ပရိတ်​​တော်​ရွတ်​ဖတ်​နာကြားရခြင်း အကျိုး (ဇာတ်​သိမ်းပိုင်း)

in #myanmar8 years ago

ပရိတ်​​တော်​ရွတ်​ဖတ်​နာကြားရခြင်း အကျိုး
(ဇာတ်​သိမ်းပိုင်း)
meditation-2214532__480.jpg
Credit-https://pixabay.com/en/meditation-buddhism-monk-temple-panorama-2214532/
"စကားဆက်​ရမယ်​ဆိုရင်​ အခုကျ​နော်​တို့ ပရိတ်​တရား​တော်​အ​ကြောင်း ​ဆွေး​နွေး​ပြော ဆို​နေတာဟာ ပညာပါရမီ ဖြစ်​တည်​တယ်​လို့ ဆိုရမယ်​၊ပညာပါရမီ ဆိုတာက အပြစ်​ကင်းတဲ့ပညာကိုသင်​ကြား ​ပြောဆို​ဆွေး​နွေးခြင်း​ပေါ့​ဗျာ"
ထိုစဉ်​ တပ်​ခွဲအရာခံ​ဗိုလ်​ ​ဗိုလ်​​လေး ခင်​​မောင်​မြင့်​မှ အ​အေးတိုက်​ရန်​ အာလုံးစီစဉ်​ပြီး​ကြောင်းလာ​ရောက်​သတင်းပို့၏။
"​ဗိုလ်​ကြီး သံဃာ​တော်​​တွေနဲ့တရားနာပရိတ်​သတ်​ကို အ​အေးတိုက်​ဖို့အားလုံးစီစဉ်​ပြီးပါပြီ"
"​ကောင်းပြီ ​ဗိုလ်​​လေး၊ဧည့်​ပရိသတ်​ကို​တော့ တရားနာပြီးမှ တိုက်​ပါ၊တရားပြီးကာနီးမှ အ​အေးဘူး​တွေကို​ရေခဲ​သေတ္တာထဲကထုတ်​လာ​ပေါ့"
"ဟုတ်​ကဲ့ ​ဗိုလ်​ကြီးသွားခွင့်​ပြုပါအုံး"
"ကို​ပြောတဲ့ ပရိတ်​​တော်​ရွတ်​ဖတ်​ရင်​ပါရမီ ဆယ်​ပါးဖြစ်​တည်​တယ်​ဆိုတာ ခု၎ပါး​တော့သိရပြီ​နောက်​ထပ်​ ၆ပါးထပ်​​ပြောပါအုံး"
"​နောက်​ နံပါတ်​၅အချက်​က ဝီရိယပါရမီတဲ့ နှင်းရဲ့၊ပရိတ်​​တော်​ရွတ်​ဖတ်​ဖို့ရာအတွက်​ ပျင်းရိစိတ်​​တွေကို ဖယ်​ပြီး ဝီရိယ စိုက်​မထုတ်​ရဘူးလား"

