ကျနော့်ကောင်မလေး

in #myanmar6 years ago

ကျနော့်ကောင်မလေး
သစ္စာရှိလား မရှိဘူးလား?
တွဲခဲ့တဲ့သက်တမ်း 4.နှစ်လုံးလုံး
သူမ မသိအောင် တိတ်တိတ်လေး
စမ်းသပ်ခဲ့ဖူးပါတယ်။

လက်ဖျားခါလောက်အောင်ကို
သူမ ကျနော့်အပေါ် ရိုးသားခဲ့ပါတယ်
ရအောင် ရှောင်ခဲ့တိမ်းခဲ့ ရုန်းထွက်ခဲ့ပါတယ်
တစ်ခါတစ်ရံ ယောင်လို့တောင်မှ
ကျနော် ထင်သလို 
ဖောက်ပြန်မှုမျိုး မကျူးလွန်ခဲ့ပါဘူး။

အမှန်အတိုင်း ဝန်ခံရရင်
သူ့နေရာမှာ ကိုယ်သာဆို
အဲ့လို သမာဓိအားကောင်းပါ့မလား?
အဖြေရှာဖို့ ခက်ခဲ ခဲ့ရပါတယ်
ဘာကြောင့်လဲဆို ခုခေတ်က
မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း
သစ္စာမဲ့ဖို့ မှားဖို့ သိပ်ကို လွယ်နေလွန်းလို့ပါ။

ဖုန်းနံပါတ် အစိမ်းတစ်လုံးနဲ့
Surprise တွေလုပ် Q တယ်...
မွေးနေ့ တစ်နှစ်မှမပျက်ဘူး Bd wish လုပ်တယ်
မနက်အိပ်ယာထ နေ့လယ်ထမင်းစားချိန်
ညအိပ်ယာဝင်ခါနီး အမျိုးမျိုး အဲ့ဖုန်းစိမ်းနဲ့
သူမဆီ မက်ဆေ့ခ်ျ ပို့တယ်
Morning / Goodnight / သတိရတယ်
လှည့်ပတ် ပို့တယ် ကျနော်လည်း ဇွဲမလျှော့ဘူး
တစ်ရက်မပျက်ပို့တာ 4.နှစ်လုံးလုံး ဆိုပါတော့။
သူမ သိပ်ရိုးသားတာ အဲ့ မက်ဆေ့ခ်ျ မှန်သမျှ
ကျနော့်ကို အကုန်ပြန်ပြတာ တစ်ခါမှ Reply
ပြန်တာမျိုး မရှိခဲ့ဘူး။
ဖုန်းပါးဝ ကျွမ်းကျင်လို့ နပ်နေတယ်ဆိုရအောင်
သိရသလောက်က သူမက Computer ကိုသာ
Level အမြင့်ဆုံး သင်ယူတတ်မြောက်ထားတာ
Test ဖုန်းကျ လိမ့်ပတ်လည်အောင်
သုံးတတ်တာမဟုတ်ဘူးရယ်။
ကိုယ်တွေ Boy တော်တော်များများသာ
မသိတဲ့ နံပါတ်အစိမ်းနဲ့ လာ Q ကြည့်ပါလား?
( အဲ့ခေတ်အဲ့အခါကပြောတာပေါ့နော် )
ပြန် Q ပြီးသားပဲ စိတ်မပါရင်တောင်မှ
တစ်ကိုက်လောက် တစ်တို့လောက်မြည်းပြီးသား
စကားရော ဖောရောနဲ့ ပြန်အီပြီးသားပဲလေ။ image
သူမ မရိပ်မိအောင်
Facebook acc တစ်ခု ခိုးဖွင့်တယ်
ဖိလစ်ပိုင်က ခပ်ချောချောမင်းသားပုံတွေ
ရုပ်တည်နဲ့ Save လာ ပြီးတာနဲ့
ကိုယ့်ပုံလိုလို Profile pic မှာတင်ထားတယ်
မြန်မာရုပ်နဲ့ဖိလစ်ပိုင်ရုပ်
သိပ်ကွဲပြားတာမှ မဟုတ်တာလေ။
သူမနဲ့ Fri မဖြစ်ဖြစ်အောင်လုပ်တယ်
မှတ်မှတ်ရရ Fri ဖြစ်ဖို့တောင်
အတော်စောင့်ယူလိုက်ရတယ်လေ။
ပုံတင်တဲ့အခါ သူမကလွဲလို့ပေါ့
ခပ်ပိန်းပိန်းကောင်မလေးတွေဆီက
ကြွေပြီလေ ချောလိုက်တာ ချစ်တယ်
မစ်ယူ add me တွေ စုံနေတာပဲရယ်
Love reacted တွေများမြင်မကောင်းဘူး
ကျိတ်ရယ်ချင်မိတယ် ဖိလစ်ပိုင်မင်းသားပုံကိုများ။
ကျနော် သူမကိုသိပ်ချစ်တာလည်း မပြောနဲ့...
သူမဆီကအသဲပုံတွေ
အီစီကလီမန့်တွေရဖို့ အနေသာကြီး
ရိုးရိုး Like တစ်ချက်မရခဲ့ဖူးပါဘူး။
ကျနော်ကလည်း သိတယ်မှတ်လား
Psycho သမား သဝန်တို အူတိုသမားလေ
ကိုယ်သိချင်တဲ့ Direction မရမခြင်း မသိရမခြင်း
လက်မလျှော့ဘူး Spy ဆက်လုပ်တယ်။
Chat Box ကနေ စာတွေပို့တာ လက်ပါကွတယ်
သူမဘက်ကတစ်ခါမှ ပြန်မပို့ဘူး
ကိုယ့်မှာ ရင်တထိတ်ထိတ်နဲ့
Reply လာမလားပေါ့ လာရင် ဘာပြောပြော
သူမ မရိုးသားဖို့ လမ်းစမြင်နေရပြီကိုး
လက်တွေတုန် တစ်ကိုယ်လုံးတုန်နဲ့
Seen တောင်မပြမှန်းသိရတော့
ပျော်လိုက်တာ ဆိုတာ ဆွေ့ဆွေ့ခုန်ပဲ။ image
ဘော်ဒါတစ်ဘွေကို အကူအညီတောင်း
သူမဆီ ဖုန်းဆက် အီစီကလီလုပ်ခိုင်းတယ်
ကိုယ့်ဘော်ဒါက မခေဘူး
တော့ကီက ပစ်ချွဲ စကားလုံး အဝင်လှတယ်
Traget ကို ချက်ချင်းမပစ်ဘူး သိပ်ကြွယ်တာ
တော်ရုံမိန်းခလေး ခံနိုင်ရည်မရှိဘူး
စကားပြန်ပြောရတယ် ကြွေသွားရတယ်။
ဒါပေမယ့် သူမနဲ့တွေ့တော့ စံချိန်ပါကျိုးရော
ဘယ်လိုဝင်ဝင် ဟိုက ချေမှုန်းလွှတ်တာ
ကျနော့်ရှေ့မှာ စပီကာဖွင့်ပြောတာ ဆိုတော့
အကုန်ကြားနေရတာပေါ့
နေ့တိုင်းဆက်တယ် Black Lists လုပ်ခံရတယ်
ရတယ် Sim card အထပ်လိုက်ဝယ် ဆက်တယ်
ကြာတော့ ကိုယ့်ဘော်ဒါပါ ကြောက်လာတယ်
သူမဆီ မဆက်ရဲတော့ဘူးတဲ့။
ဒီတစ်ခါ နောက်ဆုံးကူညီပါပြောပြီး
နောက်တစ်ကဒ်နဲ့ ထပ်ဆက်တယ်။
ကျနော် ပြောခိုင်းသလို ဘော်ဒါကပြောတယ်
ဘာလို့လဲ မာနကြီးတာလား ချေတာလား
မကိုချစ်တယ် စောင့်နေမှာသေတဲ့အထိပေါ့။
သူမပြန်ပြောတဲ့စကားကြားရတော့
ကျနော် မျက်ရည်မထိန်းနိုင်ဘူး ကျခဲ့ရတယ်။

