လူသားဆိုသည်မှာ
လူသားဆိုသည်
လူဆိုသည်မှာခန္ဓရုပ်များကိုဝိညဉ်ဖြင့်မောင်းနှင်ခံနေရသောသက်ရှိ
သတ္တဝါဖြစ်သည်။
မြေကမ္ဘာဆိုသည်ကား
မြေဖြင့်သွန်းလောင်းခံရသူ
တို့ကိုအသက်ထည့်ပေးပြီး
လှုပ်ရှားလည်ပတ်စေသော
နေထိုင်ရာဖြစ်ပီး ထိုဌာနတွင်
ရုပ်ခန္ဓာကိုပျက်ကြွေစေကာ
လူ့ဘောင်ကိုနိဂုံးချုပ်စေပီး
ရုပ်ကလပ်ကိုပထဝီမြေသားနှင့်
ရောနှောစေကာ အသက်ဟူ
သောရူးဟ်ဝိညဉ်ကို
ကိုရုပ်မှခွဲခွာစေလျှက် ဝိညဉ်
ကမ္ဘာသို့ ပို့ဆောင်စေလိုက်
ခြင်းကိုပင် သေခြင်းဟုခေါ်ဆို
လိုက်ကြ၏။
အမှန်မှာ လူသားသားအကယ်
စင်စစ်သေဆုံးခြင်းမဟုတ်
ခန္ဓသာပျက်သုန်းခြင်းဖြစ်ပြီး
ဝိညဉ်လောကတွင်ဆက်လက်
ရှင်နေရပေသည်။(အစ္စလာမ်ယုံကြည်ချက်)
လူသားသည်ပထမအစတွင်
ကမ္ဘာဦးအချိန်တွင် လူအနည်းစုဖြစ်နေပြီး ထွန်ယက်စိုက်ပျိုး
မူစားသုံးမူနှင့်အရှင့်အေဗာဒတ်
ခဝပ်မူများသာရှိပြီး ပြသနာ
နည်းပါးခဲ့သည်။
တဖြည်းဖြည်းလူများပြားလာ
သောအခါ အဝတ်အစားချုပ်ခြင်း၊ဆေးဝါးကုသခြင်း၊အိမ်များဆောက်လုပ်ခြင်း၊စသဖြင့်
လိုအပ်ချက်များပေါ်ထွက်လာခဲ့
ပြီး အလုပ်ပိုများလာခဲ့သည်။
ခေတ်ဦးကာလမှခေတ်လယ်
ကာလတွင်လူများအတန်ပင်များပြားလာသဖြင့် ရွာများ
တည်ဆောက်ခြင်း၊ထွန်ယက်
စိုက်ပျိုးရခြင်း၊ကျန်းမာရေးကု
သရေးအတွက်ဆေးဝါးဆေးကု
အတတ်ပညာရှာခြင်း၊ဆေးကု
ပေးရခြင်း၊တရားစီရင်ရခြင်း၊
အုပ်ချုပ်မူခေါင်းဆောင်များ
တင်မြှောက်ခြင်း၊အုပ်ချုပ်ရေး
စီမံခြင်း၊ယင်းအတတ်ပညာများကိုသင်ယူခြင်း၊အဝတ်ထည်များကိုယက်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ဘေးအန္တ
ရာယ်များကိုကာကွယ်ခြင်း၊
လူလူချင်းအန္တရာယ်များကို
ကာကွယ်ခြင်း၊စာပေများသင်ကြားခြင်း၊ကျောင်းများဖွင့်ခြင်း
စသဖြင့်အလုပ်များပိုမိုလာကြ
ပါသည်။
ခေတ်နှောင်း
============
ယခုခေတ်နှောင်းကာလတွင်
လူသားများသည်အသိပညာ
ပိုင်းတွင်ပိုမိုတိုးတက်လာကြပြီး
လူနေမူများမြင့်မားလာကြပါ
သည်၊ အလုပ်အပိုများလည်း
