လေ့လာသင်ယူမှတ်သားပါ

in #myanmar8 years ago

အလုပ်တခုကိုလုပ်ကိုင်တဲ့အခါမှာ အမြန်ပြီးရန်က အဓိကမကျပါ ။ အမြန်ပြီးရန်အဓိက မဟုတ်ဘူးပြောလို့  နှေးရမယ်လဲဆိုလိုခြင်းမဟုတ်ပါ ။

မိမိလုပ်သောအလုပ်တခုကို မိမိက အမြန်ပြီးချင်ဇောနဲ့လုပ်လိုက်မယ် ။ အမြန်လုပ်လိုက်ရတော့ အမှားပါနိုင်မယ် ။ ထိုအမှားကို ပြန်ပြင်လုပ်ကိုင်ရတော့မယ် ။ ဒါဆို အချိန်ကပိုကြာသွားနိုင်မယ် ။

images (2).jpeg

crd image source

မိမိကသာ အမြန်လုပ်ချင်တဲ့ဇော မရှိခဲ့ရင် လုပ်နေကျအလုပ်ဖြစ်တဲ့ မိမိအလုပ်ကို ပုံမှန်အတိုင်း လုပ်သွားခဲ့မယ်ဆိုရင် အမှားဟာ မရှိသလောက်ပါ ။ အမှားမရှိတော့ ပြင်စရာလည်းမလိုတဲ့အတွက် အချိန်ကုန်မှာလည်း မပူရတော့ပါဘူး ။

ကျွမ်းကျင်သူများအတွက်က မိမိအလုပ်ကိုလုပ်တဲ့အခါမှာ အမှားလဲမပါနိုင်သလို အချိန်လည်းမကုန်ဘဲ မြန်မြန်ပြီးစီးနိုင်ပါတယ် ။ မကျွမ်းကျင်သူများက အမှားမပါရလေအောင် ပုံမှန်လုပ်ကိုင်သွားပြီး သူ့ အချိန်နဲ့သူ့တန်ရာအချိန်မှာ ပြီးစီးနိုင်ပါတယ် ။

3362037_S.png

crd image source

မိမိအဖို့ က မိမိလုပ်သောအလုပ်ကို ပိုင်နိုင်ကျွမ်းကျင်လာအောင် ကြိုးစားရပါမယ် ။ ဒါမှသာ မိမိလုပ်သောအလုပ်သည် တိတိကျကျနှင့်မြန်ဆန်ပြီး အချိန်ကုန်လည်းသက်သာမှာပါ ။

ကျွမ်းကျင်သူများကဲ့သို့  မိမိကမတတ်ကျွမ်းဘဲ ကျွမ်းကျင်သူများကဲ့သို့  မြန်ဆန်တိကျစွာ အမှားပါဘဲ ပြီးစီးအောင်လုပ်နိုင်ဘို့ ဆိုတာ သိပ်မလွယ်ကူလှပါဘူး ။

images (4).jpeg

crd image source

မိမိအလုပ်ကို မိမိက မတတ်ကျွမ်းခင်မှာ သတိရှိရှိနှင့် အမှားမပါစေဘဲ ပုံမှန်အချိန်နှင့် ပြီးစီးအောင်လုပ်ကိုင်သွားရပါမယ် ။ လုပ်ကိုင်တာကြိမ်ဖန်များလာတာနဲ့ မိမိလည်း နားလည်သဘောပေါက်လာပြီး အလေ့အကျင့်ရှိကာ မြန်ဆန်လာမှာပါ ။

ကြိုးစားလုပ်သွားရမှာက ကိုယ့်တာဝန်ပါ ။ MSC မိသားစုအားလုံး မင်္ဂလာပါဗျာ ။

images.png

crd image source

@thatkozaw

MSC 021

Sort:  

အလုပ်တခုကိုလုပ်ကြတာခြင်းအတူတူ..အောင်မြင်မူ့မတူညီကြခြင်းဆိုတာ..အဲဒီအချက်တွေကိုလိုက်နာမူ့ကွာခြားလို့ပါ။

ဟုတ်ပါတယ်အန်တီ

ဖြေးဖြေးနဲ့မှန်မှန်လုပ်ဆောင်သင့်တာပေါ့နော် ကိုသက်

မြန်၊ ကေင်း၊ သက်သာ ဆိုတဲ့စကားတော့ရှိပါတယ်၊ ဆရာ့ယူဆချက်ကတော့
မြန်ရင်မကောင်းနိုင်တာတော့သေချာတယ်၊ ကောင်းပြီဆိုရင်လည်း မသက်သာနိုင်ပါဘူး။ ဒါဟာသဘာဝတရားပါ။