Forex trading

in #myanmar6 years ago

ကိုယ့်ရဲ့ နေထိုင်ပုံကို သိပ်သဘောမတွေ့ဘူး။
အီလက်ထရောနစ် ဆာ့ကစ်တွေ တွေ့ရင်လည်း ငန်းလိုက်တာပဲ။
ပရိုဂရမ်ကုဒ်တွေ တွေ့ရင်လည်း ငန်းလိုက်တာပဲ။
ဒီဇိုင်းလှလှလေးတွေမြင်တော့လည်း ငန်းမိတာပဲ။
Forex trading ဆိုလည်း ဝင်ယောင်တာပဲ။

ကဗျာတွေတွေ့ပြန်တော့ ခံစားလိုက်ပြန်ရော။

အဲ့လို ဟိုမရောက် ဒီမရောက် ဘဲငန်းလိုဖြစ်နေလို့ပဲ။

ဘဲငန်းက
ရေဆိုလည်းကူးလိုက်တာပဲ
ငါးတွေလိုလားဆိုတော့မဟုတ်ပြန်ဘူး။

မိုးပေါ်ပျံဆိုတော့လည်း ပျံလိုက်တာပဲ
ငှက်တွေလိုလားဆိုတော့ မဟုတ်ပြန်ဘူး။

ကျနော်လဲ အဲလိုပဲ ဟိုမရောက် ဒီမရောက်နဲ့
သိပ်သဘောမတွေ့လှဘူး။

တစ်ခုခုကို ရွေးပါဆိုတော့
သူမကိုပဲ အတွေးထဲပေါ်လာတယ်။
ကဲဘယ်လိုလုပ်ရမလဲ 🤭🤣🤣

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 71238.88
ETH 2175.40
USDT 1.00
SBD 0.51