အကောင်းဆုံးဖြစ်အောင်လုပ်ပါ

in #myanmar6 years ago

ကျနော်ဘွဲ့ရပြီးခါစတွင် ရန်ကုန်မှာ အလုပ်လာလုပ်ရန်တက်လာခဲ့ပါသည်။ ဘာဝါသာပါလို့ ဘယ်လိုလုပ်ငန်းမျိုးကိုလုပ်ချင်သည်ဆိုသောတိတိကျကျမရှိပေ။ရွေးချယ်ခွင့်ဆိုတာလည်းမရှိလောက် အောင်ပဲ ရရာအလုပ်လုပ်နေကြရတာ အားလုံးအသိပင်ဖြစ်သည်။သို့အတွက်ကြောင့် ရရာအလုပ်တစ်ခု ကိုသာ လုပ်ကိုင်ရပေမည်။အလုပ်ရှာအေဂျင်စီမှလည်းအေလုပ်လျှောက်သည်။အင်တာဗျူးများလည်း ဖြေရသည်။ကိုယ်တိုင်လည်း အလုပ်အကိုင်ရှာဖွေရေးဂျာနယ်များမှ ပါသော ကုမ္ပဏီများများသို့လည်း အလုပ်လျှောက်ထားခဲ့သည်။

ကျနော်အလုပ်လျှောက်သောကုမ္ပဏီများထဲတွင် ပြည်တွင်း ထိပ်တန်းအဆင့်အောင်မြင်နေသော ကုမ္ပဏီ၊ပုဂ္ဂလိက ဘဏ်များလည်းပါဝင်သည်။ထိုအထဲမှ ဘဏ်တစ်ခုမှ အင်တာဗျူးဖြေရန် အကြောင်း ကြားလာခဲ့သည်။တော်တော်လေး ၀မ်းသာသွားတာပေါ့နော်။ကိုယ်လည်း လိုအပ်တာတွေ ကြိုတင်ပြင် ဆင်ထားရတော့သည်။

ကျနော်တို့သည် အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာ ရေးဖြေ ဖြေရသည်။ကွန်ပျူတာတတ် မြောက်ကြောင်း လက်တွေ့သုံးစွဲ ဖြေဆိုကြရသည်။အထွေထွေနှင့် အင်္ဂလိပ်စာ ကောင်းကောင်းဖြေဆို နိုင်သည်။ကွန်ပျူတာဖြေဆိုရာတွင် Excel မှာ Chart များဆွဲခိုင်းတာက တစ်ပိုင်း၊ မြန်မာစာစီခိုင်းတာက A4သုံးမျက်နှာစာကို စာရိုက်ပြရသည်။Excelကိုကောင်းကောင်းသုံးတတ်သော်လည်း မြန်မာစာစီတာကို အရင်လုပ်ခဲ့သည်။ထိုအချိန်က ကိုယ်ပိုင်ကွန်ပျူတာလည်းမရှိ။ကွန်ပျူတာ တတ်ထားလို့ မမေ့ချင်ရင် အင်တာနက်ဆိုင်မှာ တစ်နာရီ 400 ပေးပီးလေ့ကျင့်ရတာဆိုတော့ ကွန်ပျူတာနဲ့ထိတွေ့ရချိန်က အင်မတန်နည်းသည်။မြန်မာစာရိုက်နိုင်သော Speed မှာလည်း တော်တော်နှေးသည်။ကံဆိုးချင်တော့ ကျနော်စာရိုက်ရသော Microsoft Word ဆော့ဝဲလ်တွင် မြန်မာစာ”ဒ” ရိုက်မရသော Errorနဲ့ထပ်ကြုံရ ပြန်သည်။ပြန်ပြင်ရန်နည်းလမ်းကို သိသော်လည်း စာမရိုက်တာကြာတော့ ရုတ်တရက် သတိမရဘဲ မေ့နေတော့သည်။ခက်ပီ……။ဒီလိုချာလပတ်လည်ရင်းနဲ့ပင် ကွန်ပျူတာဖြေဆိုရန်ပေးထားသော အချိန် ပြည့်သွားတော့သည်။

