အဖြူရောင်ချယ်တဲ့ ပန်းစပယ်
အင်း..အညာဒေသမှာတော့ မိုးကိုမျှော်လိုက်ရတာ
ကောင်းတဲ့နေရာကြမိုးကစွတ်ကောင်းနေတယ်။ ကရင်ပြည်နယ် ပဲခူးတိုင်း မွန်ပြည်နယ်တို့မှာ မိုးတအားများပြီးရေတွေတောင်ကြီးသတဲ့၊ အဲ့ဒါကြောင့်ရေများရာမိုးရွာလို့ရှေးလူကြီးတွေဆိုခဲ့တာပေါ့၊အဲ့ဒီရေကြီးရေလျုံဖြစ်တာက အတော်ဒုက္ခရောက်တယ်ဆိုတာ ကိုယ့်တွေ့သိခဲ့ရပြီလေ။ ရေဘေးခံရတဲ့ဒေသတွေကို ရေဘေးမခံရတဲ့ဒေသတွေကဝိုင်းပြီးအကူအညီပေး အဲ့လိုဘဲလေ သဘာဝဘေးအန္တရာယ်ဆိုတော့ဘာတပ်နိုင်မှာလဲ့ တယောက်နဲ့တယောက်လူသားချင်းစာနာစွာနဲ့ဖေးမကြရတာပေါ့
အခုလဲ ရေဘေးကယ်ဆယ်ရေးအတွက်တဲ့အနားမှာ လူငယ်တွေစုပေါင်းပြီးဆောင်းဘောက်ဖွင့်လမ်းပေါ်ကလာသမျှလူတွေဆီ စေတနာရှိသလောက်အလှုခံနေလေရဲ့ ချီးကျုးပါတယ် သူတို့ကွမ်းယာဆေးလိပ်တောင် သူတို့အိပ်ထောင့်ထဲကပိုက်ဆံနဲ့ဝယ်စားကြတာ သူတို့ဖွင့်တဲ့ဆောင်းဘောက်ကသီချင်းတွေကလဲ ဖွင့်နေကြအလူခံသီချင်းတွေပါဘဲ၊အဲ့ဒီအထဲကသီချင်းတပုဒ်ကတော့အတော်လေးစိတ်ဝင်စားတယ်ဗျ စိတ်ဝင်စားဆိုအဲ့ဒီအကြောင်းလေးစာရေးဘို့ထိအောင်တောင်ဖြစ်လာခဲ့ရတယ်၊ဲ့ဒီသီချင်းကရိုးနေကြပြီဖြစ်တဲ့စပယ်ပန်းလေးဆိုတဲသီချင်းပါ၊
စပယ်ပန်း လို့အသံ ကြားလိုက်တာနဲ့ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဆိုတဲ့အဓိပ္ပာယ်ဆောင်တယ်ဆိုတာတန်းပြီးသိလိုက်ရတယ်၊ ဟုပ်လဲဟုပ်တယ် စပယ်ပန်းဆိုတာ တကယ့်ကိုဖွေးဖွေးဆွပ်ဆွပ်အဖြူရောင်ကိုပိုင်ဆိုင်ထားပြီးရနံ့ကလဲ
တခြားပန်းတွေနဲ့မတူတမူထူး ခြားလို့နေတယ်လေ၊ အနံ့လေးကမွှေးပြီးသင်းနေတာ ရိုင်းလဲမရိုင်းဘူး ယဉ်တယ်လို့လဲပြောလို့မရတဲ့အနေအထား စပယ်ရနံ့ကိုမကြိုက်တဲ့သူဘယ်သူမှမရှိလောက်ဖူးထင်ပါတယ် ဒါကြောင့်မလို့ စပယ်ကိုတင်စားတဲ့ကဗျာတိုလေးကောက်ရေးမိတယ်လေ...
*စပယ်ဆိုတာအဖြူရောင်
အဖြူရောင်ဆိုတာသန့်ရှင်းခြင်း
အရောင်အဆင်းမရှိပေမဲ့
အရောင်အဆင်းရှိတာထက်
ကျွန်တော်ပိုချစ်တယ်.........shineshine
တကယ်ဆိုရင်စပယ်ပန်းဆိုတာ ကလာလဲမချယ်ထားဘူး မာယာတွေလဲမများဘူး၊ဖြူစင်စွာနဲ့လူတွေရဲ့ရင်မှာစွဲမက်စေတာစပယ်ပါ။ဆူးလဲမယှက် ခူးလိုလဲမခက် ထူးမြတ်တဲ့အရည်အသွေးတွေပိုင်ဆိုင်ထားတော့မြင်သူတိုင်းကငေးမက်တာပေါ့ ကျွန်တော်စပယ်နဲ့ပတ်သက်ပြီး နောက်တပုဒ်လဲဆက်ရေးထားပါသေးတယ်။
*မိုးစက်ကလေးတွေကြွေကာကျ
မြေခနေတဲ့ပန်းစပယ်ရုံ
နွေလရယ်ကုန် မိုးဦးရောက်တော့
ကုန်းရုန်းလို့ထ ..
