မိုင်တယ် ကို Mytel ကိုမသုံးဘူးလို့

in #myanmar8 years ago

မိုင်တဲ မသုံးပါဘူး။
ဟုတ်ပါတယ်.... မိုင်တဲ မသုံးပါဘူး။
ဟိုလူတွေလုပ်တဲ့SIM Cardမို့ မသုံးတာလားဆိုတော့လည်း ကိုယ့်အတွက်တော့ အဲ့လိုမဟုတ်ဘူး။
လက်ရှိသုံးနေတဲ့ SIM Cardကို ထုတ်ပြီး အခြားSIM Card ထည့်သုံးရင် ကိုယ့်ရဲ့အလုပ်တွေ မိတ်ဆွေတွေနဲ့ အဆက်အသွယ်ပြတ်သွားမှာကြောင့်ရယ်
နောက်ထပ် SIM Cardတစ်ခုမလိုအပ်တာကြောင့်ရယ် မသုံးဖြစ်ပါဘူး။

ဟိုလူတွေပိုင်လို့ မသုံးကို မသုံးဘူးဆိုတဲ့လူတွေလည်း တွေ့ရပါတယ်။
ဝေဖန်စရာမရှိပါဘူး။ အူရီဒူးတုန်းက ဟိုမျိုးညစ်တွေအဖွဲ့နဲ့ လုပ်ရပ်ချင်းခပ်ဆင်ဆင်လို့ မြင်မိပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ်ပါပဲ။
ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပါပဲ
သူတပါးကို လိုက်လံပိတ်ပင်နေတာ မဟုတ်သရွေ့ သူ့အခွင့်အရေးနဲ့သူပါပဲ။

မိုင်တဲကိုမသုံးတဲ့လူတွေထဲမှာ ခံယူချက်ကြောင့်မသုံးဘူးဆိုတဲ့လူက အနည်းစုပါ။
နံပါတ်မပြောင်းချင်လို့ မသုံးဘူး
အသုံးမလိုလို့ မသုံးဘူး၊ မသိလို့မသုံးဘူး၊ မသုံးတတ်လို့မသုံးဘူး စသဖြင့် ရိုးရိုးသားသားမသုံးကြသူတွေ အများကြီးပါ။
လူတွေမှမဟုတ်ဘူး .. မသုံးတဲ့အထဲမှာ ရဟန်းသံဃာတွေလည်း အများကြီး ပါဝင်မှာပါ။

မိုင်တဲမသုံးတာနဲ့ပဲ တိရိစ္ဆာန်တွေလို့ ပြောချပစ်လိုက်တဲ့
ဝက်ပုတ်ပိုစ့်ကိုဖတ်ပြီး မိုင်တဲတော့ အချွန်နဲ့အမခံရပြီလို့ပဲ ထင်လိုက်မိတော့တယ်။
နည်းတဲ့ ပရိုမိုးရှင်းစကေးလ်လား။
မျိုးရိုးစဉ်ဆက် ပြည်သူ့ချဉ်ဖတ် ဝက်ရုပ်နဲ့လူလုပ်နေရတဲ့ သတ္တဝါက မိုင်တဲကဒ်လေးမသုံးမိတာနဲ့
တိရိစ္ဆာန်နဲ့ နှိုင်းလို့နှိုင်း၊ ဗရမ်းဗဒါတွေ မိုက်ရိုင်းနေလိုက်တာများ ပါးချည်းဖြတ်ရိုက်ချင်စရာလေး။

အေး.... ရိုးရိုးသားသား မကိုင်တာ
အသုံးမလိုလို့ မကိုင်ဖြစ်တာ
အခုတော့... ခွေးတိရိစ္ဆာန် သောက်မျိုးယုတ် ဝက်ပြိတ္တာကိုင်လို့ကို အဆင့်မတူချင်လို့ မကိုင်တာကွာ...

မျိုးရိုးစဉ်ဆက် ပြည်သူ့ချဉ်ဖက်
မသေခင်က ဝက်ဖြစ်နေတဲ့ တိရိစ္ဆာန်က
ပြည်သူကို တိရိစ္ဆာန်လေး ဘာလေးနဲ့ ။
ကိုယ့်ရုပ်ကိုယ်မှန်ထဲပြန်မကြည့်မိဘူးလားမသိ။

ဝက်ပါးစပ်က နတ်စကားထွက်လို့
ထွိန်

image

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 73923.07
ETH 2317.13
USDT 1.00
SBD 0.52