တောကြားထဲကမြို့လေးတမြို့
အားလုံးမင်္ဂလာပါခင်ဗျာ
အရင်တခါက ကလေးမြို့ဖက်ကို အဲ့ဒီလမ်းကသွားခဲ့တာမဟုပ်ပေ ၊ မြိုင်ကနေ ပုံတောင်ပုံညာခြေကမင်းတိုင်ပင်ရွာကို သူငယ်ချင်းတယောက်ကပိုပြီးခရီးနီးတယ်ဆိုပြီးပြောသဖြင့်ဖြတ်သွားခဲဖူးပါသည်၊ google map မှာလည်း ကားလမ်းကြောင်းကမပေါ်ပေ ၊ အတွေ့အကြုံအရ ယခုအစိုးရလက်ထက်မှာ လမ်းတွေအလျှင်အမြန်တိုးတက်ပြီးဖောက်လုပ်သဖြင့်google map မှာ မပေါ်နိုင်သေးပေ၊
သူငယ်ချင်းပြောစကားအရ လမ်းကောင်းတယ်ဆိုတော့ မြိုင်ကနေ မင်းတိုင်ပင်ရွာကိုဖြတ်သွားလေရာ လမ်းခွဲတခုမှာလမ်းမှားပြီးတောထဲရောက်သွားလေသည်၊ အစပထမတော့လမ်းကောင်းပြီးတောထဲရောက်သွားတော့ ဆိုးလိုက်တဲ့လမ်းမတပ်နိုင်တော့သွားလက်စခရီးဆက်သွားရလေသည်၊ ရှားရှားပါပါတောထဲမှာဈေးရောင်းတဲ့ဆိုင်ကယ်တစီးတွေ့လို့ မင်းတိုင်ပင်အတော်ဝေးသေးလားဟုမေးကြည့်ရာ ဒီလမ်းက မင်းတိုင်ပင်မရောက်ဖူး မင်းတိုင်ပင်ကိုကျော်ပြီးကျော ကိုရောက်တယ်တဲ့ အမှန်က မင်းတိုင်ပင်ကိုဖြတ်သွားပြီးမှကျော ကိုရောက်ရမှာ ခုလမ်းကကျောကိုတိုက်ရိုက်သွားသောလမ်းဖြစ်ပေလိမ့်မည်၊ မတပ်နိုင်ဆိုင်ကယ်သာမပျက်ပါစေနဲ့ဆုတောင်းပြီး ဆိုင်ကယ်ကို ဆက်မောင်းလာခဲ့ပါသည်၊
မကြာမှီတောကြားထဲမှာ တခါမှမတွေ့ဘူးသောရေနံလက်ယက်တွင်းတွေတွေ့ရလေသည်၊ အစပထမတော့ အံ့ဩသွားလေသည်၊တောကြိုအုံကြားထဲမှာ ကားတွေရော ဆိုင်ကယ်တွေရော စားသောက်ဆိုင်အိမ်ဆိုင်တွေရော နဲ့ ဆူညံစွာစည်စည်ကားတွေ့လိုက်ရသောကြောင့်ဖြစ်သည်၊ အဲ့ဒီမှာရေနံတွင်းစက်ပစ္စည်းများ တရုပ်နီစက်အင်ဂျင်များ ပြုပြင်သော ဝပ်ရှော့ တွင်ခုံများလည်းပြည့်ပြည့်စုံစုံရှိလေသည်၊ ထိုနေရာတွင်ရှိသော ကား ဆိုင်ကယ်လူများသည်ကျောဖက်မှလာရောက်လုပ်ကိုင်ကြခြင်းဖြစ်သဖြင့်ကျွန်တော်လာသောလမ်းဖက်က လူခေါင်ပြီး လမ်းမကောင်းခြင်းဖြစ်လေသည်၊ ကျွန်တော်လည်း သူငယ်ချင်းတို့လေ့လာစေရန်အမှတ်တရဓာတ်ပုံရိုက်လာခဲ့လေသည်၊ရှေ့အပတ်ဆက်ရေးပါအုံးမည်။
Post writer=@yuzana(shineshine)
MSC=146
Ok good
👍 👍
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here