"တောင်းပန်ပါတယ် ငါ့ကိုမနှောက်ယှက်ပါနဲ့
ငါ့မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူရှိတယ်
ဘာကြောင့်နဲ့မှ သူ့ကိုသစ္စာမဖောက်ဘူး" တဲ့။

ကျနော့်နာမည် အတိအကျနဲ့ကို ပြောတာ
ဘော်ဒါဆို သူမကို သိပ်လေးစားတာ ခုထိ။

ခုလို လိုက်စုံစမ်း စမ်းသပ်နေတာ
တကယ်တော့ မလုပ်သင့်မှန်း သိပါတယ်
ဒါက မိန်းခလေးကတောင် လုပ်ရမှာပါ။

သူမကို အရမ်းချစ်ခဲ့တာပါ
အဲ့ဒါကြောင့်လည်း ခုလို သဝန်တိုမိတာပေါ့။

သူမ Acc ထဲ ရှိသမျှ Fri ကျနော်အကုန်သိတယ်
အလကားနေ စစ်ဆေးရေးဝင်နေတာကိုး...
Like လာပေးတဲ့သူရဲ့ Wall ထဲဝင်မွှေတယ်
ဟိုးနောက်ဆုံးက Born အထိရောက်ရော...
အသဲပုံလာပေးလို့ကတော့ FBI ထက်ဆိုးပြီ
သူဘာလုပ်တာ ဘယ်မှာနေတာ ဘာနေ့သား
အသက် မွေးနေ့ ဖြူ တာမဲတာပိန်တာဝတာ
အကုန် Spy လုပ်ပြီသာမှတ်...
သူမဖုန်းယူစစ်တယ် မင်္သကာတဲ့နံပါတ်ဆို
ဒိုင်ရှိုလေး စိတ်ထဲကမှတ် အိမ်ရောက်ရင်ဆက်...
Trip တစ်ခုခု Go ချင်ယောင်ဆောင်
Holiday နေ့ သူမဘယ်သွားမလဲ ချောင်းတယ်
တစ်ရက်သာ ကုန်သွားတယ် သူမ အိမ်ထဲက
တစ်ဖဝါးမှမခွာခဲ့ဘူး...။

