ကြိုးစားပြင်ဆင်ပါ
ဒုက္ခဆိုတဲ့ အရသာကို ခံစားဘူးမှ
ဘဝဆိုတဲ့ အဓိပ္ပာယ်ကို ပိုသိမှာပါ ။ မိမိခံစားနေရသောဒုက္ခသည် အဓိပ္ပါယ်မဲ့သောအကြောင်းကို အခြေခံမနေသင့်ပါ ။
အချစ်ကြောင့်ဖြစ်စေ
လူမှုရေးနှင့်စီးပွားရေးကြောင့်ဖြစ်စေ
မိသားစုနှင့်အိမ်ထောင်ရေးကြောင့်ဖြစ်စေ
စားဝတ်နေရေးစတဲ့ အကြောင်းတစုံတရာကြောင့်ဖြစ်စေ
အဆင်မပြေမှုများကတော့ ကြုံလာတတ်စမြဲပါ ။
ထိုအဆင်မပြေခြင်းများကို ခံစားပါ ခနပေါ့ ။ ခနခံစားပြီးလျှင် မိမိဘာဆက်လုပ်သင့်သည်ကို တွေးတောကြံဆ၍ အဆင်မပြေမှုများကို ဖြေရှင်းရမှာပါ ။ မဖြေရှင်းဘဲ ဝမ်းနည်းစိတ်ညစ်ခံစားနေလို့  ပြန်အဆင်ပြေသွားမှာမှမဟုတ်တာ ။
မိမိစိတ်ကို ခံစားမှုရပ်တန့် သွားစေရန် စာဖတ်ခြင်း အားကစားတခုခုကိုလုပ်ခြင်းနှင့် ရယ်စရာများကို ကြည့်ပါ ဖတ်ပါ ။ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ စာများထဲမှသင်ခန်းစာများကို ပြန်စဉ်းစားပြီး ပြုပြင်နေထိုင်ပါ ။
လူဆိုတာ အဆင်မပြေမှုတာ့ ရှိမှာပါ ။ ဒီတခါအဆင်မပြေရင် နောက်တခါအဆင်ပြေအောင် ဇွဲမလျှော့ စိတ်ဓာတ်မကျဘဲ
ကြိုးစားပြင်ဆင်ပါ ။ ငါတော့ အဆင်မပြေတော့ဘူးဆိုပြီး တုံးတိကြီးမဆုံးဖြတ်ပါနဲ့ ။
ဒီလိုလုပ်တာအဆင်မပြေရင် နောက်တစ်ခုကို ကျော်ပြီးစဉ်းစားလိုက်ပြီး တခြားတနည်းဖြင့် အဆင်ပြေအောင်လုပ်မယ်ဆိုသော စိတ်ထားပြီး ကြိုးစားသင့်ပါတယ် ။ ဘာမှမဖြေရှင်းဘဲနေရင် ဘာမှအဆင်ပြေစရာဖြစ်လာမှာလည်းမဟုတ်တဲ့အတွက် မိမိကြာရှည်ခံစားနေရသော အချိန်များရှည်ကြာလာလေလေ မိမိအတွက်ပိုဆိုးလာလေလေဘဲ ဖြစ်မှာပါ ။
ဒုက္ခသည် လူတိုင်းကြုံရသလို သုခကိုလည်း လူတိုင်းကြုံရမှာပါ ။ အရှုံးဆိုတာဟာလည်း လူတိုင်းကြုံဘူးသလို အနိုင်ဆိုတာကိုလည်း လူတိုင်းကြုံရမှာပါ ။
ဒါကြောင့် စိတ်ကို အမြန်ပြင်နိုင်ရန်ကြိုးစား ဖြေရှင်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ် ။ မင်္ဂလာပါ MSC မိသားစုများရှင် ။
MSC 027
အားပေးခဲ့ပါတယ် အမ
me too
အမှန်ပေါ့thetlyarရယ်..ဒုက္ခဆိုတာ..လူတိုင်းကြုံရမဲ့.ကြုံနေရတဲ့အခက်အခဲပြသနာတွေဘဲ။ဘယ်လိုနည်းနဲ့ပြေလည်အောင်..အေးချမ်းအောင်..ရှင်းရမှာလဲဆိုတဲ့ဥာဏ်ရှိဖို့ဘဲ
အရေးကြီးတာပါနော.။
ဟုတ်တယ်အန်တီရေ
ရေရှည်ပူဆွေးနေတော့ ကိုယ်ဘဲခံရတာလေနော့
လဲရင် ပြန်ထ လူ့ဘဝမလား သက်ရေ.. အကြံပေးချက်လေး သဘောကျမိတယ်😊😍
ဟိ ဟုတ်ပမမရေ
Right...ကောင်းသောပိုစ့်ပါ👍
thank you sis
ok သက်ရေ ကြိုးစားကြမယ်နော်
ဟုတ်ကဲ့
ဒုက္ခ ရှိဖူးမှလဲ အတွေ့အကြုံတွေ ပိုရှိလာမှာပါလေ
good postပါ
thank you sis
ခန္ဓာဟာဒုက္ခသစ္စာပါဗျာ
ဟုတ်ကဲ့
You got a 2.18% upvote from @postpromoter courtesy of @thetlyar!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
လူ့ဘဝဆိုတာ ဒုက္ခနဲ့မကင်းပါဘူး။ရင်ဆိုင်တတ်အောင်ကြိုးစားရမှာပါ။
အမှန်ကန်ဆုံးပေါ့
လူတိုင်းက အခက်အခဲဆိုတာရှိကြစမြဲပါ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာနော် အစ်မ
အေ့လေ နော့