သည်းခံမှု့ဆိုရာဝယ်
ရွာတစ်၇ွာရဲ့အနီးမှာရှိတဲ့စားကျက်ထဲမှာအလွန်အဆိပ်ပြင်းတဲ့မြွေတစ်ကောင်နေထိုင်လျက်ရှိတယ်။နွားကျောင်းသားတွေကအဒီမြွေကိုကြောက်လန့်နေကြတာကြော်င့်အလွန်သတိထားနေကြရတယ်။ တနေ့မှာ.......ရသေ့သူတော်စင်တစ်ပါးဟာအဲဒီမြတ်ခင်းပြင်ကိုဖြတ်ကျော်ခရီးသွားမည့်ဟန်ပြုနေတယ်။နွားကျောင်းသားတွေကမြင်တွေ့တော့ရသေ့ကြီးကိုဝိုင်းဝန်းဟန့်တားကြတယ်။
"အရှင်ရသေ့..........ဒီမြတ်ခင်းပြင်ကြီးကိုဖြတ်သန်းမသွားပါနဲ့။ဒီမြတ်ခင်းပြင်ထဲမှာအလွန်အဆိပ်ပြင်းတဲ့မြွေဆိုးကြီးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။အဒီမြွေကြီးနဲ့များမတော်တဆတွေ့ရရင်အရှင်ရသေ့မလွယ်ဘူးနော်။ဒုကရောက်သွားလိမ့်မယ်။အခြားလမ်းကသာကြွပါရှင်ရသေ့"
"အမောင်တို့.............ငါ့အတွက်ဘာမှစိုးရိမ်ပူပန်မနေကြပါနဲ့။ငါဟာမြွေကိုမကြောက်ပါဘူး။မင်းတို့ပြောတဲ့မြွေဆိုးကြီးကငါ့ကိုအနရာယ်ပေးနိုင်မှာမဟုတ်ပါဘူး။ငါ့မှာမြွေနိုင်ဂါထာရှိတယ်"
ဟုဆိုကာရသေ့ကြီးဟာသွားမြဲခရီးအတိုင်းမြတ်ခင်းပြင်ကြီးကိုဖြတ်ကျော်သွားနေပါတော့တယ်။နွားကျောင်းသားလေးတွေကတော့စိုးရိမ်ပူပန်စွာနဲ့ရသေ့ကြီးရဲ့ကျောပြင်ကိုငေးမောကြည့်ကာကျန်ရစ်ခဲ့ကြရတယ်။
မြတ်ခင်းထဲမှာနေတဲ့မြွေဆိုးကြီးက ရသေ့ကြီးကိုတွေ့လိုက်ရတော့ မာန်ထောင်ကြွပြီး ပါးပြင်းထောင်ကာ ကိုက်ပေါက်တော့မည့်ဟန်နဲ့ အမြန်ပြေးထွက်လာတယ်။ ရန်မူလိုတဲ့မြွေဆိုးကြီးကိုမြင်တော့ရှင်ရသေ့ဟာမြွေဆိုးကြီးကိုကြည့်ကာ ဂါထာမနန်ရွတ်ဖတ်လိုက်တယ်။
စောစောကဒေါသတကြီးနဲ့ရန်ဆောင်နေတဲ့မြွေဆိုးကြီး တဖြည်းဖြည်းနဲ့မာန်လျေ့လာတယ်။ နောက်ဆုံးရသေ့ကြီးရဲ့
ခြေရင်းမှာဝပ်ဆင်းသွားခဲ့ရတယ်။
"အသင် .... ဘာဖြစ်လို့ဒီလောက်တောင်ဒေါသတွေကြီးနေရတာလဲ။ သူတပါးကို ဘယ်အတွက် ရန်ရှာချင်ရတာလဲ။ သင့်ကိုမြင့်မြတ်တဲ့ဆုံးမစကားပြောလိုပါတယ်။ အဒီအဆုံးအမကိုလိုက်နာမယ်ဆိုရင်သင့်ရဲ့ဒေါသတရားတွေ ကွယ်ပျောက် သွားပါလိမ့်မယ်။"
ဆိုပြီးရသေ့ကြီးကပြောလိုက်တယ်။
သူတော်ကောင်းရဲ့စကားကြားလိုက်ရတဲ့မြွေဆိုးကြီးဟာသတိသံဝေဂ ၀င်သွားခဲ့ရတယ်။
" အရှင်မြတ် ..... ကျွန်ုပ်ဟာဒေါသမဖြစ်လိုတော့ပါ။ အရှင်မြတ်ရဲ့အဆုံးအမကိုနာယူလိုပါတယ်။ အမြန်သာဆိုဆုံးမပါတော့"
"သင်ဟာဒီနေ့ကစပြီးဘယ်သူ့ကိုမှရန်မရှာပါနဲ့။မည်သူ့ကိုမှမပေါက်နဲ့။ သည်းခံခြင်းဟာမြတ်တယ်။ သည်းခံခြင်းဟာမြတ်တယ်ဆိုတာအမြဲရွတ်ဆိုနှလုံးသွင်းနေပါတော့"
"ကောင်းပါပြီရှင်ရသေ့ကြီး"
မြွေဆိုးကြီး ဟာရသေ့ကြီးရဲ့အဆုံးအမကိုကောင်းမွန်စွာခံယူပြီးနောက် ...........
