သင်ကြားဖူးလား ?

in #myanmar8 years ago

မုဒြာ ရဲ့ခေါ်သံ ××××

အင်း သင်္ဘောသားတွေအတွက်ကတော့
ရုပ်ရှင်လောကသား တွေလို ပစ်ပယ်ခံထားရတယ် ဆိုပြီး
အထက်ပိုင်းထိ နားပေါက်အောင်
ပြောဖို့တော့ အချိန်တန်ပြီ ထင်ပါ့

သူတို့က ရွာကား မြို့ကား ပေါကားဆိုပြီး
တီးတိုးသဖန်ပိုး လူမညီ တဦးကိုတဦး ဆော်ပလော်တီးနေကြ သလို
ကျနော် တို့ သင်္ဘောသား လောကမှာ လည်း ဘာထူးမှာလည်း
အတူတူပါဘဲ လေ

တခါတလေ
ဟို စန္ဒယားဆရာကြီးလို စင်ပေါ်တက်ပြီး
(လက်ထဲ အကယ်ဒမီ ရုပ်ထု ကလည်း ကိုင်စရာမရှိတော့)
ALL IN ONE လတ်မှတ်လေး ကိုင်ပြီး
အားလုံးသိအောင်
ဒဲ့ တက် ဆော်ရင် ကောင်းလေမလား
ဒါလည်းမဖြစ်နိုင်သေး
ကိုယ်က ဘာကောင်မှ မဟုတ်တာလေ

ကိုယ်တွေ သင်္ဘောသား တွေရဲ့ဘဝကလည်း
" နေခြည်မှာရွှေရည်လောင်း " ဇတ်ကားဆုနံမည် လို
ဒေါ်လာ လောင်းပြီး အေးဂျင့်ပေးတက်ရတဲ့ ဘဝတွေမို့လား

ဘာဘဲဖြစ်ဖြစ်
" ထာဝရအမေ " လို
ရုပ်ရှင်အသံ တည်းဖြတ် ဓာတ်ပုံ ဒါရိုက်တာ ဆုတွေ ရကြတော့
အိမ်က သားတော်မောင် လူသစ်ဘဝနဲ့ သင်္ဘောတက်ရရေး
အိမ်ဂရံ ၅ ကျပ်တိုး နဲ့ပေါင် ပေးခဲ့တဲ့ "ထာဝရအမေ " ကို
သင်္ဘောပေါ်ကနေ သတိရ နေတဲ့ သူတွေလည်း အများကြီး ရှိမှာပါ

ဇတ်ပို့ဆု နဲ့ဓာတ်ပုံ ဆု ရတဲ့
"သရဲမ ဘီလူးမ နှင့် မိန်းမပျို "ကတော့ သင်္ဘောတက်ဖို့ စောင့်ရင်း
လိုင်းက မခေါ် အိမ်မှာ နှစ်ချီ ကြာလာတော့
တခါတလေ လေး အပြင်မှာ ဘီယာထွက်သောက်မိရင်တောင်
အပြင်မှာမိန်းမပျိုလေးတွေနဲ့ ထွက်ကဲနေမလား ဆိုပြီး
အမြင်စောင်းပြီး
အသံထွက် မျက်လုံးပြူးကျယ်ထွက် လာတဲ့ အိမ်ကမိန်းမကလည်း
မမေ့နိုင်စရာ အဖြစ်မို့

နောက်ဆုံး "တာတေ "ထဲက မင်းသားနေတိုး လို
စိတ်လေပြီး အကယ်ဒမီ ဆန်ဆန်
သရဲပူးချင် ရောင်ဆောင်ရင်ကောင်းလေမလား လို့လည်း
မတွေးမိစေနဲ့

သရဲမကြောက်တတ်တဲ့
အိနြေ္ဒာကျော်ဇင် ရဲ့ " ရင်ဘတ်ထဲက ဓား " ကိုယ့် ဘိုက်ထဲရောက်လာလိမ့်မယ်

ဒါ့ကြောင့် ပွဲဆူနေတဲ့
" မုဒြာရဲ့ ခေါ်သံ " အစား
" အေးဂျင့် ရဲ့ ခေါ်သံလေး "လုပ်ကြပါအုံး လို့
" ရွှေ ကြာ " တော့ လာမလုပ်နဲ့
ကြာတာ ကတခုဘဲ ကောင်းတယ်
(သင်္ဘောမှာ အနေကြာပြီး ပိုက်ဆံတွေစု ဆောင်းမိနေတာကို ပြောတာပါ)

နောက်ဆုံး
" အမှောင်မှာ ရွာချတဲ့ မိုးတိမ် " က မြင့်မြတ် ရဲ့ အကယ်ဒမီဆုပေးပွဲရဲ့
လေသံ လေးနဲ့ နိဂုံး ဂုတ် ပြောရရင်တော့
သင်္ဘောသားတွေကို နိုင်ငံတော်က တာဝန်ရှိသူတွေက
ပစ်ပယ် မထားကြပါနဲ့ လို့ ဘဲ
တောင်းဆိုလိုက်ပါရစေ

Credit.တင်မောင်ဆွေFB_IMG_1521994407938.jpg

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 65998.10
ETH 1985.71
USDT 1.00
SBD 0.50