Family

in #myanmar7 years ago (edited)

Family

"​ယောက်ျား​ရေ.
မိန်းမက အခုမှ​သွေးလှူထား​တော့ မလှုပ်​ချင်​ဘူး.
နုန်း​နေလို့ အိပ်​ယာထဲလှဲလိုက်​အုံးမယ်
သားကို​ရေချိုး​ပေးလိုက်​ပါ..."

ကိုယ်​တိုင်​က ကျန်းမာ​ရေးချူချာသူဖြစ်​​ပေမဲ့
ကျွန်​​တော့်​ဇနီးက​တော့ ကျန်းမာ​ရေး​ဒေါင်​​ဒေါင်​မြည်​သူလို့ ​ဆိုနိုင်​တယ်​.
အိမ်​​ထောင်​သက်​ ၆ နှစ်​၀န်းကျင်
ကိုယ့်​သား​လေး​​တောင် ၃ နှစ်​ရှိ​တော့မယ်
သူဖျားတယ်​ နာတယ်​ တစ်​ခါမှမကြုံဖူးခဲ့..
ကိုယ်​ချည်းပဲ​ ​နေမ​ကောင်းဖြစ်​ဖြစ်​​နေလို့ သူကဒိုင်​ခံပြုစုရပါတယ်​.
ဒီမနက်​တော့ ကိုယ့်​မိတ်​​ဆွေ ပရဟိတအသင်းက
သွေးလိုတယ်​ဆိုတာနဲ့ သူ​သွေးလှူလိုက်​လို့ နုန်း​နေတာပါ..

"အို​ကေ..ချစ်​..​ယောကျာ်း သား​လေးကို ​ရေချိုး​ပေးလိုက်​မယ်​."

ဇနီးသည်​ကလှုပ်​လဲ့ လှုပ်​လဲ့နဲ့ အခန်းထဲ ၀င်​သွားတယ်​....
ကျွန်​​တော်​က ​ခပ်​လှမ်းလှမ်းမှာ​ဆော့​နေတဲ့ သား​လေးကို
"သား​ရေ ​ရေချိုးမယ်​​ဟေ့" လို့ လှမ်း​ခေါ်လိုက်​ပါတယ်​...

သားက ကျွန်​​တော့်​အနားကို​ပြေးလာပြီး
"​ရေ​အေး​အေးနဲ့ ချိုးဘု​နော်​.
ရေ​နွေး​နွေးနဲ့ ချိုးမယ်​​ ပေ​ပေ"

"အို​ကေ ​ဖေ​ဖေ ​ရေ​နွေး​လေးနဲ့ချိုး​ပေးမှာ​ပေါ့..လာ"
ကျွန်​​တော်​ သားကို​ရေချိုးခန်းထဲ​ခေါ်သွားပြီး
ရေ​နွေးအ​နေ​တော်​​လေးရ​အောင်​စပ်​​ပေးလိုက်​တယ်​..

"သား​ရေ ​ရေ​နွေးရပြီ​ဟေ့ အင်္ကျီချွတ်​မယ်​.."

သားက အနားကို လုံးကျစ်​လုံးကျစ်​နဲ့​ရောက်​လာပြီး.
"​ရေဘုံးက တစ်​ဘုံးထဲဟုတ်​ပု ​ပေ​ပေ..
တားတား အတွက်​ တစ်​ဘုံး
ပေ​ပေအတွက်​ တစ်​ဘုံး"

"​ရေကို နှစ်​ဘုံး ခွဲထည့်​​ပေးရမှာလားသားသား​"

"ဟုတ်​"

ကျွန်​​တော်​ ​ရေကို နှစ်​ဘုံး ခွဲပီးထည့်​​ပေး​လိုက်​တယ်​..
ပြီး​တော့ ​ရေတစ်​ခွက်​ကို သား​ပေါ်​လောင်းလိုက်​တယ်​..
နောက်​တစ်​ခွက်​​လောင်းဖို့ ​ရေခပ်​​နေတုန်း သားက ကျွန်​​တော့်​ကို
မေးတယ်​..

