ရင်ဖွင့်မယ်
ဒီနေ့တော့ ရင်ဖွင့်တဲ့ postလေးရေးမယ်လေ။ အခုလို social mediaပေါင်းမြောက်များစွာ ပေါ်ပေါက်လာတဲ့အချိန်မှာ online ကနေ ငွေရှာလို့ရတဲ့ siteတွေ၊Apkတွေကလည်း လိုက်လို့မမှီအောင်ပါပဲ။အခုတလော ရေပန်းစားနေတဲ့ Enlte ဆိုလည်း မိုက်တာပဲ။စာလည်းသိပ်မရေးရဘူး ဆိုတော့ အချိန်တွေအများကြီးပေးစရာမလိုဘူးပေါ့။သူမှာက ရက်အကန့်အသတ်မရှိတော့ ပိုပြီး အဆင်ပြေတယ်။ကိုယ့်တင်လိုက်တဲ့ postကို တစ်လနေမှ သူများက likeလည်း ရတာပဲ။ဒါသူ့ရဲ့ အားသာချက်ပေါ့လေ။
တချို့ဆို steemit siteကိုတောင် စွန့်ခွာပြီး အဲ့ဘက်လိုက်နေကြပြီ။ ကောင်ူပါတယ်။ကျွန်မလည်း Enlte မှာ Acc တစ်ခု create လုပ်ပြီးပြီ။post လည်းတင်ကြည့်တယ်။ကံဆိုးတာက Timeline မှာ တင်တဲ့ postတွေမပေါ်လာဘူး။version မကိုက်လို့ထင်ပြီး version ပြောင်းပြီးသုံးကြည့်တယ်။မရ..။ဘာကြောင့်လဲတော့ အဖြေမသိဘူး။အားလုံးကလည်း အခုမှ ရောက်ခါစတွေဆိုတော့ ထဲထဲဝင်ဝင်မသိကြသေးဘူး။အဲ့ဒါအဆင်မပြေလို့ စိတ်ညစ်ပေမယ့် steemit ကိုတော့ မစွန့်ခွာနိုင်ပေ။I love steemit.
မနေ့က pro day ရောက်လို့ တင်တယ်။အရင်လို vote & coment တွေ မလာကြတော့ပေ။pro တင်တဲ့သူတွေတောင် နည်းလာသလိုခံစားရတာ အမှန်ပါ။ပြောရရင် သွေးအေးသွားကြပြီထင်တယ်။လှုပ်ရှားမှုတွေ သိပ်မတွေ့တော့ ပေ။ site တွေ ပေါင်းစုံနေတော့ ဒီ steemit ကြီးကို စွန့်ခွာသွားတာ အပြစ်တော့မဆိုလိုပေ။အားလုံးပဲ ကိုယ်ဆီ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
Msc 262
ကိုယ်တွေတော့မစွန့်လွှတ်ပါဘူးvoteတွေလဲမမှော်ရဲပါဘူး
ဟားဟား ဆရာကြီးတို့မစွန့်လွှတ်မှ အဆင်ပြေမှာ
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch