အချိန်
လွန်ခဲ့သောနှစ်ပတ်ကျော်က ကျွန်တော်မီးအားမြှင့်စက်အကြောင်းလေးရေးတင်ခဲ့ပါတယ်၊ဒါပေမဲ့ကြားဖြတ်ပြီး မီးအားမြှင့်စက်အကြောင်းလေးခနနားကာ ကျန်ဗဟုသုတရစရာလေးတွေတင်ပေးခဲ့ပါတယ်၊အီလထရောနှစ်ကအရှေည်ရေးရမည်ဖြစ်သဖြင့် စာဖတ်သူများညီးငွေ့မသွားစေရန် အပြောင်းအလဲလေးရေးရခြင်းဖြစ်ပါသည်၊လူတယောက်မိမိအလုပ်အပေါ်မှာညီးငွေ့လာခြင်းမှာ အလုပ်ပင်ပန်းတာ သက်သာတာနှင့်မဆိုင် ပိုက်ဆံရတာမရတာနဲ့လဲမဆိုင်ဘူးလို့ကွန်တော်ထင်ပါတယ်၊တချိုလူများသည် ပိုက်ဆံမရဘဲ ခက်ခဲဆင်းရဲသောအလုပ်များကိုဝါသနာအရလုပ်နေသောသူများအများအပြားရှိနေပါသည်။
မည်မျှပင်ဝါသနာပါစေ မည်မျှပင်သက်သာပါစေ အမြဲတမ်း ဒီအကြောင်းဒီအလုပ်ခြည်းပဲဆိုရင်သေခြာပေါက်ညီးငွေ့လာပြီး မိမိလုပ်ရပ်အပေါ်မှာအားနည်းချက်သက်ရောက်မှူရှိလာမှာပါ၊
ဒါကြောင့်မိတ်ဆွေတို့လဲ့ မိမိအလုပ် အပေါ်မှာ ပြောင်းလဲမလုပ်ကိုင်နိုင်ရင်တောင် ခနနားပြီး တခြားဝါသနာပါရာ ကြားဖြတ်အလုပ်ကလေးလုပ်ပါ။ခနားနားပြီးလွပ်လပ်စွာအနားယူပေးပါ၊အချိန်ရဲ့တန်ဂိုးအချိန်ရဲ့ရိုက်ခပ်မူ့သည်အလွန်အစွန်းထက်ကြောင်းသိစေချင်ပါသည်၊
လူတယောက်ရဲ့ စိတ်ချမ်းသာမှူ့ စိတ်ဆင်းရဲမှူ ဝမ်းသာမှူ ဝမ်းနည်းမှူတို့သည် အချိန်ရဲ့ကုစားမှူကြောင့်ခနခန ပြောင်းလဲမှူဖြစ်ပေါ်စေပါသည်၊ ထိုကြောင့် ပညာရှင်ကြီးများက စိတ်ပိုင်းဆိုင်ရာဒဏ်ရာကိုကုတဲ့နေရာမှာ အချိန်သည်အကောင်းဆုံးဆရာဝန်ဖြစ်သည်ဟုဆိုခဲ့ခြင်းဖြစ်ပါသည်၊ လူတယောက်ကိုမည်မျှပင်ချစ်စေကာမူ မည်မျှပင်သံယောစဉ်ရှိစေကာမူ ထိုလူသေဆုံးသွားရင် လောလောလပ်လပ်အချိန်ခနတာမှာတော့ပူဆွေးသောကရောက်မိကြမှပါပဲ၊ ထိုအချိန်တွင်မည်သည်ဆရာဝန် သမားတော်မျှကုယူ၍မရပါ။ အချိန်ကြာလာသည်နှင့်အမျှ အချိန်ရဲ့ကုစားမှူကြောင့်ဒီဝေဒနာကပြောက်ပြီး သေသွားသူကိုတောင် ကြာလာရင်မေ့တေ့တေ့ဖြစ်လာပါလိမ့်မည့်။ အချိန်ဆိုတာကြာလာသည့်နှင့်အမျှ မိမိဘဝဖြတ်သန်းလာတဲ့ခရီးကိုဒုက္ခတွေဖြတ်သန်းလာခဲ့လည်းဒုက္ခလို့မမြင် သုခတွေဖြတ်သန်းလာလည်းသုခလိုမမြင်မိတော့ပေ မိမိဖြတ်သန်းခဲ့တဲ့ဘဝမှာကျင့်သားရသွားခြင်းသဘောဖြစ်လေသည်။
