နွေရင့်နှင်းစက်...၂
နွေရင့်နှင်းစက်...၂
credit-org-source
" ထင်မင်းရယ်..စာကို ကြိုးစားစမ်းပါ..ဘဝမှာ ပညာဂုဏ်ရှိတာ မရှိတာကလည်း ငွေရှိတာမရှိတာလိုပဲ လူကြားသူကြားထဲ နေရာယူလို့ရပါတယ်.."
" ကျွတ်..မင်းနဲ့တွေ့တိုင်း တခြားချစ်သူတွေလို တီတီတာတာ ပြောရမယ်မရှိဘူး ယုယရာ..ကြိုးစားဖို့ လိမ်မာဖို့လောက်ပဲ ဆုံးမနေတာပဲ"
ဘဝအကြောင်းက ထင်တာထက် ပိုနက်နဲတယ် ထင်မင်းရဲ့ လို့ သူမ စိတ်ထဲကနေ တိတ်တိတ်လေး ပြောဖြစ်ခဲ့တယ်။
သူမကြောင့်လား သူကိုယ်တိုင်ကြောင့်လားတော့ သေချာမသိရပေမဲ့ အဲ့ဒီနှစ်မှာ ထင်မင်း ဆယ်တန်း အောင်ခဲ့တယ်။သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လို တွယ်တာမှုကတဆင့် သူမ သိပ်ပျော်ခဲ့ပေမဲ့ အဲ့ဒီအပျော်တွေက တက္ကသိုလ်မတက်ခင်အထိပဲဆိုတာ သူမ မသိခဲ့မိဘူး။
တက္ကသိုလ်အရသာကို အပြည့်အဝ အသုံးချချင်တဲ့ ထင်မင်းရယ်..ရတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး အိမ်မက်ကြီးကြီးတွေကို မက်ချင်တဲ့ ယုယရယ် လမ်းဆုံတစ်ခုကနေ ရွေးချယ်ရတော့မယ့် အခြေအနေတွေ ဖြစ်လာနေခဲ့တော့တယ်။
အဲ့ဒီအချိန်မှာ ထင်မင်းရဲ့ စိတ်တွေဟာ အရင်ကထက်ပိုပြီး သိသာလာတယ်ဆိုတာ ယုယ သိနေခဲ့တယ်။
ရည်းစားတွေ ထည်လဲ ထားနေသလို ယုယကို သူ့ရဲ့ အနားမှာ အမြဲရှိစေချင်ခဲ့တယ်။ ယုယကို ဟိုတုန်းကလိုပဲ သူ့အပေါ် အနွံတာခံမှုနဲ့ သူ့ရဲ့ လွှမ်းမျုး အုပ်စိုးမှုအောက်မှာ ပိတ်လှောင်ထားချင်တုန်းပဲဆိုတာ ယုယ သိခဲ့ရတယ်။
သည်းခံခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ ယုယ ခိုင်မာသေချာတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်..။
" ငါတို့ လမ်းခွဲကြဖို့ သင့်ပြီ ထင်မင်း..။"
သူမ အေးဆေးတည်ငြိမ်စွာ ပြောလိုက်ပေမယ့် ထင်မင်းရဲ့ မျက်ဝန်းတွေဟာ မယုံနိုင်ခြင်းတွေနဲ့..
" ဘာပြောတယ်..ယုယ..။လမ်းခွဲမယ် ဟုတ်လား...ဟား...မင်းက ငါ့ကိုမှ အဲ့ဒီစကားမျိုး ပြောတယ် ဟုတ်လား.."