"သည်းခံခြင်းဟာ မြတ်တယ်။ သည်းခံခြင်းဟာ မြတ်တယ်။ "
ဆိုတာကို အမြဲရွတ်ဆို နှလုံးသွင်းနေလိုက်ပါတယ်။ မည်သူ့ကိုမှရန်မရှာတော့ဘူး။ အဆိပ်လက်နက်ကိုအားကိုးခြင်းမပြုတော့ဘူး။ မိမိကိုမိမိ တီတကောင်လို သဘောထားပြီး နေထိုင်ခဲ့ပါတယ်။
ရက်အတန်ကြာပြီးနောက် .........
နွားကျောင်းသားတွေဟာမြွေဆိုးကြီးနဲ့အမှတ်မထင်တွေ့ဆုံလိုက်ကြတယ်။ မြွေဆိုးကြီးဟာ အရင်ပုံစံမဟုတ်ဘဲ သူ့ဘာသိဘာသာ နေနေတာကိုတွေ့လိုက်ရတော့ အံ့အားသင့်နေကြတယ်။ ဘယ်လိုအချိုးဖြစ်နေပါလိမ့်ဆိုပြီးအဝေးကနေ ခဲတွေ တုတ်တွေနဲ့ ပစ်ပေါက်ကြည့်ကြတယ်။ ဟိုအရင်ကဆို အထိခံဖို့နေနေသာသာ လူမြင်လိုက်တာနဲ့ ကိုက်မယ် ပေါက်မယ် တကဲကဲလုပ် ရန်ထောင်တက်တဲ့မြွေဆိုးကြီးဟာ ခုတော့သစ်ကိုင်းခြောက်ကြီးလိုငြိမ်သက်နေတယ်။
နွားကျောင်းသားလေးတွေရဲ့ရန်စမှု့ကိုသည်းခံနေတယ်။
"ဟေ့.......ကြည့်ကြပါအုန်း။ ဟိုအရင်ကဆို တရူးရူးတရှဲရှဲ နဲ့ အင်မတန်ရန်စောင်ဒေါသကြီးတဲ့မြွေကြီး ဥပုဒ်စောင့်နေတာတော့ ဟုတ်ပုံမရဘူး။ နေမကောင်းဖြစ်နေပုံရတယ်။"
"ဘယ်ဟုတ်ရမှာလဲကွ ။ ဟိုတလောက လာသွားတဲ့ ရသေ့ကြီးနဲ့တွေ့ပြီး ငြိမ်သွားတာနေမှာ။ ဟုတ် မဟုတ် အနားတိုးပြီး တုတ်နဲ့ရိုက်ကြည့်ရအောင်"
"မသေချာဘဲ အတင့်မရဲကြနဲ့နော် တို့ရွာမှာ မြွေဆေးကုကောင်းတဲ့ဆရာမရှိသေးဘူး"
နွားကျောင်းသားလေးတွေဟာ တစ်ယောက်တစ်ပေါက် ပြေ ဆိုကြရင်းမြွေကြီးနားတိုးသွားကြတယ်။ မြွေကြီးဟာသူတို့ လာတာ မြင်ပေမယ့် ငြိမ်နေတယ်။ တုတ်တုတ်မျှမလှုပ်ဘူး။ တစ်ယောက်က တုတ်နဲ့ထိအောင်လှမ်းထိုးလိုက်တယ်။ မြွေကြီး က သည်းခံပြီးငြိမ်နေတယ်။
အဒီအချိန်မှာ ခပ်ဆိုးဆိုး နွားကျောင်းသားတစ်ယောက်က မြွေကြီးရဲ့ အမြီးကိုဆွဲကိုင်ကာ လေထဲဝှေ့ရမ်းပြလိုက်တယ်။ ပါးစပ်ကလဲအော်နေပြန်တယ်။