အလွန်များပြားလာကြပြီး
ပျောရွင်ဖွယ်ရာများ စိတ်ကြည်
နူးဖွယ်ရာများနောက်သို့သာ
လိုက်နေကြပြီး အချိန်ကုန်နေ
ကြသူများပါသည်။
ပြောင်းလဲလာသောလူ့အဖွဲ့
အစည်းကလည်းငွေမရှိလျှင်
အရာမဝင်သလိုမျိုးအောက်ကျ
နေသလိုမျိုးအချိန်ဖြစ်လာပါသည်။
အစ္စလာမ်အမြင်
=============
ကျွန်ုပ်သည်အစ္စဘာသာဝင်ဖြစ်
သည့်အတွက် အစ္စလာမ်သဘောထားကိုဦးစွာတင်ပြမည်။
အစ္စလာမ်တို့၏အလေးပြုရာ
ကုရ်အာန်ကျမ်းစာအရ
လူသားများနှင့်ဂျင်(မျိုးကွဲဖန်
ဆင်းခံရသူအမျိုးအစား)တို့ကို
အောလ္လာအရှင်မြတ်အားခဝပ်
ကိုးကွယ်ရန်အတွက်သာဖန်
ဆင်းခြင်း၏ရည်ရွယ်ချက်ဖြစ်သည်။ခေတ်ကာလ၏ပြောင်းလဲမူများတိုးတက်မူများအရာ
ရာသည်အစ္စလာမ်များလိုက်
လျောညီထွေနေစေရန်သာ
ရည်ရွယ်ပြီး အေဗာဒတ်ခဝပ်
ကိုးကွယ်မူကိုသာဦးတည်ထား
ပါသည်။
အစ္စလာမ်ပန်းတိုင်
အစ္စလာမ့်ပန်းတိုင်သည်
ယခုပစ္စေခကာလဘဝပန်းတိုင်
ကိုအသာပေးခြင်းမရှိဘဲ
နောင်အနာဂတ်ကာလကိုသာ
အောင်မြင်မူရစေရန်တိုက်တွန်း
နိုးဆော်ထားပေသည်။
အစ္စလာမ်တမန်တော်မုဟမ္မဒ်
ကိုလည်းလူ့ဘဝသည်ကစား
ခုံပွဲဖြစ်ကြောင်း အားမကျဖို့
သတိပေးလမ်းညွန်မူကို ကုရ်အာန်ကျမ်းတွင်မိန့်မှာခဲ့ပေ
သည်။
ကုရ်အာန်ကျမ်းတွင်ထင်ရှား
သောတောင်းဆုတော်တစ်ပုဒ်ပါရှိပေသည်။ယင်းမှာ
ရဗ္ဗနာအာတေ့နာဖွစ်ဒွန္နယာဟစနတန်ဝဖွလ်အာခေ့ရတေ့ဟာစနာ။
အို-မွေးမြူဖန်ဆင်းတော်မူသော
အရှင်မြတ်လောကတွင်လည်း
အကောင်းများပေးပါနောင်တမလွန်တွင်လည်းအကောင်း
များပေးပါဟုဆုမွန်ချွေခိုင်း
ခြင်းဖြစ်ပါသည်။
အဆိုပါကုရ်အာန်ကျမ်းဗျာဒိတ်အရလောကတွင်လည်းကောင်း
မွန်မူရရှိရေးအရေးဆိုနိုင်သဖြင့်
အကောင်းများရရှိရေးအလုပ်များကိုလုပ်ကိုင်နိုင်ခြင်းမှာ
အငြင်းပွားဖွယ်မရှိတော့ပါပေ။
အထက်ပါ ရဗ္ဗနာအာတေ့နာ
ဆုတောင်အာယာတ်ကို
အစ္စလာမ့်ခလီဖွာကြီးအလီ
သခင်ကအကျယ်ဖွင့်ရာတွင်
လောကတင်မသေယုံစား
သောက်ခြင်းကိုဆိုလိုပါသည်
ဟုမိန့်ခဲ့သည်။
ငွေကြေးချမ်းသာကြွယ်ဝမူကို
အစ္စလာမ်ကခွင့်ပြုသလား?
