ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar7 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
အပိုင်း(၈)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-e2b3da336cc4e
အပိုင်း(၉)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-30efe721147c1
အပိုင်း(၁၀)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy
အပိုင်း(၁၁)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-66a7c76db4445
အပိုင်း(၁၂)
https://steemit.com/myanmar/@soethakhin/kan-ekayaimungtnmwlymenpamy-b8b57f65a6246
image
credit- Facebook image
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၁၃ )
အခန်း ( ၂၅ )

နွေဦးမောင်အိမ်သို့ ပြန်ရောက်နေခဲ့သည်မှာ
တစ်ပတ်ပင်ကျော်ခဲ့ပြီ။အမေ့အခြေအနေက
ိုကြည့်ကာ ကြိုင်နှင့်မိမိအကြောင်းကိုဖွင့်ပြောဖို့ 
ကြိုးစားသော်လည်း အခြေအနေက သိပ်မပေးလှ။
ပြန်ရောက်ကတည်းက အမေက သိပ်နေမကောင်း ပေ။သွေးခဏခဏတိုးကာ အိပ်ယာထဲလှဲနေသည်ကများသည်။မနေ့ ကတော့ အမေနည်းနည်းသက်သာလာသည်။မျက်နှာလည်း ရွှင်ရွှင်ပျပျရှိသည်မို့ ဒီနေ့ ပင်အမေ့ကိုဖွင့်ပြောဖို့ ရွေးချယ်လိုက်၏။

နေ့လည်စာထမင်းဝိုင်းက ပုံမှန်ထက်ပို၍တိတ်
ဆိတ်နေသည်။ဒေါ်ခင်မိမိရော နွေဦးမောင်ရော
ကိုယ်စီကိုယ်စီ ကိုယ့်အတွေးနဲ့ ကိုယ်တိတ်ဆိတ်
နေကြလေသည်။
"သားကိုအမေပြောစရာရှိတယ် .....'
"အမေ့ကို ကျွန်တော်ပြောစရာရှိတယ် ......"
ပြိုင်တူထွက်ကျလာသော စကားတစ်ခွန်းကြောင့် သားအမိနှစ်ယောက်သား တစ်ယောက်ကိုတစ်
ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
"သားအရင်ပြောပါ။"
" မဟုတ်တာအမေ အမေပြောစရာရှိတာအရင်ပြောပါ။ အမေပြောပီးမှကျွန်တော်ပြောမယ်။"
ဒေါ်ခင်မိမိ သားကိုပြုံးကာကြည့်လိုက်ရင်း စကားစလိုက်သည်။

"သားသိတဲ့အတိုင်းပဲ အမေ့ကျန်းမာရေးအခြေအ
နေက ဒီနှစ်ထဲမှာတစ်နေ့တစ်ခြားဆိုးလာတယ်။အမေ့မှာ သားတစ်ယောက်တည်းရှိတာမလို့ အမေမသေခင် သားကိုစိတ်ချသွားချင်တယ်။"
နွေဦးမောင်လက်ကာလိုက်ရင်း
"မဟုတ်တာပဲ အမေ အမေ့မှာသွေးတိုးပဲရှိပါ
တယ်။သွေးတိုးတာက မသေနိုင်ပါဘူး။ဆေးမှန်
မှန်သောက်ရင်သက်သာသွားမှာပဲ။အဲလောက်ကြီး မစိုးရိမ်ပါနဲ့ အမေ။"
"ဘာပဲဖြစ်ဖြစ်သားရယ် သားလည်းအရွယ်ရောက်လာပြီမလို့  သားကိုအိမ်ထောင်ချပေးချင်တယ်။
အဲဒါကြောင့် ဒေစီ့ဆီမှာတောင် လွင်လေးကို အမေ တောင်းလိုက်ပြီ။"
'ဘယ်လိုအမေ ကျွန်တော်က မိလွင်နဲ့ ယူရမယ်
ဟုတ်လား။"
နွေဦးမောင်၏မျက်နှာမှာ ခဏချင်းပင် ညိုမည်းလာလေသည်။
"အမေဘာတွေလုပ်နေတာလဲ။ ကျွန်တော့်ကို
လည်း ဘာမှမတိုင်ပင်ဘူး။"
ဒေါ်ခင်မိမိ မျက်နှာကိုတင်းလိုက်ရင်း တိုင်ပင်စရာလိုလို့ လားနွေဦးမောင် မင်းက ငါမွေးထားတဲ့ငါ့သား မင်းကိုငါပိုင်တာပဲ။ပြီးတော့ လွင်ဟာ တစ်ခြားလူ
လည်းမဟုတ်ဘူး။အမေတို့ မျက်စိအောက်မှာတင်
ကြီးပြင်းလာတဲ့ မိန်းမကောင်းတစ်ယောက်
ပြီးတော့ သားသူငယ်ချင်းအရင်းခေါက်ခေါက်တစ်
ယောက်။မင်းဘာငြင်းစရာလိုလို့ လဲ။"

