တမာတမ်းချင်း
တမာတမ်းချင်း
= = = =
အညာလို့ဆိုလိုက်တာနဲ့ တမာကိုပါမျက်စိထဲအပြေးလေးမြင်ရောင်မိပါတယ်တမာ...
ဟုပ်ပါတယ် အညာနှင့်တမာဟာဘယ်တော့မှခွဲ
ခြားလို့မရနိုင်သောအရာပါ....
အညာကိုချစ်တဲ့သူတိုင်းတမာကိုချစ်သလို တမာကိုချစ်ကြသူတိုင်း အညာကိုချစ်ကြပါတယ်...
အညာရဲ့နွေဦး လေပွေလေးများမြူးတဲ့အချိန် ဟောင်းရွက်ကြွေတမာရွက်တွေက မြေပြင်မှာလူးလွန့်လို့နေကြပြီပေါ့...
ပင်ယံဦးမှာလဲတမာဖူးလေးတွေပြူစစ နဲ့ အညာရဲ့နွေဦးကို တမာတွေအံတုဘို့ပြင်ဆင်နကြတာ တကယ်ကိုအားမာန်အပြည့်ပါ့လား...
လေးစားပါတယ် တမာရယ် ..
ရိုးတံကျဲကျဲနဲ့ ပင်အိုကြားထဲက ဥသြငှက်အသံကလဲ
အလွမ်းဓာပ်ခံရှိသူများအဖို့ အလွမ်းတွေပြိုဆင်းလာဖို့
ဖန်တီးထားတဲ့ပန်ချီကားတချပ်လေလား ...
အော် ..လွမ်းလိုက်တာအညာရယ်..
တချိန်ချိန်မှာတော့ အညာရဲ့နွေကို တမာတွေနဲ့အတူ
အံတုဘို့ ပြန်လာခဲ့မှာပေါ့တမာ....
ခုချိန်မှာတော့ ...
ရေကြည်ရာ မြက်နုရာမှာနေရပေမဲ့ ရင်ထဲမှာတော့
ထာဝရအညာပါ တမာ....
ဒို့ရဲ့ကျောင်းတော်မြေပြင်ပေါ်မှာလဲ စိန်ပန်းပွင့်တွေ ပြန့်ကျဲလိုနေလောက်ပြီပေါ့...
အရာရာတိုင်းကိုပြန်ပြီးကြည့်မိရင် အသက်တွေတောင်ပြန်ပြီးငယ်မိသွားပါ့လား..အို..အညာရယ်၊
ရွာရဲ့ကန်ပတ်လည် ထနောင်းပင်ရိပ်ကရေခပ်လမ်း
သူငယ်ချင်းတွေနဲ့ ရေခပ်ထမ်းကြတာ သြော်..မနေ့တနေ့ကလိုပါဘဲလား....
ဘယ်လိုပင်အညာနွေပူပါစေ ရင်ထဲမှာအပူမရှိတော့
အရာရာဟာ အေးမြလို့နေတော့မှာပေါ့တမာ.....
ရေကြည်ရာမြက်နုရာမှာ နွေအညာလိုမပူလှပေမဲ့ ရင်ထဲကအပူမီးဘယ်သူလာပြီးငြိမ်းလို့မရပါ့မလဲတမာ...
ပျော်ရာမှာမနေ တော်ရမှာနေရမယ်လို့ ဆိုရိုးစကားရှိခဲသော်ညားလည်း ကိုကတော့ ပျော်ရာမှာဘဲနေခြင်တာပေါ့တမာ...ဒါပေမဲ့ ဒါပေမဲ့လည်းပေါ့လေ...
တမ်းတမ်းတတ ငယ်ဘဝကအညာကြောင်းတွေ ပြောပြီးနေရရင် ဘယ်တော့မှမကုန်နိင်ပါဘူးတမာ...
ယာပြင်အထက်ကအပူလှိုင်းတွေအကြား လေပွေလေးတွေဆော့ကစားချိန် ပင်ယံထက်ကပုဇဉ်းရင်ကွဲ
သူမလိုဘဲ အော်နိုင်အားရက်တယ်တမာရယ်.....
ဟို..ထန်တောတဲဆီက၊ ထွက်လာတဲ့ထန်းလျှက်နံ့၊ အဲ့ဒီသင်းပျံပျံလေးကို မခံစားရတာအတော်ကြာခဲ့ပေမဲ့ အခုထိရနံ့ရနေဆဲပေါ့တမာရယ်..