တစ်ခါကဆို တော်တော်ဆိုးတယ်
Hacker တစ်ယောက်ကို ပိုက်ဆံပေးပြီး
သူမ Acc ရဲ့ Password ခိုးယူဖူးတာ
အဲ့နေ့က တစ်ညလုံးမအိပ်ဘူး သူမ ဘာများ
မဟုတ်တာလုပ်ထားမလဲ စပ်စုတာ။

Chat box ထဲ မွှေတယ်
ဘယ်သူတွေနဲ့ Q ထားလဲပေါ့...
(Filter Messages ထိရောက်တယ်)

Activity logs မှာရှာတယ်
Like & comment ဘယ်သူ့ကိုပေးလဲပေါ့...

Search lists ကို ရှိုးတယ်
ဘယ် Acc လိုက်ရှာထားလဲပေါ့...
(Ex acc & Crush acc ရှိနိုင်တယ်လေ)

Acc setting ထိ ရောက်တယ်
ဘယ်သူ့ Block လုပ်ထားလဲပေါ့...
(Block လုပ်ဖူးရင် ဇာတ်လမ်းရှိဖူးတာကိုး)

Wall ထဲ တစ်ခုမကျန် စစ်တယ်
Only me post ရှိလေမလားပေါ့...
(ကိုယ်မဟုတ်တဲ့ အခြားသူကိုရည်ရွယ်တာမျိုး)

ကိုယ်သာ အိပ်ရေးတွေပျက်
လေဖြတ်မတတ် အညောင်းတွေမိသွားတယ်
သူမဆီက မရိုးသားတာ သစ္စာမဲ့တာ
ဘာတစ်ခုမှ မတွေ့ခဲ့ရပါဘူး
ကဲ ! ဘယ်လောက် ချစ်ဖို့ကောင်းလိုက်လဲ။

ရိုးရိုးသားသား ဝန်ခံပါတယ်
သူမလို သစ္စာရှိမှုမျိုး ကျနော် မရှိခဲ့ပါဘူး
ဘာလို့လဲ? ကျနော်က Boy ဖြစ်နေလို့ပါ။

သမာဓိအားကောင်းတဲ့ Boy အချို့ ရှိနိုင်ပါတယ်
ဒါကလည်း ဖားကန့်က ကျောက်စိမ်းတုံးလိုပဲ
သိပ်ကို ရှားပါးတဲ့အရာလေ။

Boy ဆိုတာမျိုးက စိတ်မပါရင်တောင်
တစ်ကိုက်လောက် မြည်းချင်ကြတယ်
မချစ်ရင်တောင်မှ ဟန်ဆောင်တွဲနိုင်ကြတယ်
ရင်ဘတ်ထဲက မစေခိုင်းပဲလည်း
အနမ်းတစ်ပွင့် ဖန်ဆင်းနိုင်ကြတယ်လေ။

Girl ကျတော့ တစ်မျိုး...
စိတ်မပါဘူးဆို မျက်စောင်းတောင်လှည့်မထိုးဘူး
မချစ်နိုင်တဲ့သူဆို မျှော်လင့်ချက်တောင်မပေးဘူး
အလိုမတူရင် Kiss ပေးဖို့ မပြောနဲ့
လက်လာကိုင်ရင်တောင် ဆတ်ဆတ်ခါနာနေရော
ချက်ချင်းကို "ဒတ်တော" နဲ့ထဆေးချင်တဲ့အမျိုး။

အဲ့လို လက်တွဲဖော်ကို သစ္စာရှိတဲ့
မိန်းခလေးတွေ လောကမှာ အများကြီးပါ
ကျနော့်လို ပိုင်ဆိုင်ထားတဲ့သူတွေကတော့
Surprise ထူးထူးခြားခြား လုပ်မနေနဲ့။

သူမ မသိအောင်
ပိုက်ပိုက်တွေ ကြိုးစားစုဆောင်းထားပေတော့...
ဖိတ်စာတစ်ခြမ်း ပြေးသာရိုက်ထားပေတော့...
Aroma မှာ မင်္ဂလာဝတ်စုံ
တိတ်တိတ်လေး တိုင်းထားပေတော့...
လက်ထပ်လက်စွပ်တစ်စုံ
ပန်းထိမ်မှာ အပ်ထားပေတော့...
Yuzana (OR) Shangri-La မှာ
Date ယူထားပေတော့...
ငွေဆောင်ကစ ဒူဘိုင်း
ဟန်းနီးမွန်းခရီးစဉ် စီစဉ်ထားပေတော့...

ဒီတစ်သက် ထပ်တွေ့ဖို့မရှိနိုင်တော့တာ။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60910.03
ETH 3358.01
USDT 1.00
SBD 2.47