"ကျွန်တော်မိလွင်ကို မချစ်ဘူးအမေ ။"
နွေဦးမောင်၏အသံက ထမင်းစားခန်းတစ်ခုလုံးကို ဟိန်းထွက်လာသည်။
"အခုမချစ်သေးရင်လည်း နောက်တော့ချစ်သွား
လိမ့်မယ် နွေဦးမောင် အိမ်ထောင်ရေးဆိုတာ
ဒီလိုပဲ။"
"အမေနဲ့ ကျွန်တော်နဲ့ ခံယူချက်ချင်းတူလို့ လား
အမေ ကျွန်တော်မိလွင်ကို ဘယ်တော့မှချစ်လာနိုင်မှာမဟုတ်ဘူး။ အဲသလိုမချစ်နိုင်တဲ့ အကြောင်းပြ
ချက်ကလည်း သက်သက်ရှိတယ်။ကျွန်တော့်မှာ
ချစ်သူရှိတယ်အမေ။"
"ဘာ ......." ဒေါ်ခင်မိမိ ဒေါသထွက်လွန်းသဖြင့်
မျက်နှာတစ်ခုလုံး နီရဲလာသည်။
"မင်းမှာချစ်သူရှိတယ်ဟုတ်လား ။ဘယ်ကလဲ
ဘာလုပ်သလဲ ဘယ်လိုတွေ့သလဲ။"
"ကျွန်တော်နေတဲ့ရွာကပဲအမေ ။သူ့ နာမည်က
ကြိုင် ကျွန်တော့်လိုပဲ မင်းဇံကျောင်းမှာပဲတာဝန်
ကျတယ်။ကျွန်တော်တည်းတဲ့ အိမ်ရှင်တွေရဲ့ သမီး။"
"တော်စမ်းနွေဦးမောင် ငါသဘောမတူနိုင်ဘူး။
တောကြိုအုံကြားက ဘာမဟုတ်တဲ့ ကျောင်းဆရာမတစ်ယောက်ရဲ့လက်ထဲကို မင်းကိုမအပ်နိုင်ဘူး။အဲ့တော့ မင်းအချိန်မနှောင်းခင် နောက်ဆုတ်လိုက်ပါ။ မင်းတို့ ဟာက အချစ်မဟုတ်ဘူး။
အနေနီးစပ်မှုပဲ။"

"အနေနီးစပ်မှု ဟုတ်လားအမေ။ဒါဆို ကျွန်တော်ဘာလို့ မိလွင်ကို မချစ်ခဲ့လဲ။မွေးကတည်းက
အတူနေခဲ့တယ်။အချစ်ဖြစ်လာဖို့ မပြောနဲ့  မိလွင်ကို မိန်းကလေးတစ်ယောက်လိုတောင် မြင်လို့မရခဲ့ဘူး။ကျွန်တော်ချစ်တာကြိုင်ပါ။ အမေက အခုလို
ပြတ်ပြတ်သားသားပြောလိုက်တော့ ကျွန်တော်သ
ဘောပေါက်ပါပြီ။ ကျွန်တော်ကြိုင့်ကိုပဲ လက်ထပ်မှာအမေ ။အခုကစပြီး ကျွန်တော်လုပ်မယ့်အရာ
တွေအကုန်လုံးက အမေ့ကို ခွင့်တောင်းတာမဟုတ်ဘူး။အသိပေးတာပဲ အမေ။"

