ရေတံခွန်စခန်းသာဆီသို့.
Steemမှာ စာမရေးဖြစ်တာ တပတ်တောင်ရှိသွားပါပြီ။ သုံးလေးရက်လောက်ထင်ခဲ့ပေမဲ့ ပိုလ့်ပြန်ကြည့်တော့ 8days ago ဖြစ်လို့နေပါပြီ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး စာထရေးဖို့ ပြင်ရပါတော့တယ်။ ဘာရေးမလဲတော့ အထွေအထူး တွေးနေစရာ မလိုပါဘူး။ မနေ့ကမှ လောလောလတ်လတ် လည်လည်ထွက်ထားတဲ့ ကျောက်စခန်းရေတံခွန်နဲ့ သဘာဝအပန်းဖြေစခန်းအကြောင်းလေး ရေးတင်လိုက်ရင် အဆင်ပြေပြီပေါ့။
photo by me
မနေ့က ရုံးပိတ်ရက်လည်းဖြစ် ရာသီဥတုကလည်း သိပ်မပူတာကြောင့် ရေတံခွန်ဘက် ထွက်ခဲ့ကျပါတယ်။ ဘော်ဒါတွေစုပြီး မနက်စောစော ဘဲ ဗန်းမော်ကနေ ထွက်ခဲ့ကျပါတယ်။ ရေတံခွန်ရောက်ရင် စားဖို့အတွက် ထမင်းချိုင့်တွေ ထည့်လာကျပါတယ်။ ကလေးတွေလည်းပါတော့ မိသားစုအလိုက် ခရီးထွက်လာကျသလိုပါဘဲ။ ဆိုင်ကယ်တွေနဲ့ လမ်းမှာ သီချင်းလေးတွေဆိုရင်း ဗန်းမော်မြို့နဲ့ ၉မိုင်သာဝေးတဲ့ မိုးမောက်မြို့ကို ရောက်လာခဲ့ကျပါတယ်။ မိုးမောက်လမ်းခွဲကနေ တရုတ်ပြည်သွားတဲ့ လမ်းကနေ တည့်တည့်မောင်းလာလိုက်ရင် ၃မိုင်နည်းနည်းလောက်မှာ ကျောက်စခန်းရွာတည်ရှိပါတယ်။ အဲ့ရွာကလေးကနေ stonevillageသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း အထဲကို ဝင်လိုက်ရင် သာယာလှပတဲ့ ကျောက်စခန်းရေတံခွန်ကို ရောက်ပါပြီ။
ရေကျတဲ့ အချိန်ဖြစ်တဲ့အတွက် ရေတံခွန်မှာ ရေနည်းနေပါတယ်။ ဒါဟာ ရေလာကစားတဲ့ လူတွေအတွက် အင်မတန်အန္တရာယ်ကင်းပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ မိသားစုလိုက်တဲ့သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ကျောက်စခန်းရေတံခွန်ဟာ တောင်ကျချောင်းရေဖြစ်တဲ့အတွက် မိုးတွင်းပိုင်းဆိုရင် ရေစီးအလွန် သန်ပါတယ်။ ကျောက်တုံးတွေဟာလည်း ရေညှိတွေကြောင့် ချော်ပါတယ်။ ဒါကြောင့် မိုးတွင်းပိုင်ဆိုရင် ပိတ်ထားတက်ပြီး ဆောင်းဦးပေါက်လောက်မှ ပြန်ဖွင့်ပါတယ်။ ရေတံခွန် အောက်ခြေဘက်ကတော့ အန္တရာယ်ရှိသည်လို့ ကျောက်တုံးအကြီးကြီးပေါ်မှာ ရေးထားပြီးတော့ ရေကူးခွင့်ပိတ်ထားပါတယ်။ အထူးသဖြင့် အရက်သေစာအလွန်အကျွံသောက်သုံးထားသူတွေဟာ ဒီနေရာမှာ ရေဆင်းကူးကျတဲ့အတွက် အသက်ဆုံးရှုံးခဲ့ကျရလို့ပါ။ ဒါပေမဲ့ ရှားပါတယ်။ ဒီရေတံခွန်ဟာ လူအသေအပျောက် အင်မတန်နည်းပါတယ်။
ဆက်ရန်...
@suhlaing
msc 175
ပျော်စရာကောင်းမှာ ရေလေးက ချိုးချင်စရာကောင်းတာ
အဲ့ဒါဘယ်နေရာလဲမစု
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ၉မိုင်ဝေးတဲ့ မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းရေတံခွန်ပါ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks, for upvote
ဂျွမ်းထိုးလို့မရပဲ ငုတ်တုပ်လေးပဲ ထိုင်ပြီးရေးချိုးရမှာပေါ့နော် 😥
ရှေ့ဂျွမ်းနောက်ဂျွန်း ကြိုက်သလိုထိုးလို့ရပါတယ် ကစိုးရေ အရပ်ရှည်သူ ရေမနစ်ဘူးရယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks