မြစ်တစ်စင်းနဲ့ ဘဝ တစ်ခု

in #myanmar8 years ago (edited)

ဘဝ အဆစ်ချိုးတွေက အချိန်တိုတိုအတွင်း အကွေ့အကောက်များစွာနဲ့ ပြောင်းလဲသွားတက်တယ်။ ဘာနဲ့ အလားသဏ္ဍာန်တူလည်းဆိုရင် မြစ်တစ်ဆင်းရဲ့ ကောက်ကွေ့ပုံနဲ့ ဆင်တူပါတယ်။

ညှင်သာစွာစီးဆင်းတဲ့ နေရာရှိသလို အကောက်အကွေ့တွေနဲ့ ခပ်ကြမ်းကြမ်းစီးတဲ့ နေရာလည်း ရှိတယ်။ ဝဲကတော့ဆင်ပြီး မုန်ယို စီးဆင်းတဲ့ နေရာလည်း ရှိတယ်။ ကျောက်ဆောင်ကျောက်တန်းတွေနဲ့ ရိုက်မိပြီး အရှိန်လျော့သွားတဲ့ ဒေါသတွေလည်း ရှိတယ်။

ရေပြင်ထက်မှာ ငြိမ်သက်နေပေမဲ့ ရေအောက်မှာ ချောက်နက်နက်လည်း ရှိတက်တယ်။ မာယာများနဲ့ လှည့်စားပြီး အသက်ဇီဝိန်ကိုလည်း ချုပ်ငြိမ်းစေတယ်။ မာယာများနဲ့ မြစ်တစ်စင်းရယ် ဖြတ်စီးဆင်းတဲ့ လေညှင်းရယ် အဆုံးအစမဲ့ ဘဝတစ်ခုရယ်။

image
credit image source
@suhlaing
msc 175

Sort:  

ဘဝပုံဖော်ပုံပီပြင်တယ်

ကျေးဇူးပါရှင့်

ဒါပေါ့ သမီးရယ် မာယာများတဲ့မြစ်တစ်စင်းကို
သဘာဝအတိုင်း အလှတရားဘက်ကနေ ခံစားရင်း အဆုံးအစမဲ့
ဘဝကို လှပခြင်းတွေနဲ့ ချယ်မှုန်းပြစ်စမ်းပါ

မာမီ့ အားပေးစကားတွေက အားအင်ဖြစ်စေပါတယ် ကျေးဇူးပါရှင့်

မာယာများတဲ့မြစ်တစ်စင်းပေါ်..ဖြတ်သန်းလာတဲ့လေက
လေနုအေးလေး..အဲဒါကိုသမီးသတိထားမိတယ်ဆိုရင်
သမီးက..တော်လို့ဘဲ။

လေနုအေးလေးက ပါးပြင်ပေါ်ကို ယှက်ယှက်ကလေး ဖြတ်သွားတယ် အန်တီဆွေ

ပုံမတင်ဝူးလား?

တင်မရသေးလို့ပါဆင့်

ဘဝဆိုတာဒီလိုပါပဲ။

ဟုတ်တယ် မအိရေ

အော်​ ဘဝ ဘဝ

ဘနဲ့ စပြီး ဝ နဲ့ ဆုံးပါလား