*အငုံအဖူး ညွန့်ဦးစပယ်
ထူးကဲစွာသူကလှတော့
အချစ်ဦးမို့လှမ်းပိုလိုက်မယ်
မင်းတယောက်ဆီသို့.......shineshine
စပယ်အကြောင်းရေးကြဖွဲ့ကြတဲ့ သီချင်းတွေလဲမနည်းသလို စပယ်အကြောင်းဖွဲနွဲတဲ့သီချင်းတိုင်း လဲ မကြိုက်ကြတဲ့သူမရှိပါဘူး၊"အဖြူရောင်ချယ်ပန်းလေတွေရယ် ခူးခွင့်ပေးပါ.....မြင်မြင်ချင်းဘဲချစ်တာပါ၊ချစ်လွမ်းလို့ပေါ့ စပယ်ပွင့်လိုဖြူးစင်သူလေးရယ်....ကမ္ဘ့ာ့နိယာမတရား စပယ်လဲသိတော့
ပြောစရာမလိုပါ ကျွန်တော်ဟာလေကြင်နာသူအစစ်မို့..ချစ်ခွင့်ပေးပါ......"
ကဲဗျာ စပယ်ကိုတင်စားပြီးရေးထားတဲ့သီချင်းတွေ ဟိုး....မောင်မောင်ညွန့်ခေတ်ကနေ ယနေ့အထိတင်စားလို့ရေးနေကြတာသူရဲ့ဂုဏ်ဒရပ်က ကုန်ကိုမကုန်နိုင်အောင်ပါဘဲဗျာ.. သူငယ်ချင်းတို့ဘဲဆက်ပြီးတော့
စပယ်နဲ့ပတ်သက်တဲသီချင်းလေးတွေဆိုပေးကြပါနော်လို့ပြောကြားရင်း.....
Post writer=@yuzana(shineshine)
MSC=146

.jpeg)

စံပယ်လေးကအရမ်းဖြူစင်ပြီးအရမ်းမွေးကြိုင်ပ့၏
ပန်းတွေထဲမှာအကြိုက်ဆုံးပန်းပေါ့ဗျာ
ကဲ ဆိုပြီ "စပယ် ဖြူတွေတောင်ပွင့်ပြီကွယ်အချစ်သစ်တွေရယ် ဘာဆိုလား အဟီးးးမေ့နေပြီ
အဲ့သီချင်းက ရင်ဂိုထက်အရင် ဆိုတဲ့သူရှိတယ်ဗျ
မေ့နေလို့
စံပယ်ပန်းကဗျာတွေစပ်ထားတာ... good👍👍
စံပယ်သီချင်းတွေလည်းအများကြီးရှိတယ်နော့....
ဟုပ်လားကျေးဇူးဘဲနော်
ပေးစာတွေတိုင်း တစ်ပွင့်စံပယ်ထည့်ကာရယ်...🎼🎼🎼
အသံကောင်းလားမသိ
ဟုတယ်နော် အဲ့သီချင်းလေး တအားကောင်းတယ်
အဖြူချယ်တဲ့ပန်းစံပယ်
အရောင်အဆင်းမရှိပေမဲ့
အရောင်အဆင်းရှိတာထက်
ကျွန်တော်ပိုချစ်တယ် .....
ကမ္ဘာ့ နိယာမတရား စံပယ်လည်းသိတော့ ပြောစရာမလိုပါ
ကိုယ်ဟာလေ ကြင်နာသူအစစ်မို့  ချစ်ခွင့်ပေးပါ
စိုင်းဆိုင်မောရဲ့မရိုးနိုင်တဲ့သီချင်းပေါဗျာ
စာဖွဲ့မကုန်သောပန်းစပယ်
တကယ်မကုန်နိုင်ဘူးဗျ
စပယ်ဆို ကိုယ်က အသံကြားရုံနဲ့ ချစ်ပြီးသား ချစ်ဆို စပယ် ဖတ်လမ်းလေးလည်းရှိတာကိုးဗျ ☺ ☺
အဟပ် အဟပ်
ကြော်ညာ ဝင်သွားပြီ
Congratulations @yuzana! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.
စပယ်ပန်းဆို မီးမီးကြိုက်
အရောင်အဆင်းမရှိ ဖြူစဉ်တာလေးကိုက
ချစ်စရာပါ