ကျွန်တော်နဲ့ ငါးခူမွေးခြင်း

in #myanmar • 9 years ago (edited)

ကျွန်တော်နဲ့ ငါးခူမွေးခြင်း
6DB79D36-42C5-4DE1-90A9-2906DF2AE668.jpeg

--- မနှစ်ကဒီလိုအချိန်ပေါ့ ...နွေရာသီ မှာပဲ သင်္ကြန်မရောက်ခင်မှာပဲ ကျွန်တော့်တို့ သူငယ်ချင်းလေးယောက်ငါးခူးမွေးကြမယ်ဆိုပြီးလုပ်ဖြစ်ကြတယ်။
ငါခူးမမွေးခင်ကတော့ ကျွန်တော်တို့ အွန်းလိုင်းလုပ်ငန်းလုပ်ခဲ့ကြတယ် SCL, JJPTR တို့ Invesement ထည့်ကြတာပေါ့ အာ့တွေလည်းပျက်ရော လုပ်စရာက မရှိတော့ Online လောကထွက်ပြီးအပြင်ဘက်စီးပွားရေးလုပ်ကြတော့မယ်ဆိုပြီး သူငယ်ချင်းလေးယောက် စပ်ပြီးလုပ်ကြမယ်ပေါ့ တစ်ယောက် ၁သိန်းခွဲစီ စုစပ်ပြီးလုပ်ကြတယ်။ 80890839-4AF5-43DD-8083-48FF95A58BEE.jpeg

ငါးခူးမမွေးခင်က တိုင်ပင်ကြတယ် Plan တွေဆွဲကြတယ် လုပ်ငန်းအမျိုးမျိုးပဲ နောက်ဆုံး ငါးခူးမွေးဖြစ်လိုက်တယ်။
ကျွန်တော်ငါးမွေးရတာ သဘောမကြဘူး။သူတစ်အသက်သက်ပြီးစီးပွားမရှာချင်ဘူး မူးယစ်ဆေးဝါးရောင်းပီအသက်မရှာချင်ဘူး။ ဘီယာဆိုင် ၊အရက်ရောင်းပြီးလည်းစီးပွားမရှာချင်ဘူး။
စိတ်မပါပေမဲ့လည်း လုပ်စရာမရှိတော့ ငါးခူးမွေးတဲ့ထဲ ငွေထည့်ဖြစ်တယ် ။မွေးကြမယ်ဆိုတော့ နေရာရှာရတယ် ဘယ်မှာမွေးမှာလည်းပေါ့။
နောက်ဆုံးကျွန်တော်အမယောက္ခကြီးအိမ်မှာပဲ မြေနေရအလွတ်ငှါးဖြစ်တယ် ရွှေစာရံရွာမှာငှါးဖြစ်းတယ်။

ရွှေစာရံရွာကိုသွားမှာဆိုရင် မန်းလေးကနေ နာရီဝက်လောက်ဆိုင်ကယ်စီးရတယ်။ရွှေစာရံရွာကလည်း နာမည်ကြီးတယ် ရုပ်ရှင်တွေ ဘာတွေရိုက်ရသဗျာ အဲ့ရွာကလည်း ‘’ ထန်းရွက်ပုတီးလေးကိုလွယ်ကာရယ် ရွှေစာရံကို အရောက်သွားပါ့မယ်’’ သီချင်းလေးတောင်ရှိသေးဗျာ...
သီချင်းစာသားမှားနေလားမသိဘူး မှတ်မိတာလေတင်ရတာ...
...C1BF9EF3-E625-4BE8-B53F-90ECEE540DAE.jpeg

သူငယ်ချင်းလေးယောက်က တရုတ်တစ်ယောက်၊ရှမ်းတစ်ယောက်၊ဗမာနှစ်ယောက်ပါတယ်။...ငါးခူမွေးမယ်ပြောတာက ပုဂံညောင်ဦးသားစပြောတာ ဘယ်သူမှမကျွမ်းကျင်တော့ ငါးခူမွေးတာအတွေ့အကြုံကိုခေါ်ရတယ်။
မမွေးခင်မှာ လိုအပ်တဲ့မိုးကား ၊ဝါးလုံး၊ပိုက်၊စကားပိုက်၊ငါးစာ တွေဝယ်ရတယ်။64255CD5-E956-47F7-B20A-C035A14B265D.jpeg