ကျွန်တော်နဲ့ကျောင်းနေဖက် သူငယ်ချင်းတယောက်နိုင်ငံရေအမှူဖြင့်ရှစ်ဆယ့်ရှစ်မှာအဖန်းခံရပါသည်။ သူ့ကို့ထောင်မကျခင်တရာရုံးကိုနှစ်ခေါက်သုံခေါက်လောက်လာတဲ့အခါသူ့ကိုသွားတွေတော့သူသည်အမြဲတန်းငိုနေသဖြင့်ကျွန်တော်အလွန်ဝမ်းနည်ခဲ့ရပါသည်။ သူသည်နိုင်ငံရေးမှာဒီလောက်စိပ်မပါဘဲ နိုင်ငံရေးစိတ်ပါတဲ့သူငယ်ချင်းနဲ့တွဲမိပြီး သူနောက်လိုက်ရင်းနဲ့ လှူပ်ရှားမူတခုမှာပါဝင်သောကြောင့် ထောင်အနှစ်နှစ်ဆယ်အချခံလိုက်ရပါသည်။ ကျွန်တော့သူငယ်ချင်းဘယ်လောက်ခံစာရမလဲဟုအမြဲတမ်းတွေးမိတွေးမိနေပါသည်။နောက်ဆယ့်လေးငါးနှစ်ကြာလာတဲ့အခါလွပ်ငြိမ်းချမ်းသာခွင့်နဲ့ လွပ်လာခဲပါသည်။ဒီအချိန်မှာကျွန်တော်စိတ်ထင်တာနဲ့တခြားစီဖြစ်နေခဲ့ပါသည်။ သူသည်ကျွန်တော်တို့နဲ့တွေ့တဲ့အခါ ထောင်ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံစိတ်ဆင်ရဲစရာ စိတ်ချမ်းသာစရာများကို ဗဟုသုတရရန် မနားတမ်းထောင်တွင်းအတွေ့အကြုံများကိုပြောပြပါသည်။ တဖန်နိုင်ငံရေးသမားများနှင့်တွဲ၍တဖန်နိုင်ငံရေးလုပ်နေပြန်ပါသည် သူ့မိဘများကလဲ တခါခံရတာအမှတ်မရှိဘူးဟုဆူလို ကျွန်တော်တိုကလဲ ဆင်ခြင်ပြီးလုပ်ဖို့ပြောမိပါသည်၊ သူက မင်းတို့ကငါ့ကိုထောင်ကြမှာစိုးလိုလား မစိုးရိမ်ပါနဲ့ငါထောင်ကျမှာမကြောက်ပါဘူး ထွက်လာကာစတပတ်လောက်က ထောင်ထဲမှာအတူနေခဲ့တဲ့သူငယ်ချင်းတွေ၊ထောင်ထဲမှာနေခဲ့ရတဲ့ကိုယ့်နေရာလေးတွေကိုတအားလွမ်းနေတာ ထောင်တဲက ငါ့သူငယ်ချင်းနေမှကောင်းရဲ့လား ခုချိန်ဘာများလုပ်နေလဲ ခြင်းခတ်နေကြလား တရာထိုင်နေကြလား ဒီနေ့ဘာနေ့ ဒီအချိန်ဟိုကောင်တွေဟိုဟာလုပ်နေလောက်ပြီ ဒီဟာလုပ်နေလောက်ပြီလို့ သတိရတာ ငါတောင်ထောင်ထဲအလည်သွားချင်စိတ်ပေါက်နေတယ်တဲ့။ ဒီဖြစ်စဉ်သည်ဖြစ်နိုင်သောဖြစ်စဉ်တခုဖြစ်ပါသည်။သူ့ဘဝမှာ ထောင်ထဲမှာအနေကြာလာတဲ့ဖြစ်စဉ်တခုကြောင့် အချိန်ကသူ့ရဲ့စိတ်ပေါ်ရိုက်ခပ်လာခဲ့ခြင်းဖြစ်ပါည်။