"ဒီမှာကြည့်ကြဟေ့ အဆိပ်မရှိတော့တဲ့မြွေကြီး တို့ကိုရန်မထောင်နိုင်တော့ဘူး။ ကြောက်ဖို့မလိုတော့ဘူး ရေမြွေကြီး ဖြစ်သွားပြီ။.......ဟားးးးးး...........ဟား............။"
နွားကျောင်းသားတွေအားလုံး တ၀ါးဝါး တဟားဟားနဲ့ သောသောညံအောင် ပျော်ရွှင်ရယ်မောနေကြတယ်။ မြွေကြီးကို ကိုင်ထားတဲ့နွားကျောင်းသားလေးဟာ လေထဲမှာဝှေ့ယမ်းပြီးတဲ့နောက် မြေပြင်ပေါ်ကိုင်ရိုက်လိုက်တယ်။ မြွေကြီးရဲ့ပါးစပ်ထဲက သွေးတွေယိုစီးထွက်ကြနေတယ်။ မြွေကြီးဟာ နာနာကျင်ကျင် နဲ့ ဝေဒနာပြင်းစွာခံစားနေရသော်လည်း ရသေ့ကြီးဆုံးမထားတဲ့ ........
"သည်းခံခြင်းဟာ မြတ်တယ်"
ဆိုတာကိုရွတ်ဆိုနှလုံးသွင်းနေလိုက်တယ်။ မြေပြင်ပေါ်မှာ စင်းစင်းကြီး ငြိမ်နေလိုက်တယ်။ ထို့နောက် သတိလစ်မေ့မြောသွားရတယ်။
မြွေကြီးသေသွားပြီဆိုကာ နွားကျောင်းသားတွေက မြတ်ခင်းပြင်ထဲကောက်ယူ လွှင့်ပစ်လိုက်ကြတယ်။ နောက် ခုမှပဲ သူတို့တွေ ဘေးကင်းကင်းနဲ့နွားကျောင်းနိုင်ကြပြီဆိုပြီး ထွက်သွားကြလေတယ်။ ညမိုးချုပ်မှမြွေကြီးသတိပြန်ဝင်လာတ ယ်။ နွားကျောင်းသားတွေ နှိပ်ဆက်ထားတဲ့ဒဏ်ကြောင့်သူနေထိုင်ရာ တောင်ပို့ကြီးဆီကို ပင်ပန်းကြီးစွာ ပြန်လာခဲ့ရတယ်။
အရိုးတွေကြိုး အသားတွေ ကြေနေတာမို့ အစာထွက်မရှာနိုင်ဘဲ တဖြည်းဖြည်း ပိန်ချူံးလာတာ အရိုးပေါ်အရေတင် ဖြစ်နေရရှာတယ်။နဲနဲကျန်းမာလာတဲ့အခါ နွားကျောင်းသားတွေနဲ့ထပ်တွေ့မှာစိုးလို့ နေ့ခင်းဘက် အစာရှာမထွက်ရဲတော့ဘဲ ညရောက်မှအစာရှာထွက်ရတယ်။
အစာရှာတော့လဲ ဆရာရသေ့ရဲ့ဆုံးမစကားနဲ့အညီ မည်သူ့ကိုမှရန်မရှာဘဲ ကြွေကျနေတဲ့ သစ်သီး သစ်ရွက်နဲ့ မြေမှုန့်တွေကို စားကာ တင်းတိမ်နေရတယ်။ ၀၀လင်လင် မစားရရှာဘူး။ မ၀ရေစာစားပြီးအသက်ဆက် နေရတယ်။
တစ်နှစ်ခန့်ကြာပြီးနောက် ..........