အော်..တမာတွေကြွေတဲ့အညာနွေကို တခါတခေါက်တော့ ပြန်အရောက်လာခဲ့ပါ့မယ်အညာ....
သြော့့် 
လွမ်းစရာ့ တမာတွေ့ 
လွမ်းစရာ့အညာနွေ့ 
လွမ်းစရာ့ မွေးရပ်မြေ့ 
အညာနွေကို
တမာတွေနဲ့အတူ
အံတုမယ်လို့ပြန်လာခဲ့တာ
နေမင်းရဲ့အပူရှိန်က
ခွဲတမ်းကြနဲ့
ပြိုကျလာလိုက်တာ
ဒို့ရွာမှာမှ ခွဲတမ်းကပိုများနေသလိုပါ့
ယာခင်းပြင်တွေအပေါ်
အပူလှိုင်းတွေက တရိပ်ရိပ်နဲ့
လေဗွေလှိုင်းတွေက
စိတ်တိုင်းကျပျော်မြူးလို့
ရိုးတံကျဲကျဲ
အပင်အိုကြားထဲက ဥသြသံကို
နွေရဲ့ဆည်းလည်းသံလို့
ဘယ်သူကများ
တင်စားထားပါလိမ့်
သြော့့် 
လွမ်းစရာ့ တမာတွေ့ 
လွမ်းစရာ့အညာနွေ့ 
လွမ်းစရာ့ မွေးရပ်မြေ့ 
post writer -@yuzana(shineshine)
MSC=146





အညာမှာ တမာချဉ်လေးနဲ့ ဆွမ်းဘုန်းရတဲ့ အရသာ ခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ
တမာရွက်နုကို ဇီးသီးလေးနဲ့ပြုတ် ရှယ်ပါ့
အညာတောင်ပြန်ချင်သွားပီ
မွေးရပ်အညာကိုတော့ ဘယ်တော့မှမမေ့ဘူးလေ
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks minnowsupport.
မိုက်တယ်ကွာ ဒို့အညာ အကြောင်းလေး
အိမ်ပြန်ချင်တယ်....အူးးးး
ခွေးအူတာမဟုပ် ဖူးနော်
ထူးအိမ်သင်သီချင်း
ထန်းရည်အချိုကို အဲ့လိုအားရပါးရ မော့သောက်ပြစ်ချင်တာ
ဟုပ်ပါ့ဗျာ အဲ့လို့သောက်လိုက်ရမှ
ရင်ထဲက အပူကို ထန်းရည်နဲ့ ငြိမ်းကြတာပေါ့။
ကျွန်တော့်ကို အညာပြန်ချင်အောင်မလုပ်ပါနဲ့။မ ပြန်ရဲဘူး ငယ်ရည်းစားတွေ ရိုက်မှာစိုးလို့။
ဟားးး ပြော့ရော့မယ်ဆရာရယ် အညာသားမှန်ရင် အညာကိုမမေ့ပါဘူး
Wow...ကဗျာကောင်းပါ...ဖတ်လို့လည်းကောင်းတယ်....ပုံထဲမှာနောက်ဆုံးပုံသဘောအကျဆုံးဘဲ.....
အဟားး မိုက်တယ် ရေကြည်ရာမျက်နုရာနေရပေမဲ့ တခါတလေ အညာလာတဲ့အခါ ဟန်မဆောင်ကြတော့ဘူးလေ
အညာမြေကို ကျကျနန တင်စားပြီးရေးဖွဲ့ထားတာ ဘယ်နေရာ ဘယ်ဒေသမှ လိုက်မမှီအောင် ပြောပြသွားနိုင်တယ်ဗျာ။အဲဒီလိုရေးနိုင်တဲ့အရည်အချင်းကိုတော့ ချီးကျူးပါတယ်ဗျာ။အရမ်းကောင်းပါတယ်ခင်ဗျာ
ကျေးဇူးပါဗျာ
This post has received a 14.47% upvote from
thanks to: @yuzana!!!
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.
အညာက တမာတန်းလေးလည်း ချိုမဲ့ အရိပ်အယောင် ဒို့လေ မမြင်ပေ ပညာသင်ပြီးတဲ့ အခါ တိုင်းပြည်တာဝန်ထမ်းရင်းနဲ့ စာသင်ပြီး အလင်းပြမယ်လေ နားလည်နိုင်ပါစေ သာအေးရေ နားလည်နိုင်ပါစေ သာအေးရေ
အန် ရှင်နောင် ဟုဖူးလား