"​ပေ​ပေ ​ပေ​ပေ ချူပါညင်း က ဘာချား"
"သား​ပြောတာ ​ဖေ​ဖေ နားမလည်​ဘူး သား.
ပြီးမှ​မေ​မေ့ကို​ ​မေး​နော်​"
"ဗြဲ.....ဗြဲ....ဗြဲ..."

သားငိုသံ​ကြောင့်​ ဇနီးသည်​က အခန်းထဲက​နေလှမ်း​အော်​တယ်​..
"သား ဘာဖြစ်​လို့ ငို​နေတာလဲ ​ယောက်ျား ​ရေ .."
"ချူပါညင်း က ဘာချား လို့​မေးတာ ကိုက နားမလည်​ဘူး​ပြောလို့တဲ့"
"အဲ့ဒါ စူပါမင်းက ဘာစား လို့ ​မေးတာ..
သူ​တစ်ခွန်း​​မေးတာကို တစ်​ခွန်း​ဖြေ ..
ပြီးမှ ​ရေတစ်​ခွက်​​လောင်း..
မဟုတ်​ရင်​ ငိုလိမ့်​မယ်​.."

"​အော်​..ဒီလိုလား...ok ok..
သား​ရေ..ငိုနဲ့ ငိုနဲ့..တိတ်​ တိတ်​..
စူပါမင်းက ထမင်းစားတာ သားရဲ့.."

ကြည့်​စမ်း ..ခုနက ​အော်​ငိုနဲ့ က​လေး ချက်​ခြင်းတိတ်​သွားတယ်​..
ကျွန်​​တော်​က ​ရေတစ်​ခွက်​​လောင်း လိုက်​တယ်​..

"​ပေ​ပေ ဘတ်​မန်းက ဘာချား"
"ဘတ်​မန်းက ထမင်းစားတယ်​သားရဲ့"
ရေတစ်​ခွက်​​လောင်းလိုက်​တယ်​..

"​ပေ​ပေ ဂုန်​က ဘာချား"
"ဟမ်​..ဘာလဲ သား​ပြောတာ ဘာ"
"ဂုန်​ ​ ဂုန်​ ဂုန်​ကဘာချား"

ပြဿနာပဲ ..ဂုန်​ဆိုတာ ဘာပါလိမ့်​..
မိန်းမကို စစ်​ကူ​ခေါ်ရတာ​ပေါ့..
"မိန်းမ​ရေ..ဂုန်​ ဆိုတာ ဘာလဲဟ"
"ဂဠုန်​ လို့​ပြောတာ ​ယောက်ျား​ရေ.. "

(​အော်​... ဒီလိုလား....)

"ဂဠုန်​က နဂါးကိုစားတာ သားရဲ့"
ရေတစ်​ခွက်​​လောင်း ဆပ်​ပြာဗူးကိုယူ ဆပ်​ပြာတိုက်​လိုက်​တယ်​..

"​ပေ​ပေ နဂါးက အနတ်​ပါဝူးလား"
"ဘာလဲ သား အနတ်​ဆိုတာ.."
"အနတ်​​လေ ​ပေ​ပေ အနတ်​ ဒိုင်းဒိုင်း"
အော်​..​သေနတ်​လား သားရဲ့ နဂါးမှာ ​သေနတ်​မပါဘူး​လေ"

ဆပ်​ပြာတိုက်​ပြီး​တော့ ​ရေတစ်​ခွက်​​လောင်းလိုက်​တယ်​..
"​ပေ​ပေ ​ပေ​ပေ ကျား က ဘာချား"
"သမင်​ကို စားတာ သားရဲ့"
ရေတစ်​ခွက်​​လောင်း...

"သမင်​ က ဘာချား"
"မြက်​ကိုစားတာသားရဲ့"
ရေတစ်​ခွက်​​လောင်း...

