Myanmar Steemit Community မှ Power Up အစီ အစဉ် ပြောင်းလဲခြင်း

in #myanmar8 years ago (edited)

logo.png

New Plan for Power Up

Weekly Power Up ရသည်ကို MSC Member ၀င်တိုင်း သိပြီး ဖြစ်၏။ တကယ်တမ်း ပြောရလျှင် ရေရှည် ကို ကြည့်မြင်တတ်သူများ အဖို့ Power Up ခိုင်းနေ စရာကို မလိုပေ။ ဆိုချင်သည်က မ Up ပါနှင့် တားယူလို့ကို မရပဲ Up ကြမည်မှာ အသေအချာပင်။ Power Up ခြင်း ဖြင့် မည်သို့ အကျိုးထူးသည်ကို Steemit အကြောင်း အတန်ငယ် တီးမိခေါက်မိသူတိုင်း သိ၏။ သို့သော် အချို့မှာ ထိုအချိန်ထိကို မစောင့်လိုကြပေ။ ခုရေတွင်းတူး၊ ခုရေကြည်သောက်လိုနေကြ၏။ ခက်၏။ ဤသို့ ပြောနေ၍ အပြစ်တင်နေသည်ဟုလည်း မထင်စေလိုပေ။ အပြစ်တင်နေသည်ဟု ယူဆလျှင်လည်း ကိုယ့်လူတွေကို ဖြစ်စေချင်သည့် စိတ်နှင့် ပြောနေမိခြင်းသာ ဖြစ်၏။ နောင်လည်း ထပ်ပြောနေဦးမည် ဖြစ်၏။

MSC ၏ Rule အရ power မ down ရ ပြောထားသဖြင့် တချို့ ထုတ်သုံးလိုသူများ အတွက် အခက်တွေ့ရ၏။ ထို့ကြောင့် MSC ကနေ ထွက်မည် ဆိုပြီး ဖြစ်လာ၏။ အလွန်ပဲ စိတ်မကောင်း ဖြစ်ရ၏။ ဘာကြောင့်များ တဒင်္ဂလေးကိုပဲ ကြည့်ကြတာလည်း ဆိုပြိး မချင့်မရဲ ဖြစ်မိ၏။ တကယ်တမ်း ပြောရလျှင် လုံးဝ ပေးမထုတ်သုံးခြင်း မျိုးလည်း မဟုတ်ပေ။ သတ်မှတ်ထားသည့် ပမာဏအတိုင်း Power Up ပြီးလျှင် ကျန်သည်ကို ထုတ်သုံးခွင့် ပြုထား၏။ ကြားထဲ၌ SBD နှင့် Steem ဈေးအတက်အကျကလည်း Power Up နှင့် Member များအဖို့ အခက်တွေ့စေခဲ့သည်ဟုလည်း ထင်၏။

ထို့ကြောင့် ယခင်ထက်လည်း အဆင်ပြေအောင်၊ ထုတ်သုံးလိုသူများလည်း ထုတ်သုံးခွင့် ရအောင် Power Up အစီအစဉ်ကို ပြောင်းလဲ လိုက်၏။ ယခင် Weekly Power Up အစား Monthly Power Up သို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်၏။ ဘာများ ထူးသွားလို့လဲပေါ့။ ဟုတ် အနည်းငယ်တာ့ ပြောင်းသွားပါသည်။ ယခင်ထက်စာရင် ဖြေလျော့ ပေးမှုလေးပါလာခြင်း ဖြစ်၏။

လက်ရှိ promotion အစီအစဉ်သည် Group လေးခု အလှည့်ကျ ရယူနေခြင်း ဖြစ်၏။ ထို့ကြောင့် Group တခုသည် တလတာအတွင်း promotion (၆) ကြိမ် ရနိုင်၏။ ထိုရသည့် (၆) ကြိမ်များမှာ အခြား ခွဲဝေပေးရသည့် ရာခိုင်နှုန်းများ ခွဲဝေပေးပြီး နောက် မိမိထံမှာ ကျန်ရှိသည့် SBD များထဲမှ တ၀က်ကို power up ရန် ဖြစ်၏။ ကျန်တ၀က်ကိုတော့ မိမိ သဘောရှိသလို လုပ်နိုင်၏။ မထုတ်လို မသုံးလိုသူများ အနေဖြင့်လည်း power up ပစ်နိုင်ပါ၏။ မဖြစ်မနေ ထုတ်သုံး ရမည် ဟု မဆိုလိုပေ။ သုံးလိုက သုံးနိုင်ပါသည်။

ဥပမာ … တလကို မိမိ၏ (author) ရေးသားမှုမှ (curation) vote နှင့် ment ပေးသူများကို ခွဲဝေပေးပြီးနောက် 6 SBD ကျန်သည်ဆိုပါဆို၊ 3 SBD ဖိုး power up ရမည် ဖြစ်ပြီး ကျန် 3 SBD ကိုတော့ ထုတ်ယူသုံးစွဲခွင့် ပြုခြင်း ဖြစ်၏။ (50/50) ပေါ့။ လစဉ် မိမိ၏ SBD ရရှိမှုသည် ဈေးအတက်အကျပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်သဖြင့် power up ခါနီးတိုင်း သက်ဆိုင်ရာ Group leader များနှင့် Admin တို့က power up ရမည့် ပမာဏကို တွက်ချက်ပေးမည် ဖြစ်၏။ power up ကို သက်ဆိုင်ရာ Group အလိုက် ယခင်အတိုင်း သတ်မှတ်ရက်များဖြင့် တင်ပေးမည် ဖြစ်၏။ လကုန်ခါနီးနောက်ဆုံး အပတ် (သို့မဟုတ်) နောက်တလ၏ လဆန်းပိုင်းများတွင် တင်ပေးပါမည်။

နောက်တချက် ပြောလိုသည်က ယခင် weekly power up မှာ screenshot နှင့်တကွ လာမမန့်သူများကို အရေးယူမှု မပြုခဲ့ပေ။ နားလည်မှုနှင့် ကျတော်တို့ ခွင့်လွှတ်ပေးထားခဲ့၏။ သို့သော် ယခု monthly power up အစီအစဉ်တွင်တော့ power up screenshot မပြနိုင်ပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်၏။ power up မန့်ရမည့် ရက်ကို သက်ဆိုင်ရာ Group Leader များမှ member များကို အသိပေးသွားမည် ဖြစ်၏။

#AdminTeam
#Myanmar Steemit Community

Sort:  

ဘာလာလာ ဒေါင်းပါ့ဗျာ 😁😁

တလစာကို အဲ့တလထဲမှာ ခွဲပြီး power up လို့ရော ရပါသလား။