မိုးကာ- ၂ချပ်
ပိုက် - ၂လက်မ
ဝါးလုံး- ၅လုံး
ပိုက်အစိမ်း- ကွမ်းခြံတွေသုံးတဲ့ နေပူခံပိုက်
ငါးစာ- ၂အိတ်
ငါးခူး အားဆေး(ဗာပလပ်)
အောက်စီဂျင်စက်- ၂လုံး
ငါးခူအကောင် -၃၀၀၀ကောင်
နေရာငှါးခ- 100000
အလုပ်သမား- ၃၀၀၀၀(၁လ)
----စုစုပေါင်း - ၆၀၀၀၀၀သိန်း
....8F552164-EA24-4810-AF90-68C6B84BDC4E.jpeg

ငါးခူ သားပေါက်လေးတွေဝယ်ဖို့အတွက် အစိုးရငါးမွေးမြူရေးခြံတွေဆီသွားရတယ်
နန်းရှေ့ မြို့ပတ်လမ်းမှာရှိတဲ့ငါးမွေးမြူရေခြံတွေဆီးသွားရတယ် ငါးခူးမွေးထားတာတွေ လိုက်ကြည့်တယ်။ငါးခူအကောင်ရည် ၃၀၀၀ထောင်ဝယ်ဖြစ်တယ်။
ငါးခူအသားပေါက်လေးတွေပုံထဲထည့် ပုံ ၃ပုံနဲ့ ရွှေစာရံရွာသို့ သယ်ခဲ့ကြတယ်။951EEB16-A75B-4891-915B-14D352C98E4C.jpeg

ကျွန်တော်တို့ ငါးခူကန်၁ကန်ဆောက်တယ်။စတုဂံပုံစံ ဒေါင့်လေးဘက်က ဝါးလုံးတစ်လုံးစီ အတွင်းထဲက သဲဖြူ ဖြူး အပေါ်က မိုးကာအပြာထပ်ခင်း ရေဖြည့် ခြေသလုံးအလည်းလောက်ထိရေဖြည့် ပြီးငါးခူ ၃၀၀၀ထောင်ထည့်လိုက်ကြသည်။
ငါးသားပေါက်တွေ ကြပ်နေကြသည် ရေအပြောင်းလဲကြောင့်လည်းပါမည်။
ပထမတစ်ကန်က ငါးတွေကြပ်ဒုတိယတစ်ကန်ဆက်ဆောက်ကြသည်။A08EFF8E-48AC-49FB-A6DC-855EC34921CB.jpeg

ငါးအသေးကြီးခွဲထဲရသည် တစ်ပတ်ကြာတော့ သိပ်မကြာပါ။
ငါးတွေကြီးလား ၂ ပတ်သုံးပတ်လည်းရောက်ရော တစ်ကောင်တစ်လေကြီးလားသိ အရွယ်အစားတွေမတူကြတော့ ထိုအတူ ငါးကန်ထဲတွင် တစ်ရက်ကို ငါးအသေ ၄ ကောင်လောက်တွေ့ရသည်။
ငါးခူတွေလာကြည့်ပေးတဲ့အကိုကပြောတာ မင်းတို့ဝယ်တုန်းက ငါးအသားပေါက်လေးတွေ အရွယ်အစားမညီလို့ အခုလို့ဖြစ်တာတဲ့ ကြီးတဲ့ငါးက ငယ်တဲ့ငါးတွေ လိုက်ကိုက် ငယ်တဲ့ငါးတွေ ကြီးတဲ့ ငါးကို ဝိုင်းကိုက်တော့ ငါးကြီးတွေပဲသေတယ်။
ငယ်တဲ့ငါးတွေက သေးသွားတဲ့ ငါးအကြီးကိုစားလေးသည်။ ငါးတွေအကောင်ရေ လျှော့လာတယ် သေတဲ့ငါးကသေ ကြီးတဲ့ငါကကြီးအရယွယ်အစားတွေကမတူ စမွေးကတည်းကငါးအရွယ်အစားတွေလည်ပါသည်။

