Sort:  

ဦးလေးဒီအပိုဒ်ကပိုပီးစိတ်ဝင်သားစရာကောင်းလာပြန်ပီဇာတ်သိမ်းကောင်းဖို့ဘဲလိုတော့တယ်ဟီးးးးးးးးဇာတ်သိမ်းလေးသွားဖက်ပီဦးလေး

ဇာတ်သိမ်းဖို့က ထင်သလောက်မလွယ်ပေဘူးကွယ်။

ဇာတ်လမ်း ထဲမှ မြှပ်ထားတာ ဂုဏ်သိက္ခာ တွေ ကြောင့် ငယ်ရွယ်တဲ့ အချိန် မှ ခဏတာ ဝေးခဲ့ပေမဲ့  ။ ငယ်က အချစ် နှစ်တရာ ဆိုတဲ့ စကားအတိုင်း အချစ်ဦးကို မေ့နိုင်ဖို့ ဆိုတာ သေဆုံး သွားတဲ့ အထိ ဖြစ်နိုင်မယ် မထင်ပါဘူး။ ချစ်ခြင်း မုန်းခြင်းတွေ မပါပဲ နဲ့ တောင် ငယ်ချစ်ဦးကို မေ့နိုင်ဖို့ မလွယ်ပါဘူး ပြန်တွေးတိုင်းရင်ထဲမှ ကြည်နူးလာသလို ဂုဏ်သိက္ခာ တွေကြောင့်မပြတ်သားခဲ့ တဲ့ ကိုယ်စိတ်ကိုလဲ အပြစ်တင်နေမိမယ်ထင်ပါတယ်။

ဝတ္ထုရေးရတာလည်း ကိုယ့်စိတ်ကို အတော်သတိထားရပါတယ်၊ ဒီမှာ နေရာမှာလဲ ကတိလိုက်မှုတွေရှိပါတယ်၊ ကိုယ့်ဇာတ်ပဲကိုယ်ရေးချင်သလိုရေးမယ်ကွာဆိုရင်ဇာတ်ကောင်တွေရဲ့စရိုက်ဟာ စာရေးသူရဲ့ စရိုက်လုံးလုံးဖြစ်သွားတတ်ပါတယ်၊ ရေးသူရဲ့စရိုက်ဟာ စာForm ရဲ့ Plan Sitting ပါသင့်တယ်၊ ဇာတ်ကောင်တိုင်းကို လိုက်မစွက်ဖက်သင့်ပါဘူး။ တစ်ချို့ဇာတ်ကောင်တွေဟာ မိမိဖန်တီးတာမှန်ပေမယ့် သူတို့ရဲ့ ဇာတ်ရုပ်စရိုက်ကို စာရေးသူက အတင်းလိုက်ဖန်တီးရင်ဇာတ်ပျက်သွားတတ်ပါတယ်၊ အဲဒါဝတ္ထုရေးသူများသတိထားရမယ့်အချက်ပါ။

ဆရာက ဝထ္ထု​ရေးနည်းကို ချပြလိုက်​​သလိုပါဘဲ။

ဒါဖတ်ရုံနဲ့ ရေးနည်းမဖြစ်သေးဘူး၊ စာရေးသူရဲ့ရည်ရွယ်ချက်၊ ထုတ်ဖ်ါပြသမှုတွေကိုရှာဖွေရသေးတယ်။

ဟုတ်​ကဲ့ပါ ဆရာ။ကြိုးစားပါမယ်​။

မိန်းကလေးတွေက ကိုယ့်ချစ်သူရှေ့ဆို သိပ်လှချင်ကြတယ်။ မှန်ကို ခနခနကြည့်ရတာအမော။
အချစ်နဲ့တွေ့တော့ နုပျိုသွားကြတယ် 😇

စာရေးသူက မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် မိန်းမတွေရဲ့ ပြုမူနေထိုင်တတ်ပုံတွေကိုသိဖို့လိုသလို၊ မိန်းမစာရေးသူတွေကလည်း ယောက်ျားတွေရဲ့ ပြုမူနေထိုင်ပုံစရိုက်တွေကို သိထားဖို့လိုတယ်၊ နောက်ဆုံးဒီနေ့ခေတ်မှာအသုံးပြုနေတဲ့ ခေတ်ပေါ်အသုံးအဆောင်အမည်တွေကအစပေါ့။