သူမ မတုန်မလှုပ် ခေါင်းညိတ်ပြလိုက်တော့ ထင်မင်းလတ်ရဲ့ တကယ့်မာနတွေက ခေါင်းထောင်လာကြတယ်။
" အဟွန့်..မင်းလို မိန်းကလေးတစ်ယောက်က ငါ့အတွက် မက်လောက်စရာတော့ မရှိပါဘူး ယုယ..ငါ့အပေါ်မှာ အဲ့ဒီလောက်မှ နားလည်မှု မပေးနိုင်ရင် ငါတို့ လမ်းခွဲကြရုံပေါ့ ..."
credit-org-source
သူမ တိတ်တဆိတ်ပဲ လှည့်ထွက်ခဲ့မိတယ်။
အဲ့ဒီအချိန်တုန်းက လွတ်မြောက်မှုတစ်ခုရဲ့ အရသာကို သူမ ခံစားခဲ့ဖူးတယ်..။
သူမရဲ့ ကြိုးစားမှုတွေ သူမရဲ့ ဘဝအခွင့်အရေးတွေကို သူမ မိမိရရ ဆုပ်ကိုင်နိုင်ခဲ့တယ်လို့ ဆိုရလိမ့်မယ် ထင်တယ်။
ထင်မင်းလတ်ရဲ့ လက်သည်းတွေကို မမြင်နိုင်ခဲ့တဲ့ သူမက အချိန်အတိုင်းအတာတစ်ခုအထိတော့ ပျော်ရွှင်ခဲ့ရလေရဲ့..
သူမက သူမရဲ့လမ်းဟာ ထင်ရှားပြတ်သားနေခဲ့ပြီလို့ ယူဆခဲ့ပေမဲ့ တကယ်တမ်းကျတော့ ထင်မင်းလတ်က သူမနောက်ကနေ သားရဲတစကောင်လို ချောင်းမြောင်းနေခဲ့တာမှန်း သူမ မသိခဲ့ဘူး..
သူမရဲ့ လမ်းတွေမှာ အချိန်အခါမရွေး နှောင့်ယှက်မယ့် အရိပ်ဆိုး တစ်ခုလို ရှိနေခဲ့မယ်မှန်း သူမ မသိခဲ့ဘူး..
သူမ ပထမဆုံး အလုပ်တစ်ခုကို ကျောင်းမပြီးသေးပဲ ရအောင်လျှောက်နိုင်ခဲ့တာက အတန်းဖော်သူငယ်ချင်းဟောင်း နဒီလုပ်နေတဲ့ အလုပ်မှာ နဒီရဲ့ အဆက်အစပ်နဲ့ ရခဲ့တာပါ..
သူမရဲ့ ကြိုးစားမှုနဲ့ သူမရဲ့ အားကျကျေနပ်စရာ ပညာရေးလမ်းကြောင်းကြောင့် သူမအတွက် အလုပ်တစ်ခု ရခဲ့ချိန်မှာ...သူမဘေးနားမှာ အလုပ်ထဲက ဒါရိုက်တာ တစ်ဦးကလည်း သူမအပေါ် ယိမ်းယိုင်နေတာကို သိနေခဲ့ရတယ်..
သူမလိုပဲ ထင်မင်းကလည်း သိနေခဲ့တယ်ဆိုတာကိုတော့ နဒီ့ဆီကနေ သူမ သိခွင့်ရချိန်မှာ သူမရဲ့ သိက္ခာဟာ စုတ်ပြတ်နေခဲ့ပါပြီ....
တစ်ရက်မှာ နဒီက သူ့ဖုန်းလေးကိုကိုင်ပြီး ယုယအလုပ်လုပ်နေတဲ့ စားပွဲနား ကပ်လာခဲ့တယ်..ပြီးတော့ တစ်ခုခုကို သိထားသလိုမျိုးနဲ့
" ယုယ နင့်ကို ငါ ယုံတယ်။ တစ်ခုပြောမယ်နော်..ဒီတစ်ခုက အရေးကြီးနေတယ်..နင် စိတ်အေးအေးထားပါ...နင်နဲ့ ထင်မင်း ပြတ်သွားကြတာ ကြာပြီလား.."