နွေဦးမောင် ထမင်းစားစားပွဲမှ ၀ုန်းခနဲထကာ
အခန်းဝဆီသို့ ချာကနဲလှည့်လိုက်သည်။ "ဟင် ......."
အခန်းဝတွင် ဘယ်ချိန်ကတည်းကရောက်နေမှန်း
မသိသော ဒေစီလွင်။တံခါးနံရံကိုမှီကာ မိမိကို
ခပ်စိမ်းစိမ်းကြည့်နေလေသည်။
"Sorry မိလွင်။"
နွေဦးမောင် ဒေစီလွင်ကိုရှောင်ကာ အိမ်ရှေ့မှ
ဆိုင်ကယ်ပေါ်သို့ တက်လိုက်ရင်း မောင်းထွက်လာခဲ့သည်။အခုချိန်မှာ ဘယ်သူ့ ကိုမှ အားမနာနိုင်
တော့ပါ။ မိမိဘ၀ကို မိမိကိုယ်တိုင် ရွေးချယ်မည်သာ ဖြစ်သည်။

ဒေါ်ခင်မိမိ မျက်နှာပူထူသွားသည်။
"သမီး လွင် ဘယ်အချိန်ကတည်းကရောက်နေ
တာလဲ။"
ဒေစီလွင် ပြုံးလိုက်ရင်း အန်တီခင့်ဆီလျှောက်လာကာ အန်တီခင့် လက်မောင်းတစ်ဖက်ကို တွဲလိုက်သည်။
"လွင်အကုန်ကြားလိုက်တယ်အန်တီ။
ဒါပေမယ့်လေသိလား။စိတ်ပျက်သွားရမယ့်အစား မောင့်ကိုပိုလို့ တောင် ပိုင်ဆိုင်ချင်လာတယ်။
သမီးတော့ မောင့်ကို တစ်ကယ်ချစ်မိနေပြီထင်
တယ် အန်တီခင်။"
"သမီးကို အားနာရသလို စိတ်မကောင်းလည်းဖြစ်
ရတယ်။ သားကို အန်တီသေချာပြောပါ့မယ်ကွယ်။သမီးတို့  မင်္ဂလာပွဲကို အန်တီမဖြစ်ဖြစ်အောင်
လုပ်မယ်။"
"ကျေးဇူးတင်လိုက်တာ အန်တီခင်ရယ်"
ဒေစီလွင် အန်တီခင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်
ရင်း နှုတ်ခမ်းကို ပြတ်ထွက်လုမတက်ကိုက်ထား
လိုက်သည်။
မောင် နင်ငါ့အပေါ် အမှားကြီးတစ်ခုကို ကျူးလွန်
လိုက်ပြီ။ ငါဆိုတဲ့ ဒေစီလွင်က အရမ်းအချစ်ကြီးသလို အရမ်းလည်း အမျက်ကြီးတယ်။နင်ပြောခဲ့တဲ့ စကားတွေအတိုင်း သံယောင်လိုက်ပြီး ငါပြောမယ်။အခုကစပြီး ငါလုပ်တာတွေအားလုံးက နင်ငါ့ကို
စော်ကားခဲ့လို့ ပဲမောင်။ ငါ့ရဲ့ စစ်မှန်တဲ့ အချစ်တွေကို နင်ပဲအရောင်ဆိုးခဲ့တာ။ကြည့်ကြသေးတာပေါ့ မောင်ရယ် ။ပွဲက အခုမှစမှာလေ။
အပြင်ဘက်တွင်တော့ နွေဦးနေသည် သာမန်ထက်ပို၍ ပူနေလေတော့သည်။

အခန်း ( ၂၆ )

