တမ်းတ လွမ်းဆွတ်ခြင်း

in #myanmar8 years ago

စွဲမက်စရာကောင်းတဲ့
ပန်ချီကားတစ်ချပ်
ငါ့ကို အချိန်တိုင်းပြုံးပြနေတော့
အိမ်မက်ဟောင်းလေးထဲ
ကျန်ရစ်ခဲ့တဲ့ နှလုံးသားအတိတ်ကို
တမ်းတ လွမ်းမိလာတယ်

ဓူဝံကြယ်က တလဲ့လဲ့
ငါ့ကို လှည့်စား
ခုနှစ်စဉ်ကြယ်
မာယာတွေသုံးပြီး
အမြီးထောင်ပြနေတော့
ဒီည ……ငါ့ရဲ့
အိပ်စက်ချိန်တွေက
အလွမ်းနဲ့ဘဲ
ဖြေသိပ့်ရဦးမလား

ညရဲ့ကောင်းကင်ယံထက်
ကြယ်တာရာလေးတွေက
ငါ့ရဲ့လွမ်းဆွတ်ခြင်းတွေနဲ့အတူ
ကြွေကျရတော့မယ်။
image

Wai Zin Thwe (Ma Alingatei)
MSC - 104

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.076
BTC 74638.25
ETH 2354.37
USDT 1.00
SBD 0.51