" အင်း ကြာပြီလို့ ပြောရမယ်..။သူ့ဘဝနဲ့သူ လျှောက်တာပဲ ကောင်းပါတယ်ဟာ.ဘာဖြစ်လို့လဲ..."
သူမ ပေါ့ပေါ့ပါးပါးလေး ပြောလိုက်တာ ဖြစ်ပေမယ့် နဒီက စိတ်မကောင်းသလို ခေါင်းတစ်ချက်ခါရင်း ပြောရခက်နေဟန်နဲ့ပဲ..
credit-org-source
" နင်နဲ့ထင်မင်းတို့အကြောင်းကို ငါတို့ ကျောင်းတူတူနေခဲ့သူတွေတိုင်းက သိခဲ့ကြပေမယ့် လူတိုင်းက သိနေတာတော့ မဟုတ်ဘူးလေ..
နင်သူ့ကို friလက်မခံထားဘူးမလား.."
"အင်းလေ..ဘာဖြစ်လို့လဲ..."
"သူက ငါနဲ့တော့ fri ဖြစ်ထားတယ်..ဒါရိုက်တာ ရဲရင့်ကိုရောပဲ fri လုပ်ထားတယ်...ရော့..ဒီမှာ သူတင်ထားတဲ့ ပိုစ့်..."
ယုယ နားမလည်းနိုင်စွာ နဒီ့ရဲ့ ဖုန်းကို ယူကြည့်လိုက်မိရင်း ပိုစ့်ကို ဖတ်လိုက်ချိန်မှာ ပါးစပ်ကို လက်နဲ့ပိတ်လိုက်ရတော့တယ်။
စာကိုဆုံးအောင် မဖတ်နိုင်တော့တာက မျက်ရည်တွေကြောင့် ဝေဝါးသွားလို့ပါ...
အပိုင်း... ၃ ....သို့...
Writter @yekungsatthone
Msc 213
အခန်းဆက်လေးကို အားပေးနေတယ်နော်ညီ
ကျေးဇူးပါပဲ
အိမ်း နောက်အပိုင်းတွေ ဆက်ဖတ်တာပေါ့ ဆိုးပါပုလေ😁
ဟု မကြိ..မဆိုးအောင်တော့ ကြိုးစားနေပါတယ်ဗျ...😁
ဆက်အားပေးနေမယ်နော်
ကောင်းပါတယ်အစ်ကို နောက်အပိုင်းအတွက် ဇာတ်လမ်းကိုဆွဲယူထားတာလေးက စာရေးသူရဲ့ လိမ္မာပါးနပ်မှုပါအစ်ကို။ဇာတ်ရှိန်ဟန်ချက်လေးက စာဖတ်သူကို စိတ်ဝင်စားစေပါတယ်ခင်ဗျာ
ကျေးဇူးပါဗျာ..အားပေးပါအုံး
ဆန့်တငင်ငင်နဲ့ စောင့်အုံးမယ်ဗျာ😊😊
စိတ်ဝင်စားစရာတွေ လာအုံးမယ်ဗျာ
အဲ့ မှာ သီချင်းဝင်လာတယ်ဗျ
မငိုပါနဲ့ ချစ်သူရယ် အလွမ်းမိုး
မငိုရသေးပါဘူးဗျာ....လာပါအုံးမယ်
စောင့်မျော်လျက်ပါ
ဆက်လက်အားပေးပါဗျ
အခန်းဆက်တွေဆိုတော့အရမ်းကြိုက်တယ်
ဟုတ်..ဆက်လက်အားပေးပါအုံးဗျာ
စာထဲဘာတွေရေးထားလဲသိချင်မိတယ်
အပိုင်း ၃ သို့
တိုးလို့တန်းလမ်းကြီး
ရက်စက်ပါပေ့ ကိုငြိမ်းမောင်ရယ်😑😑😑😑
ဆက်လက်စောင့်မျှော်အားပေးပါဗျ