"ဟာ …"လမ်းထောင့်မှမိမိရှေ့  တည့်တည့်သို့ 
ဖြတ်ဝင်လာသော ခွေးကို မတိုက်မိအောင်
နွေဦးမောင်ဆိုင်ကယ်ကို တစ်ဖက်သို့ ကွေ့လိုက်
သည်။မိမိဆိုင်ကယ်၏ လားရာက လမ်းဘေးမှ တမာပင်ဆီသို့ ။ဝုန်းခနဲ တိုက်မိသံနှင့်အတူ
နွေဦးမောင် ကမ္ဘာလောကနှင့် အဆက်အသွယ်
ပြတ်သွားခဲ့လေသည်။
ကံ့ကော်ခြံထဲတွင် ကံ့ကော်ပန်းများကြွေကျနေကာ ကံ့ကော်ပန်းများဝေနေအောင်ပန်ထားသော ကြိုင့်
မျက်နှာလေးက ပြုံးရွှင်လျှက်။ထို့နောက်နွေဦးမောင် နှင့် ကြိုင့်ကြားထဲသို့  ဘယ်ကမှန်းမသိသော မြူခိုးများကျလာပြီး ကြိုင်နှင့်မိမိ တဖြည်းဖြည်း ဝေး၍ဝေး၍သွားကာ တစ်လောကလုံး မှောင်အတိကျသွားလေသည်။

တောင်တွင်းကြီးဆေးရုံကြီး၏ အရေးပေါ်ကုသ
ဆောင်တွင် သီဟ ဒေစီလွင်နှင့် ဒေါ်ခင်မိမိတို့ 
ရောက်နေကြသည်။တောင်တွင်းဆေးရုံတွင်
ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေပြီဖြစ်သော
မင်းကျော်ကတော့ ဓာတ်မှန်ခန်းတွင် ရောက်ရှိနေသည်။နွေဦးမောင်ကို ဓာတ်မှန်ရိုက်ကာ ထွက်လာမည့်ရလဒ်ကိုစောင့်နေခြင်းပင်။နွေဦးမောင်ဆိုင်ကယ် မတော်တဆဖြစ်ကာ အရေးပေါ်ကုသဆောင်
သို့ရောက်လျှင်ရောက်ခြင်း မင်းကျော်၏ အသိပေးမှုကြောင့် သီဟ ဒေစီလွင်တို့ ရောက်လာခြင်းဖြစ်
သည်။ နွေဦးမောင်ကတော့ အခုထိ သတိမရသေး ပေ။စိတ်ပူပန်ကာ မျက်နှာပျက်နေသော အန်တီ
ခင်၏ လက်ကို ဒေစီလွင်ဆုပ်ကိုင်လိုက်သည်။
"တစ်အားကြီးလည်း စိတ်မပူပါနဲ့ အန်တီ ။
မင်းကျော်တစ်ယောက်လုံးရှိပါတယ်။လွင်လည်း
ကူညီချင်ပေမယ့် လွင့်မှာလုပ်ပိုင်ခွင့် မရှိလို့ ပါ။
မင်းကျော်က အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်ပါ။သူ့ကိုယုံကြည်လို့ ရပါတယ်။"
ဒေါ်ခင်မိမိ သက်ပြင်းမောကို ချလိုက်ရင်း
"အန်တီ့ရင်ထဲမှာ လေးလံနေတယ်သမီးရယ်။
ဘယ်လိုကြီးမှန်းမသိဘူး။အဆင်ပြေကောင်းပါရဲ့
နော်။"
"ပြေမှာပါအန်တီရဲ့။"
ဒေစီလွင် ပြုံး၍ နှစ်သိမ့်နေရသော်လည်း မိမိကိုယ်တိုင်မူ ပူပန်နေမိလေသည်။မောင်ရလိုက်သော
ဒဏ်ရာများက နည်းနည်းနောနောမဟုတ်ပေ။ဘုရားမလို့  အဓိက ပင်မကြောရိုးမကြီးကို မထိ
ခိုက်ပါစေနဲ့ ။

