အဝေးက သင်္ကြန်

in #myanmar8 years ago (edited)

ဂိမာန်နွေဦး တာတခူးမှာ
ရွှေဝါရောင်တောက် ပန်းပိတောက်တို့
ဖူးပွင့်ဝေဆာ ပြည်မြန်မာကို
နှစ်သိမ့်ကျေနပ်
ဝေးတမြေက မှန်းဆ၍သာ
နှစ်နှစ်စ်လီလီ ရှိခဲ့ပြီ..။

ရေကြည်ဖျန်းပက် မဏ္ဍပ်ထက်ဝယ်
ငြိမ့်ညောင်းသာယာ တေးသံသာနှင့်
တူးပိုသံမြိုင် အလှပြိုင်လို့
ယိမ်းနွဲ့ကာက ပျိုနှမလည်း
မမြင်ရတာ ကြာခဲ့ပြီ...။

ဒါနအလှူ ဥပုတ်ယူရန်
ကျောင်းကန်ဘုရား အမြဲသွားတဲ့
ကျွေးသဖခင် ကျေးဇူးရှင်နှင့်
အန္တဂိုဏ်းဝင် မြတ်မိခင်လဲ
မတွေ့ရတာ ကြာခဲ့ပြီ..။

သို့ပေမယ့်လည်း..
ကျွန်ုပ်ရှိရာ ဤနယ်မြေမှာ

တောင်လေမမြူး ပိတောက်မဖူးလဲ
စိတ်ကူးလေးနဲ့ ရူးခဲ့သည်..။

ဥသြတွန်ကြူး ငုဝါမဖူးလဲ
တန်ခူးတေးနှင့် မြူးခဲ့သည်..။

နှင်းတွေမစဲ တိမ်မှောင်မဲလဲ
အတွေးလေးနှင့် နွဲခဲ့သည်...။

ကြင်ဖော်လဲဝေး မျှော်ကာငေးလဲ
အလွမ်းလေးနဲ့ ဆွေးခဲ့သည်..။
IMG_5129.JPG
Photo Credit by Google Image
Author@tthanthansoe(Steemit)

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.055
BTC 73904.77
ETH 2314.11
USDT 1.00
SBD 0.51