စသည်​ဖြင့်​ ​မေးခွန်း​ပေါင်းများစွာ​မေးပြီး​တော့ ​ရေချိုးလို့ပြီးသွားပါတယ်​.
ကျွန်​​တော်​လည်း သားကိုသဘတ်​​လေးနဲ့ထုတ်​ပြီး အိမ်​ထဲ​ခေါ်လာတယ်​..
သားကို သဘတ်​နဲ့​ရေသုတ်​ပြီး​တော့
အင်္ကျီဝတ်​​ပေးမယ်​လုပ်​​ရော သားက
အိမ်​ထဲမှာ​ဂွေးတန်းလန်း​လေးနဲ့ ပတ်​​ပြေးပါ​တော့တယ်...

ကျွန်​​တော်​လိုက်​ဖမ်း​တော့ ချက်​ခြင်းမိပါတယ်​..
သူ့ကိုဖမ်းမိ​တော့ ​အော်​ငိုပါ​လေ​ရော..
"ဗြဲ....ဗြဲ.....ဗြဲ...."
"ဟို သားအဖ​တွေ ဘာဖြစ်​​နေတာတုန်း.."လို့
အခန်းထဲက ​ဇနီးက လှမ်း​အော်​တယ်​..

"မင်း သားက ထွက်​​ပြေး​နေလို့ လိုက်​ဖမ်းတာ
မိသွား​တော့ ​အော်​ငို​နေ​ရော.."
"ချက်​ခြင်းမိအောင်​မဖမ်းနဲ့​လေ..
ဧည့်​ခန်းတစ်​ပတ်​လာက်​ လွှတ်​​ပေးပြီးမှ မမှီမကမ်းပုံစံနဲ့ဖမ်းလိုက်​"
(​အော်​....ဒီလိုလား...)

သားသား စိတ်​​ကျေနပ်​​အောင်​ ထွက်​​ပြေးခိုင်းပြီးမှ ပြန်​ဖမ်းရတယ်​..
အဲ့ဒီ​တော့မှ ခိုးခိုးခစ်​ခစ်​နဲ့ တွန့်​လိန်​ပြီး ပါလာတယ်​.
အင်္ကျီဝတ်​​ပေးပြီး​တော့ သနပ်​ခါးလူး​ပေးတယ်​..

ကျွန်​​တော်​ သားကို သနပ်​ခါးလူး​ပေး​နေတုန်း ဇနီးသည်​က
အခန်းထဲက လှမ်း​ပြောတယ်​..

"သားကို သနပ်​ခါးလူး​ပေးပြီးရင်​ ​ခြောက်​သွား​အောင်
ပါးနှစ်​ဖက်​ကို ​လေနဲ့မှုတ်​​ပေးလိုက်​..ယပ်​မခတ်​နဲ့..
အ​အေးပတ်​သွားလိမ့်​မယ်​..
သနပ်​ခါး​ခြောက်​သွားရင်​ သူ့ပါးတင်း​နေလို့ ပါးစပ်​ကို
ဟစိ ဟစိလုပ်​လိမ့်​မယ်​..အဲ့လိုပါးစပ်​က ဟစိဟစိလုပ်​​နေရင်းနဲ့
ဇွန်းဘီးကြီးဖြစ်​သွားပြီ​နော်​ ဆိုပြီး ကို့ကို လိုက်​ကိုက်​လိမ့်​မယ်​..
ကိုက အမ​လေး​ကြောက်​လိုက်​တာဆိုပြီး အခန်းထဲ​ပြေးလာလိုက်​..
သူကအခန်းထဲလိုက်​လာလိမ့်​မယ်​..
အခန်းထဲေ​ရာက်မှ​သူ့ကို သိပ်​လို့်ရမှာ..."