ဓာတ်မှန်ခန်းထဲမှ ထွက်လာသော မင်းကျော်ထံသို့  သီဟတို့ ၃ယောက်လုံး ပြေးသွားလိုက်ကြသည်။"အခြေအနေဘယ်လိုရှိလဲသား။"
"ဒီလိုပါအန်တီ အခုဓာတ်မှန်မှာ ပြထားတဲ့အတိုင်း ညာဘက်ခြေထောက် ခြေချောင်းထိပ်လေးတွေ
ကြေသွားတယ်။ကြောရိုးမကြီးထဲ သွေးစနည်း
နည်းဝင်နေတယ်။ပြီးတော့ ညှပ်ရိုးတစ်ချောင်း
လည်း အက်နေပါတယ်။"
သီဟက စိတ်မရှည်ဟန်နှင့်
"ဟကောင်ရ အဲဒါတွေငါနားမလည်ဘူး။ မင်းနဲ့ 
လွင်ကသာ ဆရာဝန်မလို့ သိမယ်လေ။
ငါနဲ့ အန်တီခင်သိချင်တာက မောင်ပြန်ကောင်းလာနိုင်မလားဆိုတာပဲ။"
မင်းကျော် တွေဝေဟန်နှင့် မျက်မှန်ကို ပင့်တင်
လိုက်သည်။
"ဒီနေ့ နေ့ လည် ၂နာရီမှာ ခွဲစိတ်မယ်။ငါကိုယ်တိုင်ခွဲမယ်။ ပြန်ကောင်းလာဖို့ အချိန်နည်းနည်းကြာမယ်ဆိုပေမယ့်လုံးဝကြီး ပြန်ကောင်းလာနိုင်ပါတယ်။
အဲဒါကြောင့် အန်တီခင်လည်း မစိုးရိမ်ပါနဲ့ ။"
"အေးပါသားရယ် အန်တီစိတ်ချမယ်နော်။"
"စိတ်ချပါအန်တီ စိတ်ချပါ။ ကျွန်တော်အကောင်းဆုံး ကြိုးစားပြီး ခွဲစိတ်မှာပါ။"

ဒေစီလွင် မင်းကျော်မျက်နှာကို စိုက်ကြည့်လိုက်ရင်း "မင်းကျော်ငါနဲ့  ဟိုးကော်ရစ်ဒါဒေါင့်မှာ ခဏစကား
ပြောရအောင်။"
ဒေစီလွင် ဦးဆောင်ရာသို့  မင်းကျော် တိတ်တိတ်ဆိတ်ဆိတ်ပင် လိုက်လာခဲ့လေသည်။
ဆေးရုံးအတွင်းတွင် ဟိုအဆောင် ဒီအဆောင် ကူးနေသော လူနာများနှင့်အတူ ဆေးနံ့ ကလည်း တထောင်းထောင်း ထနေ၏။သီဟတို့ နှင့် အနည်းငယ်လှမ်းသော ကော်ရစ်ဒါထောင့်အရောက်တွင်
ဒေစီလွင် ခြေလှမ်းရပ်လိုက်ရင်း မင်းကျော်ကို
ခပ်စိုက်စိုက်ကြည့်လိုက်သည်။
"မင်းကျော်နင်ငါ့ကို အမှန်အတိုင်းပြောစမ်းပါ။
ဒီခွဲစိတ်မှုက ထင်သလောက်မလွယ်ဘူး မလား။"
မင်းကျော်သက်ပြင်းချလိုက်ရင်း
"နင်လည်း ဆရာဝန်တစ်ယောက်ပဲလွင်။အဓိက
ကြောရိုးမကြီးထဲမှာ သွေးစအနည်းငယ်နဲ့ အသားစအချို့ ညပ်နေတယ်။အဲဒီသွေးစတွေ ဖယ်ထုတ်နေရင်း အာရုံကြောတစ်ခုခုကို ထိမိသွားတာနဲ့ ......"
"တော်တော့"
ဒေစီလွင် မျက်လုံးစုံမှိတ်ကာ ကုန်းအော်လိုက်သံ
ကြောင့် မင်းကျော်ပြောလက်စ စကားများ ရပ်တန့် သွားသည်။ဒေစီလွင် မင်းကျော်ပခုံးနှစ်ဖက်ကို
ဆွဲကိုင်လှုပ်ရမ်းလိုက်ရင်း
"နင်မောင့်ကိုရအောင်ကယ်ရမယ် မင်းကျော်။
မောင်ဟာ ငါ့အတွက် အရမ်းအရေးကြီးတယ်။
သူတစ်ခုခုဖြစ်လို့ လုံးဝမဖြစ်ဘူး။ ခွဲစိတ်မှုသာ
မှားယွင်းသွားလို့ ကတော့ ငါနင့်ကို သတ်ပစ်မှာ။" မင်းကျော်ဒေစီလွင့်ကို တစ်ခါမှမမြင်ဖူးသူ
တစ်ယောက်လို ငေးကြည့်နေမိသည်။
ဆရာဝန်တွေလည်း သူတို့ ချစ်ရတဲ့သူရဲ့ လူနာရှင်
ဖြစ်လာတဲ့အခါသူတို့ ကိုယ်တိုင်လည်း အားနည်းတဲ့ လူသားတွေဖြစ်သွားတတ်ကြပါတယ်။
ဆေးရုံအတွင်းတွင်တော့ဆရာဝန် နှင့် လူနာများ သွားလာဖြတ်သန်းနေကြလေတော့သည်။

