Copy ၏ ကောင်းကျိုး ဆိုးကျိုး

in #myanmar7 years ago

0adbcf3d-f63c-4079-9e09-8e1999fe8048.jpg
Copy ဆိုတာလွယ်လွယ်ပြောရင်ကူးတာ။ခိုးတာမဟုတ်ဘူး။ခိုးတာကသူများမသိအောင်ခိုးပြီးတော့အပြင်မှာပြန်လုပ်စားတာမျိုးကိုခိုးတယ်လို့ခေါ်တယ်။ဥပမာ သီချင်းခွေတွေကို ခိုးကူးတာ။ပြီးတော့ကိုယ်ကျိုးအတွက်အပြင်မှာရောင်းစားတာမျိုး။အဲ့ဒါခိုးကူးတာ။ခိုးcopy။သူများကိုအသိမပေးတာမျိုးကိုခေါ်တာ။ပေါ်တင်လုပ်တယ် အဲ့ဒါငါ့ဟာလို့ပြောရင် ဟုတ်ကဲ့ ကျွန်တော်က ဘယ်သူ့ဟာမှန်းမသိလို့ ကူးမိတာပါ။အဲ့လိုပွင့်ပွင့်လင်းလင်းပြော တကယ်မသိရင်။သိရဲ့နဲ့ကူးတယ်ဆိုရင် ကူးယူသည်လို့အောက်မှာရေး။
ဥပမာခု steemit မှာစာရေးနေတဲ့သူတွေ google ကနေ ပုံတွေကူးတယ်။ဘယ်သူတင်ထားမှန်းမသိဘူးgoogle ကိုပဲပေးတယ် credit.
ဘယ်သူတင်ထားမှန်းမှမသိတာကိုး။ဇစ်မြစ်မလိုက်တော့တာလဲပါတယ်။အဲ့ပုံကိုဘယ်သူတင်ထားလဲဆိုတာ။တကယ့်မူရင်းပိုင်ရှင်သိရင်တော့ ကျေနပ်တဲ့သူကကျေနပ်မယ် မကျေနပ်တဲ့သူကမကျေနပ်ဘူးပေါ့။သူလုပ်ထားတာကို ကူးပီးတော့ နိုင်ငံခြားက google website ကို ပဲ credit ပေးတာကိုး။ကျွန်တော်လဲသုံးပါတယ် copy။google ကိုပဲပေးပါတယ်။google ကကြားခံပွဲစားကိုးဗျာ။မြန်မာပြည်ကgoogle အသုံးများတဲ့အခါ google ပေါ်ပဲတင်ကြတော့ google ကိုပေးတာမဆန်းပါဘူးဗျာ။

Copy၏ကောင်းကျိုးများ
GoodCopyLogo.gif
Copy မှာကောင်းကျိုးတွေအများကြီးရှိနေတယ်ဆို သင်ယုံမလား။copy မရှိရင်ကမ္ဘာကြီ လည်ပတ်လို့မရဘူးဆိုတာရောတွေးဖူးလား။
သီချင်းတွေကိုကြည့်ရအောင်ဗျာ။လွန်ခဲ့တဲ့အနှစ်ငါးဆယ်လောက်ကသီချင်းကို ဒီခောတ်မှာပြန်ဆိုတယ်။Copy။ပေါ်တင်ဆိုတာနော်။အဲ့မှာကောင်းကျိုးရှိတယ်။လွန်ထဲ့တဲ့အနှစ်ငါးဆယ်လောက်ကဆိုရင် ဓါတ်ပြားတွေပဲထွက်နေလိမ့်မယ်။ခုခောတ်မှာ လူတစ်ရာမှာတစ်ယောက်အပြင်မှာအဲ့ဓါတ်ပြားကြီးကိုမြင်ရဖို့ခဲယဉ်းလိမ့်မယ်။ခုခောတ်အဆိုတော်ကပြန်ဆိုပြီးတော့ အသက်သွင်းလိုက်တဲ့အခါမှာ အဲ့သီချင်းဟာ ဒီဘက်ကလူတွေသိလာတယ်။ဒါကောင်းတဲ့အချက်ပဲ။အရေးကြီးတာကမူရင်းကိုတအားကြီးမထိခိုက်ဖို့နဲ့ မဖျက်စီးမိဖို့။မိမိကူးယူပြီးတော့ပြန်လည်သီဆိုပါသည်လို့ပြောဖို့။ဒီလိုမှ ဆိုပြီးသားသီချင်းကိုမဆိုတော့ဘူးဆိုရင် လူသိဖို့ခဲယဉ်းသွားမယ်။ဒါငြင်းလို့မရတဲ့အချက်ပဲ။တစ်ချို့ကြတော့လဲ အားကျလို့ အားပေးလို့ ကြိုက်လို့ တမင်သပ်သပ်ကိုတင်တာမျိုးလဲရှိတယ်.ကိုယ်သဘောကျ ချစ်ခင်တဲ့သူတွေဟာကျ အများသိအောင် copy လုပ်ပြီးတော့ ကိုတင်ပေးတာ။ကိုယ်သိသလိုကိုယ့်သူငယ်ချင်းတွေကိုလဲသိစေချင်လို့တင်ပေးတာ copy။