ငါးစာတွေကကုန် ရေက ၂ရက်ခြားတစ်ခါလည်ပေးရသည်။ငါးအစာကျွေးတာ တစ်ခါတစ်လေ ကြက်ဥ တစ်ခါတစ် ငါး တစ်ခါတစ်ငါစာရေစိမ် ပြီးကျွေးရသည်။အားလုံအကုန်ကျများလေးသည်။ရေဖိုးမီးဖိုး အလုပ်သမားဖိုး
သွားရလာရစရိတ်တွေ အကုန်ကျများလေသည်။ငါးမွေးတာ ၃ လပြည့်ရော ငါးခူးတွေပြန်ထုတ်ရတယ် ကြာလေရှုံးလေပါပဲ။ ငါးအကောင်ရေ ..၁၅၀၀တောင်မပြည့်တော့ဘူး မွေးတုန်းက ငါးသေးသေးလေးတွေ တစ်ချို့ကောင်တွေက တစ်ချို့က ဓါတ်မီးရိုလောက်ရှိတယ် အရွယ်အစားမညီဘူး။ငါးခူဒိုင်ရှာရတယ် ငါးတွေပြန်သွင်းဖို့ မွေးတုန်းကတော့လွယ်တယ်ဗျာ ပြန်ယူမဲ့ဒိုင်ရှာတာခက်သား။ငါးခူတွေဒိုင်ပြန်သွင်းတော့ စစ်တပ်ထဲက ငါးမွေးမြူရေကန်မှာပြန်သွင်းရတယ် ရောင်းတဲ့အရွယ်မရောက်လို့ ပြန်ဝယ်တော့ကျ ပိဿာနဲ့ဝယ်ကျတယ်။ ဘယ်လောက်မှမရဘူး အမြတ်မရတဲ့အပြင်ရှုံးလေတယ်။
သင်ခန်းစာရလိုက် သတ္တဝါတွေအသက်ကို သက်ပြီးစီးပွားမဖြစ်ဘူးဆိုတာသိလိုက်တယ်။ဘယ်သောအခါမှ အသက်တွေသက်ပီစီးပွားမရှာဘူးကတိကဝတ်ပြုလိုက်တယ်။နောက်တစ်ခု မကျွမ်းကျင်တဲ့ အလုပ်ကိုမလုပ်တာကောင်းတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလေ့လာပါ သေချာလုပ်လုပ်မယ်ဆိုရင် သင်ခန်းစာတွေအများကြီးရလိုက်ပါတယ်....Credit Photo Google
ကြိုစားလျှက်ပါ...

soelinaung

MSC-248

Sort:  

ငါးလေးတွေကို ချစ်ပါတယ်

ချစ်ပါတယ် ဘုရား

ဗဟုသုတရပါတယ်။
အိမ်မှာလဲ အဖေနဲ့ညီလေးတော့အလှမွေးငါးတွေမွေးကြတယ်။
ကျွန်တော်ကတော့ ဝါသနာမပါလို့ လှည့်တောင်မကြည့်ပူး။ 😁

ငရဲကြီးတယ်
bro ရေ စီးပွားရေး
မွေးတာက

ဆက်မမွေးဖြစ်တော့ဘူးလား။

မမွေးဖြစ်တော့ဘူး Broရေ

စိတ်​ဝင်​စားတယ်​ အရင်​က ငါးခူ​မွေးမြူ​ရေးလုပ်​ရင်​​ကောင်းမလား စဉ်းစား​သေးတယ်​ အခုလိုသိခွင့်​ရတာ ​ကျေးဇူးတင်​ပါတယ်

ဟုတ်ကဲ့ပါကိုလင်း
တစ်ယောက်နဲ့တစ်ယောက်
ကံတော့မတူဘူးBro

အကျိုးမပေးတာ နေမှာပါအကိုနောက်ပြီး
မကျွမ်းကျင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တာလဲ ပါတာပေါ့ဗျာ

ဟုတ်တယ်ဗျာ
မကျွမ်းကျင်တာလည်းပါတာပေါ့

သူတစ်ပါးအသက်မသတ်တာ ကောင်းပါတယ်

ဟုတ်ကဲ့ပါ
broရေ
အသက်မသက်တာကောင်းပါတယ်

ဘာပဲဖြစ့်​ဖစ်​ ဗဟုသုတလည်းရ အ​တွေ့ကြုံလည်းရ​ပေါ့ဗျာ ​နောက်​ကျ​တော့ အဆင်​​ပြေသွားမှာပါ

အတွေ့အကြုံတော့ရပါတယ်
Broရေ

ဘ၀သင်ခန်းစာပေါ့ဗျာ မှန်ပါတယ် ကိုယ်ကျွမ်းကျင်ရာလုပ်တာကအကောင်းဆုံးပါဘဲ

ဟုတ်တယ်
tharpauk ရေ

ကျန်တော်လည်းငါးမွေးမလို့
အဖိုးဆူလို့မမွေးဖြစ်တာ

မမွေးတာလည်းကောင်းပါတယ်
ကိုစိုင်းရေ

အတွေ့အကြုံရတာေါ့

ဟုတ်ကဲ့ Bro ရေ