မနက်ဖြန်

in #myanmar8 years ago

လူ့အဖွဲ့အစည်း တစ်ခုတည်းတင်မဟုတ်ပါဘူး သက်ရှိသတ္တဝါတိုင်းသည် မနက်ဖြန်ဆိုသည့်နေ့ရက်အတွက် အသက်ရှင်နေထိုင်ကြသည်မှာ အမှန်တရားတစ်ခုပင်ဖြစ်သည် မျော်လင့်ခြင်းတွေ မျော်လင့်ချက်တွေနှင့် အသက်ရှင်လှုပ်ရှားရုန်းကန်နေကြသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည် သည်လိုဆို ကိုယ်မျော်လင့်ထားသည့် ကိုယ့်ရဲ့မနက်ဖြန်ကို ဘယ်လိုဖန်တီးမလဲ ဖန်တီးခွင့်အပြည့်ရှိသည် ကိုယ်တိုင်ထုဆစ်ခွင့်အပြည့်ရှိသည် ကောင်းမွန်တဲ့မနက်ဖြန်လား သို့တည်းမဟုတ် ဆိုးရွားသည့်မနက်ဖြန်လား ဆိုတာ ကိုယ့်အပေါ်မှာသာလျှင် ရာခိုင်နှုန်းအပြည့်နီးပါးရှိနေပါ၏ ဝီရိယအားရယ် ဥာဏ်အားရယ် အချိုးတူပေါင်းစပ်ပြီး ရှေ့ဆောင်လုပ်မယ် ကြိုးစားမယ်ဆိုရင် ကိုယ်ဖန်တီးလိုက်သည့် မနက်ဖြန်သည် သိပ်ကိုလှပနေမှာ အသေအချာပါပဲ အချို့လူတွေသည် အခက်အခဲနှင် ကြုံတွေ့ပြီး ကျရှုံးရသည့်အချိန်မှာ `ငါကံမကောင်းလို့´ဆိုတာမျိုး ကံကိုချည်းရိုးမယ်ဖွဲ့တတ်ကြပါတယ် အမှန်တကယ်တော့ ကံဆိုသည့်အရာမျိုးသည် ဝီရိယနှင့်ဥာဏ်ရဲ့နောက်မှာ အရိပ်လိုကပ်လိုက်နေသည့်အရာမျိုးရယ်ပါ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုသည့်စကားသည် သိပ်ကိုသဘာဝကျပြီး ရိုးရှင်းလွန်းသည့် ဝါကျတစ်ခုပါပဲ ဒီနေ့ ဘာမျှမလုပ်သ၍တော့ ဒီနေ့သည် ဘာဆိုဘာမှဖြစ်လာမှာမဟုတ်သလို မနက်ဖြန်ဆိုသည့် အနာဂါတ်သည်လည်း ဘာမျှဖြစ်လာမှာမဟုတ်ပါဘူး တစ်ခုတော့ရှိသည်ပေါ့ ယခုရေတွင်းတူးပြီး ယခုရေကြည်သောက်ချင်လို့တော့ ဘယ်ရပါ့မလဲ အတိုင်းအတာ တစ်ခုထိတော့ဖြင့် ပေးဆပ်ကြရမှာပင်
ကျွန်ုပ်တို့အတွက် မနက်ဖြန်ဆိုသည်မှာ နေ့စဉ်နေ့တိုင်းပဲ မဟုတ်ပါလား လောကကြီးမှာ အညံ့ဆုံးလူကို ပြောပါဆိုလျှင် မနက်ဖြန်ကို ရင်ဆိုင်ဖို့ တွေးကြောက်နေသည့် သူကိုပင် လက်ညိုးထိုးပြရပါမည် မနက်ဖြန်ကို တွေကြောက်သည့်လူထက် ညံ့ဖျင်းတဲ့လူ မရှိတော့ပါဘူး မနက်ဖြန်သည် မဖြစ်မနေရင်ဆိုရမည့် အခိုက်အတန့်ဖြစ်တာမို့ တွေးကြောက်မနေသင့်ပါပေ မနက်ဖြန်ဆိုသည့် အနာဂါတ်ဘဝကို ခံ့ခံ့ညားညား လှလှပပလေး ဖြစ်တည်လာဖို့ဆိုရင် ပစ္စုပ္ပန်ဖြစ်သည့် ယနေ့သည် အလွန်ကိုအရေးကြီးပါတယ် ဒီကနေ့ကို အကောင်းဆုံး အသုံးချမယ်ဆိုရင် နောက်နေ့သည် ရာသီဥတု သာယာနေမှာ အမှန်ပင် မနက်ဖြန်ကို အခွင့်အရေး တစ်ခုအနေဖြင့်လည်း အသုံးချ၍ ရပါသေးသည် အသို့နည်း အကယ်၍ ဒီကနေ့မှာ ကျရှုံးဖြစ်ခဲ့ရင် မနက်ဖြန်သည် ကျရှုံးခြင်းကနေ ပြန်ထဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ
ယနေ့သည် မနက်ဖြန်အတွက် အကောင်းဆုံး အချိန်ဖြစ်သလို မနက်ဖြန်သည်လည်း ယနေ့မှားခဲ့သည့် အမှားများ ကျရှုံးမှုများကို ချေဖျက်ပစ်လို့ရသည့် အကောင်းဆုံ အချိန်ပါပဲ image
ကောင်းမွန်သော နေ့သစ်များဆီသို့

Sort:  
Loading...

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.058
BTC 72383.36
ETH 2239.12
USDT 1.00
SBD 0.53