ဗိုလ်ချုပ်အောင်ဆန်း ကျွန်တော်တို့ရဲ့ အာဇာနည်ဖခင်ကြီးလို့အများဘာလို့သိနေလဲ။Copy လုပ်တဲ့သူတွေ ခောတ်အဆက်ဆက်သိလာလို့ပဲ။သူပြောတဲ့စကားတွေကို စာနဲ့လိုက်မှတ်ရေးထားတယ်ကျောင်းမှာပြန်သင်တယ်။FBဆိုတာသုံးလာတော့ အဲ့မှာသူပြောထားတာတွေတင်တယ်သူ့လုပ်ရက်တွေကိုတင်တယ်။သူတို့ဖန်တီးတာမဟုတ်ဘူးနော်။သူ့စာကိုcopyလုပ်ပြီးတော့မှ အောက်မှာဗိုလ်ချုပ်အောင်ဆန်းပြောတာပါလို့ရေးပေးတာ။အဲ့copyလုပ်တဲ့သူကြောင့်ကျန်တဲ့သူတွေသိရတယ်။အောင်မြင်နေတဲ့သူတွေကြည့်လိုက် သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကို အကုန်copyကူးပြီးတော့ပြန်ဖြန့်ကြလို့ လူသိများပြီးတော့အောင်မြင်လာတာ။သူတစ်ယောက်ထဲထိုင်အော်နေလို့သေတောင်မအောင်မြင်ဘူး။လူတွေကလူတွေကိုအားပေးလို့ တစ်ယောက်နဲ့တစ်ယောက်သတင်းပေးလို့သာဒီလူအောင်မြင်လာတာ။ဒါcopyရဲ့ကောင်းကျိုးထဲကနည်းနည်းပြောပြတာ။ကျွန်တော်တို့ trading လုပ်တဲ့အခါကျရင်လဲ ကိုယ်တိုင်ကမတတ်လို့ ဆရာမကျလို့ သူများဆီကအကောင့်ကိုယူပြီးတော့ copy trade ပြီးတော့အမြတ်အသားတင်ယူနေရတဲ့အခိုက်တန့်တွေဆိုတာကြုံဖူးတဲ့သူတွေကြုံဖူးမှာပါ။ဒါကျတော့အကျိုးမြတ်ရှိတယ် သူ့မူရင်းအကောင့်ကိုလဲမထိခိုက်ဘူးပေါ့ဗျာ။