ဟုတ်​ပါတယ်​..ကွက်​တိပဲ..
သနပ်​ခါးလည်း ​ခြောက်​သွား​ရော
"တားတားက ဇွန်းဘီးကြီးဖြစ်​သွားပြီ​"
ဆိုပြီး ကျွန်​​တော့်​ကို လိုက်​ကိုက်​ပါ​တော့တယ်​..
ကျွန်​​တော်​က အမ​လေး ​ကြောက်​လိုက်​တာ ဆိုပြီး ထွက်​​ပြေး​တော့
သူက ပိုလိုက်​ပါတယ်​..
ကျွန်​​တော်​က အိပ်ခန်းထဲ ၀င်​ပြေး​တော့
သားသားကလည်း အိပ်​ခန်းထဲအထိလိုက်​တယ်​..
အိပ်​ခန်းထဲ​ရောက်​မှ ဇနီးသည်​က ကျွန်​​တော့်​ကို
"ကိုက အကိုက်​ခံလို​​က်​​တော့" လို့​ပြောမှ
ကျွန်​​တော်​က ရပ်​လိုက်​​တော့ သားက လာကိုက်​ပါတယ်​..
"​ပေ​ပေ ဇွန်းဘီး ကျစ်​တွားပီ..​ပေ​ပေ ဇွန်းဘီး ကျစ်​တွားပီ"ဆိုပြီး
သူ​ကျေနပ်​သွားပါတယ်​..

ပြီး​တော့မှ သူ့အ​မေရင်​ခွင်​ထဲသွားပြီး နို့စို့ရင်း အိပ်​​နေပါ​တော့တယ်​..
ကျွန်​​တော်​လည်း ​တော်​တော့်​ကို ​မောသွားပါတယ်​..

အိမ်​​ရှေ့မှာထွက်​ထိုင်​ရင်း အိမ်​​ထောင်​ရှင်​မ​တွေရဲ့
တစ်​​နေ့တာ အလုပ်​​တွေကို ပြန်​​တွေး​နေမိတယ်​..
မနက်​မိုးလင်းတာနဲ့ ​​ဈေးသွား...မီးဖိုထဲ လှုပ်​စိ လှုပ်​စိနဲ့ ထမင်းချက်​..
အ၀တ်​​တွေ​လျော်​..အိမ်​သန့်​ရှင်း​ရေးလုပ်​..
က​လေးကိစ္စ​တွေလုပ်​ ..မီးပူတိုက်​..
ကျွန်​​တော်​​တို့ ​​ယောက်ျား​တွေအမြင်​မှာ လွယ်​လွယ်​​လေးလို့ထင်​ထားတာ..

ငါတို့က အပြင်​ထွက်​စီးပွားရှာ​နေတာကွ..ပင်​ပမ်း​တယ်​..
မင်းတို့လို အိမ်​မှာ​အေး​အေး​ဆေး​ဆေး ​နေ​နေရတာမဟုတ်​ဘူးဆိုတဲ့
စကားမျိုးကို ​ယောက်ျား ၁၀ ​ယောက်​မှာ ၇ ​ယောက်​​လောက်​မက
ပြောဖူးမှာပါ..
(ကျွန်​​တော်​လည်း ​ပြောခဲ့ဖူးတယ်​)
အခု​တော့ သားကို ​ရေချိုး​ပေးတာ တစ်​ခုထည်းနဲ့တင်
အ​တော်​​လေး ​မော​နေပြီ..
တကယ်​​တမ်း အိမ်​​ထောင်​တာဝန်​မှာ သူ့ဟာနဲ့သူ
မောလှပါတယ်​..ဒါကို တစ်​ဦးနဲ့ တစ်​ဦး စာနာနားလည်​မှုမရှိရင်​​တော့
မောရတဲ့ကြားထဲ အိမ်​​ထောင်​​ရေးဟာ ပမ်းသွားတတ်​တယ်​..

(အိမ်​​ထောင်​တစ်​ခုဟာ ချစ်​ခြင်းမေတ္တာနဲ့စပြီး နားလည်​မှုနဲ့
အဆုံးသတ်​မှ အိမ်​​ထောင်​​ရေးသာယာတယ်​လို့ ကြားဖူးတယ်​)

ကျွန်​​တော်​တို့​ယောက်ျား​တွေဟာ အလုပ်​အ​ကြောင်းပြပြီး
မကြာခဏ အပမ်း​ဖြေ​လေ့ရှိပါတယ်​..
KTV သွားမယ်​..ဘီယာ​သောက်​မယ်​..စသည်​ဖြင့်​​ပေါ့..
အိမ်​​ထောင်​​ရေးမှာ ကျွန်​​တော်​တို့ပဲပင်​ပမ်းတာမှမဟုတ်​တာ.
ဇနီးသည်​​တွေခမျာလည်း ပင်​ပမ်းတာပဲဆိုတာ​မေ့ထားလို့မရပါဘူး..