=============================
အမှန်ကိုသာဆိုရလျှင်အစ္စလာမ်
သည်တစ်ဦးခြင်းငွေကြေးဥစ္စာ
ကိုလောဘတစ်ကြီးမတရားရှာ ဖွေခြင်း၊ လောကစည်းစိမ်ချမ်း
သာကိုခံစားခြင်း၊လောကီကိုအသာပေးခြင်းတို့ကို
လုံးဝခွင့်မပြုသောသာသနာဖြစ်
သည်ကိုမြောက်များစွာသော
ကုရ်အာန်ဟဒီးများကသက်
သေခံနေကြသည်။
ချမ်းသာကြွယ်ဝစွာနေနိုင်သလား?
ချမ်းသာကြွယ်ဝခြင်းသည်
အဆိုးများကိုဖြစ်စေသည်
မာနကိုဖြစ်စေသည် ပညာဂုဏ်ကိုမောက်စေသည် မထိန်းနိုင်လျှင်အကုသိုလ်ကျူးလွန်သူဖြစ်ပြောင်းနိုင်သည် အောလ္လာအရှင်အချစ်တော်
သူတော်စင်များကို ချမ်းသာမူ
မပေးအပ်ပေ။(တစ်ချို့က
ဟဇရတ်ရှိုက်အဗ္ဗဒွလ်ကာဒေဂျီ
လာနီသခင်ကိုချမ်းသာသည်ဟု
ထင်ကြသည် သခင်သည်
ကျောင်းနေစဉ်ကာလကတည်း
ကနေ့များစွာအငတ်နေရရှာ
သည် သက်တန်းတစ်ခုလုံး
အစာမစားခဲ့ရသည်ကများသည်ကိုသခင်ကြီး
ကိုယ်ရေးရာဇဝင်စာပေများ
တွင်တွေ့နိုင်ပါသည်)
ထိုသို့ သော်အချက်များဖြစ်ပေါ်
ပါကအောလ္လာအရှင်မြတ်နှင့်
ဝေးကွာစေပါသည်။
သို့သော်ခေတ်ဦးပညာရှင်များ
အေမမ်အဘူဟနီဖွာသခင်နှင့်
ကြီးကျယ်သောအိုလမာ ပညာရှင်များအားလုံးက
ဟလာလ်နည်းဖြင့်ရှာဖွေခြင်း
ဇကားသ်တာဝန်ကျေခြင်း
သူဆင်းရဲများကိုပေးကမ်းခြင်း
ဆွေမျိုးများကိုပေးကမ်းခြင်း
မိတ်ဆွေများအားကူညီခြင်း
အရေးကြီးလျှင်သာသနာအတွက်သုံးစွဲမည်
ချမ်းသာမူအတွက်မာနမထား
ပါကချမ်းသာအောင်ငွေကြေးရှာဖွေနိုင်ပြီး လူချမ်းသာ
အဖြစ်နေထိုင်နိုင်ကြောင်း
သတ်မှတ်ပါသည်။
တစောင်ဝုဖ်လမ်းစဉ်မှအာလင်များမရှာအစ်သူတော်စဉ်များ
ကတော့လက်မခံကြပါ။
သူတို့အခြေအနေကတော့
လောကကိုကျောခိုင်းထားသူများဖြစ်သဖြင့်
သင့်တော်ပေသည်။
ဆက်ရန်!

ဆက်ရန်

https://m.facebook.com/story.php?story_fbid=243826039788093&id=100024820968137
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://bodyspace.bodybuilding.com/
Congratulations @winnaingoo! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP