘာလုံးဆိုင် ငြိမ်းချမ်းရေး အဖွဲ့များ၊ United Nation and Universal Federation Peace Federation နှင့် ဆွီဒင်နိုင်ငံရှိ ကမ္ဘာငြိမ်းချမ်းရေး အဖွဲ့များမှ စီစဉ်၍ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆုအား ဇွန်​လ (၃၀) ရက်​​​နေ့တွင်​ စ​တော့ဟုမ်း မြို့​တော်​ခန်းမ၌ ပေးအပ် ချီးမြှင့်​သွားမည်ဖြစ်ပါသည် ။

ဆရာတော်ဘုရားသည် ၂၀၁၅-ခုနှစ်ကလည်း ကိုရီးယားနိုင်ငံ အခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့ကြီး၏ ငြိမ်းချမ်းရေး သံတမန် အဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရပါသည်။

ဆရာတော်ဘုရား သက်တော်ရာကျော်ရှည်ပြီး ဒိထက်မက အောင်မြင် ပါစေ ဟုလည်း ဆုတောင်းမေတ္တာ ပိုသလိုက်ပါသည်

@shunlai

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 68227.62
ETH 2079.68
USDT 1.00
SBD 0.47