ဖတ်ရှုပေးကြပါသော steemit ညီအစ်ကိုမောင်နှမများအား အထူးကျေးဇူးတင်ရှိပါသည်။
ဆက်လက်ဖော်ပြပါဦးမည်။
image

Author-Soe Tha Khin
MSC-172

Sort:  

ဗဟုသုတအတော်ရှိမှ အခုလို ရေးလို့ ရမယ်နော် ... လေးစားပါတယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုကျေးဇူးတင်ပါတယ်ဗျ

ဇာတ်​ရှိန်​တက်​လာပြီ ​လေ

ဟုတ်ပါတယ်ဗျာ

တစ်ပါတ်နဲ့ တစ်ပါတ်ကို ဇာတ်ရှိန်က မြင့်လာပြီး
လေးစားမိတယ်ဗျာ ဒီလောက်ဇာတ်လမ်းရှည်ကြီးကို
ရေးနိုင်တဲ့အတွက် အားပေးနေမယ်ဗျို့ 

ဟုတ်ကဲ့ပါအစ်ကိုရေကျေးဇူးတင်ပါတယ်ဗျ

သွေးတိုးနှလုံးရောဂါကြောင့် မိဘ သဘောတူရာ ယူရတော့လေမလား

ဘသူနဲ့ပေါင်းပေးရမလဲဗျာ

အလည်လာသွားပါတယ် ဇာတ်လမ်းရှည်လေးမို့ မီသလောက်ဘဲ ဖတ်သွားပါတယ်

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်

တစ်ပါတ် တစ်မျိုး မရိုးရအောင် ဖတ်လို့ကောင်းတယ်ဗျား

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ

တကယ်ရေးနိုင်တယ်ဗျာ အားပေးပါတယ်

ဟုတ်ကဲ့ပါ bro
ကျေးဇူးပါဗျ

ဘယ်​လို​ပြောရမလဲ ​ကောင်းပြီးရင်း​​ကောင်း ဖက်​လို့

ဟုတ်ကဲ့ပါကိုလင်းရေ ကျေးဇူးပါဗျ

ခွဲစိတ်ချက်အဖြေက ဘယ်လိုဖြစ်လာမလည်းမသိဘူးနော့
သဘောတူတဲ့သူနဲ့ ချစ်ရတဲ့သူနဲ့မတူကြတော့
.....မျှော်အုံးမယ် 😁

ဟုတ်ကဲ့ပါဗျာ
မျှော်နေပေးပါဦး

အမေနဲ့သား အချစ်ခြင်း အားပြိုင်ကြတာ
နောက်ဆုံးဘယ်သူနိုင်မလဲဗျာ....

မကြာမီလာမည်ပေါ့ဗျာ