အပျံသင်ခြင်း
မနက်ကအိပ်ယာကနိုးတော့ ဇနီးဖြစ်သူက အိမ်ရှေ့ခန်းမှာ စာကလေးပေါက်စသူ့အသိုက်ကနေ ကျနေကြောင်း သူမကိုင်ရဲ သဖြင့် တခုခုလုပ်ရန်ပြောလာပါသည်။ ကျွန်တော်တို့ခုအိမ်လေးက မျက်နှာကျက်မတပ်ရသေးတော့ အပေါ်မှာ စာသိုက်လေး နှစ်ခုရှိတာကို မြင်နေရတာပေါ့။ အိမ်ပြောင်းလာစဉ်က မြင်ပေမယ့် စာဥတွေ စာပေါက်စလေးတွေ မရှိလောက်ပါဘူးလို့ဘဲ ထင်ခဲ့တယ်။ မျက်နှာကျက်တပ်မှဘဲ စာသိုက်က အမှိုက်တွေ မကျတော့နိုင်ကြောင်း အိမ်ရှင်က ပြောထားလို့ သိနေတာပေါ့။ အဲဒီ စာသိုက်လေးထဲက တစ်ခုကနေ စာပေါက်စလေးတစ်ကောင် ပြုတ်ကျနေတာကိုး၊ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ စာလေးတော့ သေနေလောက်ပီ လှုပ်လည်းမလှုပ်တော့ဘူး ငါသွားပြစ်လိုက်အုန်းမယ်ဆိုပြီး အမှိုက်ကျုံးတဲ့ဂေါ်နဲ့ ယူလိုက်တော့ စာလေးကလှုပ်လာတယ် ဒါနဲ့ မိန်းမရေ စာလေးကမသေသေးဘူးဟ ဆိုပြီး သေချာကိုင်တွယ်ပြီးဘေးနားလေး ကပ်ထားလိုက်တယ်။
အဲ့လိုလုပ်နေတုန်းရှိသေး နောက်တစ်ကောင်ထပ်ပြုတ်ကျလာပါရော၊ ဟောဗျာ နောက်တစ်ကောင်ဟ ဆိုပြီး ဘာလုပ်ရမလဲစဉ်းစားရတာပေါ့။ အပေါ်ကအသိုက်ကလည်း အောက်ကို တဖြည်းဖြည်းလျောကျနေလေရဲ့။ ဒါနဲ့ကတ်ထူပုံးတစ်ခုကိုယူ ထုတ်တန်းပေါ်တက် စာသိုက်ကိုကတ်ထူပုံးထဲထည့်ပြီး အောက်ကိုချ၊ အောက်ရောက်တော့ နေအေးတဲ့ သစ်ပစ်ရိပ်အောက်က ၀န်းထရံထောင့်လေးပေါ် စာသိုက်လေးကိုဟန်မပျက်တင်၊ စာလေးနှစ်ကောင်ကို သေချာ ပြန်ထည့် ထားလိုက်တယ်။ စာမအေကြီးတော့ ရှာတွေ့ကောင်းပါရဲ့ဆိုပြီး သေချာထည့်ထားလိုက်တယ်။
စာလေးတွေက မနက်လင်းတာနဲ့ စပြီး အပျံသင်သင်ကြတာလေ သူ့မအေက တကျွီကျွီနဲ့ ရှေ့ကပျံပြ နောက်ကနေ စာလေးတွေက လိုက်ပျံကြတော့ အတောင်မစုံသေးတော့ ပြုတ်ကျ။ စာကလေးတွေအပျံသင်တာတွေ့တော့ ကျွန်တော်တို့ငယ်စဉ်က မိဘတွေကအပျံသင်ပေးခဲ့တာတွေ ပြန်သတိယလာမိတယ်။ အပျံသင်တယ်လို့ဘဲ ပြောကြပါစို့ပေါ့ဗျာ။ သားရေဒီလိုလုပ်ရတယ်ကွဲ့ သမီးရေ ဒါလေးကတော့ ဒီလိုလုပ်ရမှာကွဲ့ ၊ ဒီဟာတော့ ဒီလိုမလုပ်ရဘူး ဟိုဟာကတော့ ဒီလိုကွဲ့ အစရှိသဖြင့်ပေါ့ဗျာ လက်ဦးဆရာပီသစွာနဲ့ သင်ကြား ပဲ့ပြင်ပြီး အပျံသင်ပေးခဲ့ကြတာပေါ့။