ပြဿနာမျိုးစုံဖြင့် ကွန်ပျူတာဖြေဆိုခြင်းမှာ မအောင်မြင်နိုင်ကြောင်းသိထားသဖြင့် အလုပ်လည်း ရနိုင်မည်မဟုတ်ပါ။ဒါပေမဲ့ အခြားသော အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာ ရေးဖြေတွင် Essay မှအစ ကောင်းကောင်းမွန်မွန် ကြိုးစားဖြေခဲ့သည်။တစ်ခုမဖြေဆိုနိုင်သောကြောင့် အလုပ်မရတော့ပါဘူး ကွာဆိုပီး ဖြစ်သလိုပေါ့ပေါ့တန်တန် မပြုလုပ်ခဲ့ပါ။အစွမ်းကုန်ကြိုးစားပီး အကောင်းဆုံးဖြစ်စေရန် ဖြေဆိုခဲ့သည်။

အားလုံးဖြေဆိုပီးသည့်နောက်တွင် HRဌာနမှ GMမှ အဖြေလွှာများအား ကြည့်ပီးနောက် ကျနော်တို့ အင်တာဗျူးဖြေဆိုသူများအား စကားပြောလိုသေးသည်ဟုဆိုသည်။ပုံမှန်အားဖြင့်ဆိုရင် ယခုကဲ့သို့ စကားပြောလေ့မရှိကြောင်းနှင့် ယခုဖြေဆိုကြသည့်အထဲမှ ဖြေလွှာရှင်တစ်ဦး၏ Eassayအား ဖတ်ရသဖြင့် ပြောဆိုရန်စိတ်ကူးလေးရသောကြောင့်သာဖြစ်ကြောင်းပြောသည်။ထို့နောက် Eassay ပါ အကြောင်းအရာ အကျဉ်းအား ပြောပြလေသည်။

“ကျနော်သည် နယ်မြို့ကမိဘမဲ့ပရဟိတကျောင်းမှ ကြီးပြင်းလာသောလူငယ်တစ်ယောက်ဖြစ်ပါ တယ်။ ထိုကျောင်းမှ ဆယ်တန်းအောင်ပီးနောက် ကိုယ့်အားကိုယ်ကိုး ရပ်တည်ကာ ဘွဲ့တစ်ခု ရအောင် ကြိုးစား လာခဲ့သော လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ယခုဆိုရင် ရန်ကုန်ကဲ့သို့ မြို့ပြကြီးတွင် ကုမ္ပဏီ ကောင်းကောင်းတွင် အလုပ်ကောင်းတစ်ခုရရန် ကြိုးစားနေဆဲဖြစ်သော်လည်း မိမိကိုယ်ကိုကိုယ် ရပ်တည် နေနိုင်ပြီဖြစ်သည်။လက်ရှိခေတ်၏ မသိမဖြစ်အရေးပါသော အင်္ဂလိပ်စာနှင့်ကွန်ပျူတာ ပညာရပ်များလည်း အတန်သင့်နားလည်တတ်ကျွမ်းခဲ့ပြီးဖြစ်ပါသည်။ကွန်ပျူတာမတက်ခင်အချိန်တုန်းကဆိုရင်ခက်ခဲမည်ဟုထင်မိသည်။ငွေကုန်ကြေးကျများမည်။ကျနော်လိုရပ်ရွာနယ်ဒေသမိဘမဲ့ကျောင်းမှထွက်လာသူတစ်
ယောက်အဖို့တက်မြောက်ခွင့်ရရှိလိမ့်မည်မဟုတ်ဟုထင်ခဲ့မိသည်။ယခုတွင်မှုကျနော်အိမ်မက်တစ်ကယ်
ဖြစ်လာခဲ့သည်။ယခုကျနော်ကွန်ပျူတာတက်မြောက်သလိုပဲကျနော်နေခဲ့သောမိဘမဲ့ကျောင်းမှာ
ကျောင်းသားတွေ၊ရပ်ရွာဒေသမှကျောင်းသူကျောင်းသားတွေကိုပြန်ပြီးသင်ကြားတက်မြောက်စေချင်
တယ်။တက်ထားသည့်ပညာကိုပြန်ပြီးမျှဝေပေးချင်တယ်။ဒါဟာကျနော်စိတ်ထဲဖြစ်လာတဲ့ဆန္ဒလေးပါပဲ။
သို့တော်လည်းယခုတွင်မှုကျနော်ဆန္ဒမှာအကောင်ထည်မဖော်နိုင်သေးပေ။ပထမဦးဆုံးကိုယ့်ဘ၀ကို
ဒီထက်ပိုမိုခိုင်မာလာအောင်၊ကိုရပ်တည်နိုင်အောင်ကြိုးစားရပေဦးမည်။တစ်နေ့တွင်ဆန္ဒကိုအကောင်
ထည်ဖော်နိုင်လိမ့်မည် ဟုယုံကြည်ပါသည်။" ဟု Essay အကျဉ်းအား ဖတ်ပြပါသည်။

