အမေမှာတဲ့ စာဖတ်ပါsteemCreated with Sketch.

in #myanmar9 years ago

19959001_133671953889476_7450353329534116570_n.jpg
သားရေ
အကယ်လို့များ အမေ့သားက
လူသားတစ်ယောက်မို့ အသည်းကွဲခဲ့ရင်
အရက်မသောက်ပါနဲ့နော်။
စာဖတ်လိုက်ပါ သား။
သားရေ
အမေ့သားကလဲ ပုထုဇဉ်လူသားပဲမို့
အလိုမပြည့်တာလေးများကြုံလာရင်
စိတ်မညစ်သွားစေနဲ့နော် သား
စာပဲဖတ်နေလိုက်ပါ သား။
သားရေ
အမေ့သားလေး ကြိုးစားဖြေထားတဲ့
စာမေးပွဲကြီးများ ကျခဲ့ရင်
စိတ်ဓာတ်တွေ ကျမသွားစေနဲ့နော် သား။
စာပေကောင်းတွေ ရှာဖတ်လိုက်နော် သား။
သားရေ
လောကကြီးက နိမ်ချည်တစ်ခါ သာချည်တစ်လှည့်ရယ်မို့
ငါ့သားလေးများ အခက်အခဲတွေကိုရင်ဆိုင်နေရရင်
စာများများဖတ်နော် သား။
စာထဲက လမ်းပြလိမ့်မယ်။
သားရေ
လိုတမျိုး မလိုတမျိုး လူတွေနဲ့ကြုံတဲ့အခါ
သူတို့အတင်းအဖျင်းကို မပြောမိစေနဲ့နော် သား။
အတင်းအဖျင်းပြောမည့်အစား
စာတွေပဲ ဖတ်နေလိုက်ပါ သား။
သားရေ
အမေတို့ရဲ့ မပြေလည်မှုတွေကြားရတဲ့အခါ
ဝမ်းနည်း ကြေကွဲမနေနဲ့နော် သား။
သူ့ကံနဲ့သူ လာပြီးသားဆိုတာ
အမေ့သား အမေတို့ကို ဟောထားတဲ့တရားပဲလေ။
သားရေ
တခြားရဟန်းတွေ လူထွက်ကြတယ်တဲ့။
အမေ့သားလေးတော့ လူမထွက်ပါနဲ့သားရယ်။
လူထွက်ချင်စိတ်ပေါက်ရင်
တရားစာတွေ များများဖတ်နေလိုက်ပါ သား။
သားရေ
လောကီဆိုတာ အပူတွေပါ သား။
အေးငြိမ်းတဲ့ လောကုတ္တရာမှာ
အမေ့သားလေး ပျော်တတ်အောင် ပျော်ပေးပါသား။
အဲ့ဒီအတွက် တရားစာတွေတော့ များများဖတ်ပေါ့သား။
စာ များများဖတ်နော် သား။
သူများတွေထက် ခေါင်းတစ်လုံး
အမြဲပိုနေစေချင်တယ် သားရယ်။
¥¥ အတွေးလှ ဆရာတော် ¥¥
Credit. To. မူရင်း (original uploader)

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 68240.24
ETH 2087.29
USDT 1.00
SBD 0.47