ရသေ့ကြီးဟာ မြွေကြီးနေထိုင်ရာ မြတ်ခင်းပြင်ဆီ ပြန်ကြွလာတယ်။ နွားကျောင်းသားလေးတွေနဲ့ဆုံတော့ မြွေကြီးအကြောင်း စုံစမ်းမေးမြန်းကြည့်တယ်။ မြွေကြီးဆိုတာနဲ့နွားကျောင်းသားလေးတွေက ၀မ်းသာအားရအဖြေပေးလိုက်ကြတယ်။
"နေစမ်းပါအုန်း မောင်ရင်တို့ မြွေကြီးကို ကြောက်နေရတယ် အနားတောင်မကပ်ရဲဘူးဆို "
"ဟိုအရင်တုန်းကတော့ မကပ်ရဲပါဘူး ကြောက်စရာသိပ်ကောင်းတာ ရသေ့ကြီးနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ အဒီ မြွေကြီးဟာ မြွေစွယ်ကျိုးသွားခဲ့တာပဲတပည့်တော်တို့လဲကိုင်ရိုက်သတ်ပစ်လိုက်ကြတာ"
ရသေ့ကြီးဟာ မြွေကြီးရဲ့ အဖြစ်ကိုကြားသိလိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်။ နောက်ခရီးဆက်ထွက်လာရင်း မြွေကြီး ရဲ့တောင်ပို့နားရောက်လာတယ်။ အားအင်ချည့်နဲ့ပြီး ဂီလာန ဖြစ်နေတဲ့ မြွေကြီးကိုတွေ့လိုက်ရတော့ ...................
"အသင်မသေဘူးနော် "
"ဟုတ်ပါတယ်ဆရာရသေ့။ မသိတက်တဲ့ မိုက်မဲတဲ့ နွားကျောင်းသားလေးတွေဟာ တပည့်တော်ကို မသေရုံတမယ် နှိပ်ဆက်ခဲ့ပေမယ့် သည်းခံခဲ့ခြင်းပါ။"
"ဟင်း.............မိုက်လှချည်လားကွာ။ မိမိကိုယ်မိမိ ကျရောက်မယ့်ဘေးအနရာယ်မှ ဘယ်လိုကာကွယ်အသက်မွေးရမယ် ဆိုတာ မင်း သိထားဖို့ကောင်းတာပေါ့။ ငါပြောခဲ့တာက မည်သူ့ကိုမှ ရန်မရှာနဲ့ မပေါက်ပါနဲ့လို့ ။ ခုဟာ မင်းကို တမင်သက်သက် ရန်လာစတဲ့ နွားကျောင်းသားလေးတွေကိုနဲနဲ ခြိမ်းခြောက်သင့်တာပေါ့။ ဘာဖြစ်လို့ ဟန်ကိုယ့်ဖို့မလုပ်ခဲ့တာလဲ လူဆိုးလူညစ်တွေကိုတော့သူတို့ရန်မှကာကွယ်တဲ့သဘော ခြိမ်းခြောက်ပေးရမယ်။ သူတို့အပေါ်မင်းရဲ့အဆိပ်သုံးပြီး ရန်မရှာခဲ့ဘူး မပေါက်ခဲ့ဘူးဆိုတာမင်းရဲ့ သည်းခံခြင်းမဟုတ်လား။ တရားမျှတတဲ့ ကာကွယ်မှု့တော့ သတ၀ါတိုင်းမှာလုပ်ပိုင်ခွင့်ရှိနေပါတယ်။"
ဆိုပြီး မြွေကြီးကိုပြစ်တင် ဆုံးမလိုက်ပါတော့တယ်။
ဘယ်တရားမျိုးမဆို အစွန်းရောက်သွားရင် အကျိုးမဲ့သာ ဖြစ်သွားတယ်ဆိုတာကို သတိထားကြရမှာပါ။