အက်ဆေးအားဖတ်ပြပြီးအဆုံးမှာတော့ကျနော်အင်မတန်ဝမ်းသာသွားသည်။အလုပ်မရနိုင်ဟုထင်ထား
သော်လည်းကိုယ်ရေးသားခဲ့သော၊ပြောဆိုခဲ့သောကြိုးစားမှုတစ်ခုကိုယခုလိုအသိမှတ်ပြုခြင်းကိုပြောမပြတက်အောင်ကြည်နူးမိသည်။အမှတ်တရဖြစ်မိသည်။GMမှဆက်လက်၍၄င်းအက်ဆေးပါအကြောင်းအ
ရာတိုင်းယနေ့မင်းတို့လိုလူငယ်တွေ ကိုယ့်ကိုယ်လည်းရပ်တည်နိုင်အောင်
ကြိုးစားသင့်ကြောင်းကိုယ်အောင်မြင်လာတဲ့အချိန်အဆင်ပြေလာချိန်တွင်
ဘ၀မမေ့သင့်ကြောင်းကြီးပြင်းခဲ့သောပတ်ဝန်းကျင်တိုးတက်အောင်ဆောင်ရွက်သင့်ကြောင်းတိုင်းပြည်နှင့်လူမျိုးတိုးတက်အောင်ကြိုးစားသင့်ကြောင်းပြောခဲ့ပါသည်။

ထိုဘဏ်တွင်အလုပ်မရခဲ့ပါဘူး။သို့သော်ကျနော်ကျေနပ်ပါတယ်။အတွေ့ကြုံသစ်တွေလည်းရခဲ့ပါတယ်။ရှေ့လျှောက်ဘ၀တွင်ဘာပဲလုပ်လုပ်၊သေးသေးဖွဲဖွဲပင်ဖြစ်ပါစေပေါ့ပေါ့တန်တန်မလုပ်ပဲအကောင်းဆုံး
ဖြစ်အောင်ကြိုးစားလုပ်ကိုင်ရမယ်ဆိုတဲ့၊ယုံကြည်မှုတစ်ခုရရှိခဲ့လေသည်။

ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်ခဲ့မည်ဆိုလျှင်ဖြင့် မိမိကိုယ်ကိုကိုယ် အားရကျေနပ်နေပါလိမ့်မယ်။ဤကဲ့သို့ ကြိုးစားလုပ်ကိုင်တတ်သော အလေ့အထသာ စွဲမြဲသွားလျှင် ရှေ့လျှောက်ဘ၀လမ်းခရီးကိုဖြတ်သန်းရာတွင် မိမိ၏အရည်အချင်းသည်လည်း တဖြည်းဖြည်းနဲ့ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ဘ၀ရပ်တည်မှုလမ်းကြောင်း ပိုမိုခိုင်မာလာတော့မည် ဖြစ်ပါသည်။ဒါကြောင့် လက်ရှိ steemit တွင် ကြိုးစားလုပ်ကိုင်နေကြသော လူငယ်များသည်လည်း ငွေကြေးတစ်စုံတရာ ရရှိဖို့အတွက်သာအားရုံမစိုက်ဘဲ မိမိလုပ်သောအရာတစ်ခုကို အဆုံးစွန်သော ဇွဲလုံ့လဖြင့် အကောင်းဆုံးဖြစ်အောင်ကြိုးစားသင့်ကြောင်း steemit ကိုလုပ်ကိုင်ရင်းဖြင့် မိမိတို့၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်လာမှုကိုသာ ရှေ့ရှူ့သင့်ကြောင်း စကားလက်ဆောင်ပါးလိုက်ပါသည်။

အားလုံးပဲ Steemit တွင်အောင်မြင်ကြပါစေ!
ကျေးဇူးတင်ပါသည်

Photo; Google Image
Some character and Stories are fictions
Written By;
ဗစ်တာ
@victorzayyar

Sort:  

ဟုတ်ကဲ့ပါခင်ဗျာ ကြိုးစားနေပါတယ်ခင်ဗျာ ခွန်အားဖြစ်စေသော စာလေးအတွက် ကျေးဇူးပါခင်ဗျာ

ဟုတ်ကဲ့ပါ
လာရောက်အားပေး ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

ကောင်းပါတယ်၊လူတိုင်းတွက်အတွေ့အကြုံလေးတွေကဘဝတွက်သင်ခန်းစာတွေလို့မှတ်ယူနိုင်တာအကောင်းဆုံးပါ

Good message !

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61670.63
ETH 3448.98
USDT 1.00
SBD 2.51