microsoft excell

in #myanmar8 years ago (edited)

ထပ်နေသော Duplicates Data များကို ဘယ်လိုဖယ်ရှားမလဲ

Microsoft Excel မှာ နှစ်ကြိမ်/သုံးကြိမ်ထပ်နေသော duplicates data များကို လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။

နမူနာအဖြစ် ပေးထားတဲ့ table မှာ Myo Myo ဟာဆိုလျှင် နှစ်ကြိမ်ထပ် ပါဝင်နေပါတယ်။ Name, Gender, Age အားလုံး တူညီပါတယ်။ Mg Mg ကတော့ Name, Gender တူညီသော်လည်း Age တော့ မတူညီပါဘူး။

အဲဒီလို field အားလုံး တူညီနေတဲ့ data ကို ဖယ်ရှားလိုတယ်ဆိုလျှင်
image
(၁) ၎င်း table တစ်ခုလုံးကို select လုပ်ပေးပါ။

(၂) Data tab မှ Remove Duplicates ကို click ပါ။ Remove Duplicates dialogbox ကျလာပါလိမ့်မယ်။

(၃) ပထမအကြိမ်အဖြစ် Name, Gender, Age အားလုံးတူညီတဲ့ data ကို ဖယ်ရှားကြည့်ပါမယ်။ ဒါကြောင့် CheckBox အားလုံးကို မဖြုတ်ဘဲ ထားပြီး OK ကို click ပါမယ်။

(၄) Duplicate value ဘယ်နှစ်ခု တွေ့ရှိ/ဖယ်ရှားပြီးကြောင်း၊ မတူညီတဲ့ unique value အဘယ်မျှ ကျန်ရှိကြောင်း dialogbox တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကို click ပေးပါ။
image
(၅) တကယ်လို့ Name နှင့် Gender တူညီပြီး Age မတူညီသော်လည်း ဖယ်ရှားလိုတယ်ဆိုရင်တော့ Remove Duplicates dialogbox မှာ Age မှာရှိတဲ့ check mark ကို ဖြုတ်ပေးပါ။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.047
BTC 65335.40
ETH 1914.19
USDT 1.00
SBD 0.49