(က) ကို ကကြီးလို့ မွေးထဲကဘယ်သူမှမတတ်ခဲ့ဘူး။တတ်အောင်သင်ယူရတယ်။ဆရာဆရာမရဲ့လုပ်နည်းရေးနည်းကို copyယူခဲ့ရတယ်။ဒါတွေကြောင့်သာခုလိုစာအရှည်ကြီးတွေရေးနိုင်တာဆိုရင်ဘယ်သူငြင်းမလဲ။တစ်ယောက်ကစလုပ်တယ်။လုပ်တာကို copy ယူပြီးတော့ ဖြန့်ပေးကြတယ်။အဲ့စလုပ်တဲ့သူနာမည်ကြီးလာမယ်။ဒါကောင်းတဲ့အချက်ပဲ။နည်းပညာတစ်ခုကိုတည်ထွင်တယ်။အဲ့နည်းပညာကိုတည်ထွင်တဲ့သူက ဘာနဲ့ဘာနဲ့ပေါင်းရင်ဘာရမလဲဆိုတာကို သူတွေးပြီးတော့အကောင်ထည်ဖော်ပြီးတော့လုပ်တယ်။သူပစ္စည်းတစ်ခုထုတ်လိုက်တယ်။သူ့မှာငွေအရင်းနှီးကမရှိဘူး။သူ့ပစ္စည်းကမှန်းထားသလောက်မကောင်းဘူး။ဒါဆိုရင် သူ့ထက်ကောင်းအောင်သူ့နည်းပညာအတိုင်းပဲကို copy လုပ်ပြီးတော့ တတ်နိုင်တဲ့သူက သူနဲ့ပေါင်းပြီးတော့ နည်းပညာဆရာတွေလဲခေါ် အကူအညီနဲ့ ကောင်းတဲ့ပစ္စည်းတစ်ခုဖြစ်အောင်ဖန်တီးကြတယ်။လူသားတွေအတွက်အကျိုးရှိတဲ့ပစ္စည်းဆိုရင် သူတို့copyလုပ်လိုက်တာဟာအကျိုးရှိတယ်။ပစ္စည်းအားလုံးဟာမှီငြမ်းရတယ် copy မလုပ်ရင်မရဘူး။တစ်ယောက်လုပ်တာကိုနောက်ကနေအတုလိုက်ခိုးပြီးတော့လုပ်တာ။ဒါသဘာဝပဲ။နိုင်ငံရေးလုပ်တာတောင်အင်အားကြီးနိုင်ငံတွေဘယ်လိုလုပ်လဲဆိုတာကြည့်ရင်းနဲ့ လိုက်လုပ်ရတာမျိုးတွေရှိတယ်။အဲ့ဒါကြောင့်လဲမြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုလှမ်းတတ်လာတာဖြစ်တယ်။

Copy ၏ ဆိုးကျိုးများ
Bad_Copy-Logo-Bitmap-600dpi.png
Copy မှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေအများကြီးရှိတယ်။စလုပ်တဲ့သူက ကောင်းနေတာကို နောက်ကနေလိုက်ဖျက်တာမျိုး။ဒါကျမကောင်းဘူး။ထပ်ဖြည့်စွက်ပြီးတော့သူရေးပါတယ် သူလုပ်ထားပါတယ်ဆိုတာ မကောင်းဘူး။လုပ်တဲ့သူဟာတော်ရုံအရှက်နဲ့မရဘူး။
ကူးတဲ့သူလဲမကောင်းသလိုကူးယူခံရတဲ့သူကလဲ နာမည်ပျက်တယ်။နောက်ကလုပ်တဲ့သူတွေကမကောင်းရင်။ဘုရားစာတရားစာတွေကို ခောတ်အဆက်ဆက်copy ကူးလာတယ်။ဒါမှားလို့မရဘူး ကူးတဲ့သူဘက်က။မှားရင်အများကြီးလွဲသွားမယ် ကျန်တဲ့စာတွေလိုမဟုတ်ဘူး။အဲ့ဒီတော့ steemit မှာရေးတဲ့အခါ copy ဆင်ဆင် မှီငြမ်းဖြစ်နေမှရမယ်။ဘုရားစာတွေရေးလိုက် ပါဠိလို အောက်ကမြန်မာလိုဘာသာပြန်လိုက် ဒါမှီငြမ်း။ဘုရားစာက ဒဲ့ကူးတာ copy။အဲ့တော့ copy + မှီငြမ်း။ကျွန်တော်လဲနှစ်ပုဒ်ရေးဖူးတယ်။ဒါပေမယ့် စီနီယာတွေပြောတော့လိုက်နာတယ်ရှောင်လိုက်တယ်ဗျ။မသိလို့ရေးမိတာပါ။MSC ထဲမ၀င်ခင်တုန်းက ကော်ပီ ငါးပုဒ်တင်ဖူးတယ်။MSC နဲ့မသိသေးဘူး။ခုအားလုံးသိသွားတော့copy လုံးဝ မတင်တော့ဘူး။မှီငြမ်းလဲမတင်ဘူး။ကိုယ်တိုင်ပဲရေးမယ်လို့ဆုံးဖြတ်ပြီးပြီ။