တစ်ချို့က ပျံတတ်ပြီဆိုတော့ မိဘရင်ကိုစုံကန်ပြီးပျံသွားတတ်ကြတယ်၊ တစ်ချို့ကတော့ ပျံတတ်ပြီဆိုရင် မိဘအားကိုးရတဲ့ သူအနေနဲ့ ပျံသန်းတတ်ကြတယ်၊ တစ်ချို့ကတော့ အတောင်စုံလို့ပျံတတ်တော့ မိဘကို လှည့်တောင်မကြည့်ဘဲ ဒုက္ခတွေ့မှဘဲ မိဘအသိုက်ကို ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်လာတတ်ကြပြန်ရော၊ မိဘဆိုတာကတော့ မိမိတို့ရင်ကဖြစ်တဲ့သားသမီးဆိုတော့ ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ပစေ ကိုယ့်သားဟာကိုယ့်သားဘဲပေါ့ ကိုယ့်သမီးဟာကိုယ့်သမီးဘဲပေါ့၊ ကဲ မိမိတို့ကိုယ်တိုင်လည်း အပျံတတ်လို့ပျံတတ်ပြီဆိုရင်တော့ မိဘတွေမျှော်လင့်တဲ့ သားသမီးမျိုးလေးတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။
Steemit အဖွဲ့သားများရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့ရင် ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit google
MSC-129
မိဘရင်ခွင်ကနေ ခွဲနိင်သေးပါဘူးဗျာ
အချိန်တန်တော့လည်းခွဲခွါရတာပေါ့ဗျာ
အမှန်ပါဘဲ...မိဘဆိုတာဘယ်လိုအခြေနေဘဲဖြစ်ဖြစ်သားသမီးဟာသားသမီးဘဲနော့...
ဟုတ်ပါတယ်ညီမရေ စုန်ရေတွေဘဲပေါ့
မိဘကတော့ သားသမီးတွေအတွက် အမြဲ တမ်းတံခါးဖွင့်ထားလျက်ပါ။ဆိုးတဲ့သားသမီးဆို ပိုတောင်ချစ်သေးတယ်ထင်ရပါ၏
ဟားဟား ဟုတ်ပါ့ ဆိုးရင်ပိုချစ်ကြတယ်ထင်တာဘဲ
အူးယားတယ် ပေါက်စလေးတွေ
ကိုင်ကျိဘူးလို့လား အဟိ
မိဘကျေးဇူးမဆပ်နိုင်ရင်နေပါ ဒုက္ခတော့မပေးသင့်ပါ
ဟုတ်ပါ့ညီရေ
မိဘရင်ကိုစုံကန်တဲ့သူတွေကလည်း တစ်ချိန်မှာ သူတို့အလှည့်ကျရင်လည်း ကျိန်းသေပေါက် ပြန်ခံရမှာပါ။ ကိုယ်တွေ့လည်းမြင်ဘူးပါတယ် ။ ခုလက်ရှိထိလည်း ရှိပါတယ်။ သူတို့အလှည့်ကျရင်တော့ ပြန်ပေးဆပ်ရမှာပါ
ဝဋ်ဆိုတာဘဝမကူးဘူးလို့ကြားဘူးတယ်ညီရေ
သိတတ်သော သားသမီးမျိုးသာ ပိုင်ဆိုင်ပါရစေဗျာ
အတူတူပါဘဲညီရေ
ဖြစ်ရလေအေ ကိုယ့်မိဘ ပြန်ကြည့်ကြမှ ကိုယ့် သားကောင်းရတနာ သမီးကောင်းရတနာ ရမာပ မမေ့ရပု ခေးတို့😁😁
မိဘကျေးဇူးဆိုတာ ဆပ်လို့ကုန်ရိုးထုံးစံမရှိခဲ့ပါ
အသွားသာရှိအပြန်မရှိတာမျိုးပေါ့
သားသမီးကြတော့ ရတနာတဲ့ မိဘကြတော့။
ခုခောတ်ကတော့မပြောချင်ပါဘူးကွာ ကိုယ်တွေ ခုထိ မိဘတွေစိတ်တိုနေချိန်ဆို မော်တောင်မကြည့်ရဲဘူး
ကမ္ဘာမှာခေါ်လို့အကောင်းဆုံးစကားလုံး
အဲ့ဒါ "အမေ"
ဘယ်အရာမှ အစားထိုးမရတာပေါ့