ဆရာလို​ရေးတတ်​ချင်​ပါတယ်

ဆရာလိုရေး တတ်ဖို့က ခဲယဉ်းလှတာမဟုတ်ပါ၊ါသနာကိုကြီးထွားလာအောင်မွေးမြုဖို့နဲ့ စိတ်ရှည်ဇွဲရှိဖို့ပဲလိုအပ်ပါတယ်။

အချစ်က အသက်အရွယ်နဲ့မဆိုင်ဘးဆိုတာကို ပေါ်လွင်းစွာမြင်ရပါတယ်ဆရာ

အသက်အရွယ်နဲ့မဆိုင်သော်လည်း ဂုဏ်သိက္ခာနဲ့တော့ဆိုင်တယ်ဗျာ။
ချစ်သင့်တိုင်းချစ်လို့မဖြစ်ဘူး။

ငယ်​ကချစ်​နှစ်တစ်ရာ​မေ့နိုင်​​ပေါ့ဆရာ...ချစ်​ခဲ့တယ်​ဆိုတဲ့ အတိတ်​က အရိပ်​တစ်​ခုလို​နေဝင်​တာ​ပျောက်​ကွယ်​သွားတတ်​တာ မျိုးမဟုတ်​​တော့ ပြန်​​တွေ့တိုင်းရင်​​တော့ ခုန်​မိမှာ​ပေါ့ ​နော်​...ဒါနဲ့ ဆရာသတ်​ပုံ​တွေကျ​နေတာ​တွေရှိတယ်​ခင်​​ဗျ..​နောက်​ပြီးဝတ္ထု​ရေးနည်းလည်းသိချင်​ပါတယ်​....ဇာတ်​​ကောင်​နဲ့ စရိုက်​​တွေကိုကြိုတင်​​ရေးချပြီးမှ ဇာတ်​လမ်းပုံ​ဖော်​ရတာမျိုးလားဆရာ....

ဟဲဟဲ မင်းတို့ကဆရာပြင်နေတုန်းဝင်ဖတ်ကြတာကိုး။ တစ်ပိုဒ်ချင်းလိုက်ပြင်နေရလို့ တင်တာကြာနေတာ။
ကိုက စာဖတ်သူကိုဘာအသိပေးချင်လဲ၊ အရင်စဉ်စား၊ဇျာန်ဝင်စားကြည့်၊ မရရင်နောက်ထပ်တစ်ခုစဉ်းစား၊ တစ်ခါတစ်လေ အကြောင်းအရာကိုရေးပြီးမှ ခေါင်းစဉ်ပေးရတာလဲရှိတယ်။ ခေါင်းစဉ်လေးကိုကြိုက်လို့ ဇာတ်ကြောင်းပေါ်လာတာလဲရှိတယ်။ ဝတ္ထုဆိုတာ တစ်ခါထျဲခရေးတစ်ခါတည်းတင်လို့မရဘူး၊ ရေးပြီးတစ်ပတ်လောက်တော့ပစ်ထားရတယ်၊ ပြီးမှပြန်ဖတ် လိုက်ပြင်ပေါ့။

ရယူလိုချင်းမရှိပဲ တကယ်ပဲ ချစ်နိုင်ကြသူတွေရှိသလား ဆရာ။ကျွန်တော်တော့ သံသယဖြစ်မိတယ် ဆရာ။

နောက်တစ်ပုဒ်မှာ အသေးစိတ်တွေ့ရမယ်၊ နဲနဲရှည်သွားလို့ရပ်ထားခဲ့ရတာ။ ရှိတာပေါ့။

အချစ်ကြာင်းကတော့မသိပါဘူးဆရာရယ်၊အချစ်ကြာင်းမသိလိဲု့စောစေီာီးးမိန်းမြီးသားလေးတစ်ယောက်ပါရနေတာပေါ့၊သိဲရင်ခုချိန်ထြီဲးဖြစ်နေုံှးာ။

တစ်ချို့ကလည်းရပြီးမှ အချစ်ကိုသိကြတာ၊ တစ်ချို့ကတော့ရပြီးမှ အချစ်ကိုတွေ့ကြတာ။

အချစ်ဝတ္ထုဆိုတာ ဒီလိုပါတဲ့ ။

အပျော်ဖတ်စာပေမှ ရသစာပေဆီသို့