ဒီဖြစ်စဉ်တွေကိုကြည့်ချင်းအားဖြင့် မိတ်ဆွေတို့လည်း ဒုက္ခနဲ့ကြုံလာတဲ့အခါမှာလည်းဝမ်းမနည်းပါနှင့်။ သူခနဲ့ကြုံလာတဲ့အခါမှာမှည်းဝမ်းသာမူတွေသိပ်မဖြစ်ကြပါနဲ့။ ဒုက္ခတွေဖြစ်လာတာအချိန်ကြာလာလျှင်လည်း ဒုက္ခကိုဒုက္ခလိုမမြင်မိလာသလို့ သုခတွေဖြစ်လာတာ အချိန်ကြာလာလျှင်လည်းသုခကိုသုခလိုမမြက်မိဘဲ ငြီးငွေ့စရာဒုက္ခတွေအဖြစ်မြင်မိလာမှာအမှန်ပါ ကျွန်တော်ရေးတဲ့စာလဲရှည်သွားပြီဖြစ်သဖြင့်မိတ်ဆွေတို့လဲ ဝမ်းသာစရာတွေတွေ့ရင်လဲအလွန်အကျွံဝမ်းမသာဘဲ ဒုက္ခနဲ့တွေ့တဲ့အခါမှာလဲ အလွန်အကျွံစိတ်မဆင်းရဲ ကြပါနဲ့ ၊အချိန်ရဲ့ကုစားမှူကြောင့် အချိန်ရဲ့တန်ဂိုးကြောင့် အရာရာတိုင်းဟာပြောင်းလဲနေပါကြောင်းတင်ပြရေသားလိုက်ရပါသည်။
Post writer=@yuzana(shineshine)
MSC=146
You got a 23.35% upvote from @mitsuko courtesy of @yuzana!
အချိန်ကကုစားသွားတယ်ဆိုတာအမှန်ဘဲနော့....
ဟုပ်ပါ့ဗျာ
အချိန်က အကြောင်းလေး တင်ပြသွားတာ ကျေးဇူးပါ
လူဘဝမှာ ပိုက်ဆံပေးဝယ်လို့မရအောင်တန်ဘိုးရှိတယ်
အရာရာတိုင်းကို အချိန်ကကုစားသွားနိုင်တယ်
ဝမ်းသာစရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ် သတိလေးထားပြီးထိန်းလိုက်ရင် အချိန်က ကုစားပြီး ပုံမှန်လေးဖြစ်သွားလိမ့်မယ်လို့ ပြောပြပေးထားတာ အရမ်းကောင်းပါတယ်။ဒီလိုနေနိုင်သွားရင် စိတ်တည်ငြိမ်မှု ပိုလာမှာဖြစ်လို့ ကောင်းသော POST ပဲဖြစ်ပါတော့တယ်ခင်ဗျာ
အချိန် သမားတော်
You have been defended with a 10.24% upvote!
I was summoned by @yuzana.
This post has received a 10.24% upvote from thanks to: @yuzana!!!
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝကလည်း
မလွယ်ဘူးနော် ရောက်တဲ့အရပ်မှာ နေပျော်အောင် နေတတ်တာလည်း
စွမ်းရည်တစ်မျိုးပါပဲလေ
သူတို့က စိတ်ကိုပိုင်းဖြတ်နိုင်တယ် အစွဲမထား
ထောင်ထဲရောက်သွားရင် အပြင်စိတ်တွေအပြင်ထားခဲ့တာ
စိတ်ခိုင်တယ်
ကကြာရင်တော့ ပြောင်းလဲသွားတာပဲ ကိုယုဇနရေ 😊
မှန်ပါတယ်ဗျာ
အချိန်က ပြောပြသွားမှာပါ
အချိန်သည် တန်ဖိုးအရှိဆုံး