ကျွန်တော်တို့ ပုထုဇဉ် လူသားတွေဟာ ကောင်းမှု နဲ့ မကောင်းမှု ဆိုရင် မကောင်းမှုကိုဘက်ကိုသာ အလေးသာနေတာပါ။ဒါကြောင့် ဒီနေ့တော့ အလုပ်အရမ်းများတယ် ပင်ပန်းတယ် စသဖြင့် အကြောင်းပြချက်တွေနဲ့ အချိန်တွေကို ကုန်လွန်နေကြတာပါ။ကျွန်တော်ကိုယ်တိုင်လည်း တရားထိုင်တာကို ကောင်းမှန်းသိသော်လည်း နာရီဝက်..ဆယ့်ငါးမိနစ် စသည်ဖြင့် တက်မလာပဲ အချိန်တောင်လျော့ဆင်းနေတာ ယနေ့အထိ ဖြစ်နေတုန်းပါပဲအစ်ကို။အစ်ကိုမဟော်ပြောချင်တာနဲ့ တစ်ထပ်တည်းပါပဲခင်ဗျာ။
နောက်တစ်ခုက comment လေးပဲဆိုပြီး ပေါ့ပေါ့တန်တန် မထားသင့်တာ သိပ်မှန်ပါတယ်။အသေးအဖွဲ လေးတစ်ခုက အများကြီးပြောင်းလဲ သွားနိုင်တဲ့ သာဓကတွေရှိပါတယ်။ဒါအသေးအဖွဲလေးပါဆိုပြီး ပေါ့ပေါ့တန်တန်လုပ်မိတဲ့ အကျင့် တစ်ခါနှစ်ခါကနေ အကျင့်ဖြစ်ပြီး ပြင်လို့မလွယ်တဲ့အထိ အကျင့်ဖြစ်သွားတာပါ။ကိုမဟော်ရဲ့ postက စေ့ဆော်တိုက်တွန်းထားတာ ကောင်းလွန်းလို့ comment ပေးတဲ့သူတွေ ရေးတာ စာတွေအများကြီးဖြစ်နေပါပြီ။ဒီလောက်နဲ့ပဲ post လေးကို ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။လေးစားလျက်။
ကျွန်တော် cm ကိစ္စအတွေးကို တွေး ဖြစ်တာကကိုသန့်ကျေးဇူးပါ ။ကိုသန့်cmတိုင်းက ရေးသားသူကို တန်ဘိုးထားမှန်းသိသာစေပါတယ်။နောက်တစ်ခုထူး ခြားတာက ကိုသန့်cmဟာPostတစ်ခုလုံးရဲ့ အနှစ်ချုပ် ဖတ်ရသလိုရေးထားတာ။ကျွန်တော်အားတက်တာ အစ်ကို့တွန်းအားတွေ များစွာပါဝင်ပါတယ်။ကျွန်တော်ကလည်းလေးစားလျက်ပါ ကိုသန့်။