တစ်​​နေ့ တစ်​​နေ့ မီးဖို​ချောင်​ထဲမှာ တကုပ်​ကုပ်​နဲ့ ချက်​ပြုပ်​​နေရ ပြီး
က​လေး​ဝေယျာဝစ္စ​နဲ့ပဲ အချိန်​ကုန်​​နေရှာတဲ့
ဒီဖက်​တီးပုပ်​ ၀တုတ်စိန်​​​လေး​တွေကို ကျွန်​​တော်​တို့
စာနာ နားလည်​ပြီ အပမ်း​ဖြေခွင့်​ပြုကြရ​အောင်​...

သူတို့​တွေကို ရံဖန်​ရံခါ
သူတို့သူငယ်​ချင်းများနဲ့ ​ဈေးဝယ်​ထွက်​တာ
ရုပ်​ရှင်​သွားကြည့်​​တာ
မုန့်​ဝယ်​စားကြတာ​တွေကို ခွင့်​ပြု​ပေးလိုက်ယုံမျှနဲ့
မိတ်​​ဆွေရဲ့အိမ်​​ထောင်​​ရေးဟာ အင်​မတန်​သာယာစို​ပြေ​သွား​စေမှာ
ဖြစ်​​ကြောင်း ရဲရဲကြီးအာမခံပါတယ်​..

အိမ်​​ထောင်​သည်​မိန်းမ​တွေဟာ အပျိုတုန်းကလို ပိုက်ဆံ​မသုံး​တော့ပဲ
အ၀တ်အစားဝယ်ရင် ​​​​​Discount အထည်​များသာဝယ်​ပြီး
အစားအ​​သောက်စားရင်လည်း
တန်​မှတန်​ အ၀စား ဘူ​ဖေးများသာစားလို့
သူတို့တစ်​​နေကုန်​သုံးစာရိတ်​ဟာ ကျွန်​​တော်​တို့
KTV နှစ်​ချိန်​စာ​တောင်​မရှိ​ကြောင်းပါ.....(ကိုယ်​​တွေ့)

တစ်​ခုသတိထားမိတဲ့အချက်​က​တော့
အိမ်​​ထောင်​ရှင်​​မေ​မေတို့ ​Shopping ထွက်​တိုင်း
သူတို့ဖို့ အင်္ကျီတစ်​ထည်​၀ယ်​ရင်​ အမျိုးသားအတွက်
တစ်​ထည်​ ၊ သားသမီးအတွက်​ ၂ ထည်​ကျိန်း​သေ၀ယ်​လာပြီး
သူတို့ အစားအစာတစ်​ခုဝယ်​စားတိုင်း ၀ယ်​စားတိုင်း
အိမ်​က​မောင်​ကြီးနဲ့ သားသမီးကြိုက်​တဲ့အစားအစာ​လေး​တွေပါ
အပိုဝယ်​၀ယ်​လာတတ်​​ကြောင်း ကျွန်​​တော်​တို့သတိထားကြည့်​ရင်
ကြည်​နူးစရာ​တွေ့လာရပါလိမ့်​မယ်​ခင်​ဗျာ....

................

Wai Hin Oo
HFS-B12

Sort:  

အရမ်း good လို့  ဘယ်စကားမန့် ရမလဲ မသိဘူး

 Thank @meechit​​​​ 

Post တိုင်းကို vote ထားတ​​တွေ့ တယ်​..​ကျေးဇူးပါ@shwebote

Sneaky Ninja Attack! You have been defended with a 0.81% vote... I was summoned by @waihinoo! I have done their bidding and now I will vanish...Whoosh

ကိုဝေဟင်ရေgood post လို့ပဲ direct ပြောပါရစေဗျာ

Good ရင်​ပြီးတာပါပဲဗျာ

😭😭😭

😭😭😭

You got a 0.84% upvote from @allaz courtesy of @waihinoo!