ညီမ​လေးဖတ်​ဖို့ My Sister Reading Latter

in #myanmar8 years ago (edited)

image

ညီမ​လေးဖတ်​ဖို့
📖📖📖📖

လူတစ်​​ယောက်​ကို မ​တွေ့ချင်​လို့
တမင်​​ရှောင်​​နေပြီဆိုရင်
အလိုလို​နေရင်း သူ့ကို ရှုံး​နေပြီဆိုတာသိထားပါညီမ​လေး

ညီမ​လေး​ရှောင်​​နေရ​အောင်
သူ့အ​ပေါ် မရိုးမသား ဘာလုပ်​မိလဲ
ဘာ​တွေ ရယူခဲ့လဲ
ကိုယ့်​က ချစ်​ခြင်းကို ယုံယုံကြည်​ကြည်​​ပေးခဲ့တာ
သူက အလွဲသုံးစားလုပ်​ပြီး​ချောင်​ထိုးသွားတာ
ဒါကို ​ရှောင်​​နေမယ်​ဆိုရင်​ ညီမ​လေးလုပ်​ရပ်​မှန်​ရဲ့လား။

ဒါဟာ မိန်းက​လေးတစ်​​ယောက်​အတွက်​ရှက်​စရာဖြစ်​နိုင်​တယ်
စိတ်​ဓာတ်​​ရေးရာနဲ့ နှိုင်းယှဉ်​လိုက်​ရင်
ကိုယ့်​ရဲ့ဖြူ စင်​ခြင်းကို နင်းသွားသူကသာရှက်​​နေသင့်​တာ
ဘာလို့ ​ရှောင်​ပုန်း​နေမှာလဲ

ကဲ ပတ်​ဝန်းကျင်​ကိုကြည့်​စမ်းဘယ်​​လောက်​သာယာလဲ
အားလုံးက ကိုယ့်​အခက်​ခဲနဲ့ကိုယ်
ညီမ​လေးရဲ့အသည်းကွဲခြင်းကိုသူတို့ရယ်​​မောကြမယ်
ခဏ​လေးပဲ
ဟော ပြီးသွားပြီ စကားကိုလိုက်​ရှင်းစရာမလိုဘူး

မှန်​ကန်​တဲ့လုပ်​ရပ်​တိုင်းအတွက်
ထိုက်​တန်​တဲ့အရာတစ်​ခုပြန်​ရတယ်
အဲ့တာဟာ ​နောင်​တ ကို ကင်းကွာ​စေတာ။

ဒဏ်​ရာတစ်​ခုရရင်​ နာကျင်​တယ်​ညီမ​လေး
အမာရွတ်​ထင်​မယ်
နောက်​ဆုံး အမှတ်​အသားတစ်​ခုဖြစ်​မယ်
ညီမ​လေးအတွက်​ သင်​ခန်းစာတစ်​ခုရမယ်
ပေါ့​ပေါ့တန်​တန်​ မလုပ်​ဖို့

ပွဲတိုင်း​အောင်​ပွဲခံတဲ့လူဟာ သူရဲ​ကောင်းမဟုတ်​ဘူး
စစ်​မှန်​တဲ့အရှုံးကို လက်​ခံနိုင်​သူမှ သူရဲ​ကောင်းဖြစ်​တာ
အရှုံးကိုလက်​ခံရဲမှ ​အောင်​မြင်​ခြင်းရဲ့တန်​ဖိုးကိုပိုသိတာညီမ​လေး

ညီမ​လေး အသည်းကွဲခြင်းမှာ
ဘာ​တွေ​ပေးဆပ်​လိုက်​ရလဲ
မာန ​တွေ လား
သိက္ခာ​တွေလား
အရှက်​တရား​တွေလား

လူတိုင်းမှာတန်​ဖိုးရှိတယ်
ကိုယ့်​တန်​ဖိုးကိုယ်​မဖြတ်​နဲ့

ပျား​တွေ ဝတ်​ရည်​စုပ်​ယူရုံနဲ့ ပန်းမ​ကြွေဘူး
လေပြင်းတိုက်​တိုင်း အပင်​မလဲဘူး

ညီမ​လေးမဖတ်​ရ​သေးတဲ့
ဘဝစာမျက်​နှာ​တွေက အသစ်​ပါ

လောကကြီးကို​ရှောင်​ပုန်းလို့ရချင်​ရမယ်
ကိုယ့်​ကိုယ်​ကို ​ရှောင်​ပုန်းလို့မရဘူးဆိုတာ
ညီမ​လေးသိပါ​စေ။

#photo_crd

Sort:  

ဟုတ်ကဲ့ကျေးဇူးပါ

ကြည်နူးစရာလေးပေါ့

You got a 0.74% upvote from @allaz courtesy of @sunflowerlay!