Copy ရဲ့ဆိုးကျိုးလား။ရှိသေးတာပေါ့ဗျာ။ကိုယ်တိုင်ကိုမရေးတတ်တော့ဘူး copy ကူးရင်းနဲ့။ရေးရမှာလဲ မရဲဘူး။သူများဟာတွေပဲ ပတ်တင်နေတာ။ကိုယ့်ဦးဏှောက်ကနေဥာဏ်ကိုထွက်မလာတော့တာပဲ။လွယ်လွယ်ရတော့အရှောင်လိုက်တတ်လာတယ်။ဦးဏှောက်ကမဖွင့်ဖြိုးတော့ဘူး။စာဖတ်အားကတဖြည်းဖြည်းပိုပိုကျဆင်းလာမယ်။နောက်ဆုံးတစ်နေကုန်လို့စာမဖတ်တာမျိုးထိဖြစ်လာမယ်။မိမိအတွက်မကောင်းဘူး။ကိုယ်တိုင်ဖန်တီးမှုအားနည်းလာမယ်။သူများပြောတာကိုနားယောင်လာမယ်။ဘာလို့ဆိုသူများတင်တာက သူတို့ခံစားချက် သူတို့ထင်တာကိုတင်တာကိုးဗျာ။အမှားတွေတင်ထားတာကို ကိုယ်ကပြန် copy လုပ်မိရင် ကိုယ်ပါ မှားရောမဟုတ်လား။အက်တော့အဆိုးနဲ့အကောင်း အကျိုးနဲ့အကြောင်း ၊ အမှားနဲ့အမှန် ကိုတွေးတောစဉ်းစားနိုင်ပြီးတော့ မှန်ကန်နိုင်ကျပါစေလို့ဆုတောင်းရင်း.....

ချစ်လှစာဖြင့်
@zarmanizawlinn
MSC-210
Author : Zarmanizawlinn
https://steemit.com/@zarmanizawlinn
Photos credit; Google Image
Capture.PNG
ကျွနုပ်သည် MSC အဖွဲ့ထဲသို့စ၀င်ပြီးသည့်နေ့မှစ၍ မည်သည့်အဖွဲ့စည်းနှင့်မျှမပတ်သက်ပါ။အကယ်၍ MSC နှင့်ပါတ်သက်သော စည်းကမ်းချက်များအားမလိုက်နာမိပါက မိမိကိုယ်တိုင် ၀န်ခံ၍ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။ စီနီယာအားလုံးကိုလေးစားပါတယ်။
3.jpg
new_steemit.gif

Sort:  

ရေးသားတင်ပြပုံကာင်းတယ်ညီလေး ။

ကျေးဇူးကိုကြီး။

ကောင်းတယ်ဗ

ဟုတ်ကျေးဇူးပါ

မှန်တယ် လေ english စာသင်ရင် abcd တော့ သင်ရမှာပဲ ဒါကိုabcd သင်နည်းကြီးက copy ကြီးဆိုပြီး လိုက်မသင်ရင် စာမတက်ရုံပဲရှိတော့မှပေါ့ မြတ်စွာဘုရားရဲ့ တရားတွေကို copy သာမကူးခဲ့ ရင် ခုချိန်မြန်မာပြည်မှာလဲ ဘုရားမရှိတရားမရှိတွေဖြစ်ကုန်မှာပေါ့ copy ကူးပြီး အောက်မှာ credit ပေးခဲ့ရင်ဒါ စော်ကားရာမရောက်ဘူးလေ

မရှိမကောင်းရှိမကောင်းဆိုတာ မိန်းမမှုတ်ဘူး copy ကိုပြောတာ အာ့လာပြောတာ

စာ​ရေးသူမူရင်း​ရေးသာသူရဲ့နာမည်​ရေးပြထားပီးတာ​တောင်​....
မရလို့....​ပြေားသလိုပဲလုပ်​ပါလို့အကြံ​ပေးခဲ့ပါတယ်​အစ်​ကို....။
ကောင်​​သေား​နေ့​လေးဖြစ်​ပါ​စေဗျာ

ဟုတ်ညီရေ ကောင်းသောနေ့ပါဗျာ

This post has received gratitude of 0.78 % from @appreciator thanks to: @zarmanizawlinn.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62195.97
ETH 2415.56
USDT 1.00
SBD 2.64