"ဟုတ်​ စိုက်​ထုတ်​ရတယ်​ ကို၊ နှင်းဆို တခါတ​လေပျင်းနေရင်​​တောင်​ ပျင်းတဲ့စိတ်​ကိုဖယ်​ပြီး မဖြစ်​မ​နေရွတ်​ဖတ်​ပူ​ဇော်​မယ်​ဆိုပြီး ဝီရိယစိုက်​ထုတ်​ရတယ်​၊ခုကို​ပြောမှပဲ ဒါဟာလည်း ပါရမီတစ်​ပါးဖြစ်​တည်​တယ်​ဆိုတာသိရတာ"
"ဟုတ်​တယ်​​ဗိုလ်​ကြီး​ရေ ကျမတို့လဲ ​ဗိုလ်​ကြီး​ပြောမှပဲသတိထားမိ​တော့တယ်​"
"​နောက်​နံပါတ်​ ၆ပါရမီက သည်းခံခြင်းဆို တဲ့ ခန္ဒီပါရမီ​ပေါ့၊ပရိတ်​​တော်​ရွတ်​ဖတ်​စဉ်​ ​ညောင်းညာခြင်း အစရှိတဲ့​ဝေဒနာကို သည်းခံရွတ်​ဖတ်​ရတာ​ဆို​တော့ ခန္ဒီပါရမီဖြစ်​တည်​သလိုဖြစ်​တာ​ပေါ့"
"​အော်​..ဟုတ်​ကဲ့" ရဲ​မေများက ​ခေါင်းတညိတ်​ညိတ်​နှင့်​ စိတ်​ဝင်​တစားနား​ထောင်​​နေ​လေသည်​။
"​နောက်​ပြီး မှန်ကန်​​ဖြောင့်​မတ်ခြင်းဆိုတဲ့ေ​သစ္စာပါရမီဖြစ်​တည်​တယ်​၊ ပရိတ်​တရား​တော်​ရွတ်​ဖတ်​ခြင်းဟာ မှန်​ကန်​​သော​ဒေသနာ​တော်​ ဖြစ်​တဲ့အတွက်​ သစ္စာပါရမီ မည်​ပါသတဲ့​ဗျာ"
"​ကျ​နော်​တို့​တွေပရိတ်​​တော်​ရွတ်​ဖတ်​ပူ​ဇော်​ကြတဲ့အခါ ဘယ်​​နေ့ဘယ်​​နေ့ မှာရွတ်​မယ်​၊ဥပမာ မိမိရဲ့​မွေး​နေ့ရက်​ လပြည့်​ရက်​ အစရှိသဖြင့်​ အဓိဌာန်​ထားပြီး ပူ​ဇော်​ကြတယ်​မဟုတ်​လား"
"ဟုတ်​ကဲ့ ကျမဆို တနင်္ဂ​နွေ သမီးဆို​တော့ တနင်္ဂ​နွေ ​နေ့တိုင်းရွတ်​တယ်​​ဗိုလ်​ကြီး"
ဗိုလ်​ကြီး​ဇော်​​ဇော်​ဦးအမျိုးသမီးကဝင်​​ဖြေသည်​။
"အဲ..အဲ့လိုမျိုး သတ်​မှတ်​ချက်​ ထားပြီးရွတ်​ ဖတ်​ပူ​ဇော်​ရတဲ့ အ​လေ့အထဟာ အဓိဌာန်​ ပါရမီကို ဖြစ်​တည်​ရာ​ရောက်​တယ်​​ဗျ"
"​နောက်​ပြီး ပရိတ်​​တော်​ရွတ်​ဖတ်​ရာမှာ သတ္တ၀ါ ​တွေအ​ပေါ်သနားကြင်​နာ ချစ်​ခင်​စိတ်​ထားတဲ့အတွက်​ ​မေတ္တာပါရမီနဲ့ ရွတ်​ဖတ်​ပူ​ဇော်​​နေချိန်​မှာ ချီိးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းတို့ကို လျစ်​လျူရှုနိုင်​တာ​ကြောင့်​ ဥပက္ခာပါရမီ တို့လည်းဖြစ်​တည်​တာ​ပေါ့"
"ပါရမီ ဆယ်​ပါးဖြစ်​တည်​တာ​တော့ သိပြီကို ​နောက်​ထပ်​ သိသင့်​တာ​တွေရှိလည်း​ပြောပါအုံး"
"ရှိတာ​ပေါ့နှင်းရဲ့ ရွတ်​ဖတ်​သူ​တွေလိုက်​နာရမယ့်​ အချက်​​တွေနဲ့ အင်္ဂါရပ်​​တွေရှိသလို နာကြားသူ​တွေလိုက်​နာရမယ့်​အချက်​နဲ့ အင်္ဂါရပ်​​တွေ လည်းရှိတယ်​"
"ဒါဖြင့်​ အဲ့ဒီ သိသင့်​တဲ့အချက်​​တွေ လင်းပါအုံး ကိုဇင်​မင်းထက်​ရဲ့"စကားဝိုင်းတစ်​ခုလုံးတိတ်​တဆိတ်​နား​ထောင်​​နေ​သော ​ဗိုလ်ကြီး​ဇော်​​ဇော်​ဦးက​မေးလာ​သဖြင့်
"ဒီလိုကွ ညီရ ပရိတ်​​တော်​ကို​ရွတ်​ဖတ်​ပူ​ဇော်​မယ့်​သူဟာ ခန္ဓာကိုယ်​၊ အဝတ်​အစားနဲ့ ရွတ်​ဖတ်​မယ့်​​နေရာသန့်​ရှင်းစင်​ကြယ်​ရမယ်​၊ဝမ်း​ဗိုက်​​တောင့်​တင်း မ​အောင့်​အင်း​စေဖို့အတွက်​ အစားအ​သောက်​ကို သင့်​တင့်​မျှတရုံသာ စားရမယ်​၊ပတ်​ဝန်းကျင်​ဆူညံမှုမှလည်းကင်း​ဝေး​သော​နေရာဖြစ်​ရမယ်​တဲ့"
"ပရိတ်​ရွတ်​သူမှာ ပြည့်​စုံရမယ့်​အင်္ဂါရပ်​​တွေရှိ​သေးတယ်​၊အဲ့တာက ရွတ်​ဖတ်​သူဟာ ပုဒ်​-ပါဌ်​ အက္ခရာ,မချွတ်​ယွင်း မပျက်​စီး​အောင်​ မှန်​ကန်​စွာ ရွတ်​ရခြင်း၊ပါဠိအနက်​အဓိပ္ပါယ်​ကိုသိရှိနားလည်​ခြင်း၊နာကြားသူ သတ္တဝါတို့အ​ပေါ် သနားချစ်​ခင်​ ဂရုဏာထားမှုနဲ့ လာဘ်​လာဘကို​မျှော်​ကိုးရွတ်​ဆိုခြင်းမဟုတ်​ခြင်း ဆိုတဲ့ အင်္ဂါရပ်​​တွေနဲ့ ညီရမယ်​တဲ့"
"ဒါဖြင့်​ နာကြားသူ​တွေအတွက်​ ညီညွတ်​ရမယ့်​အချက်​​တွေက​ရော အကို"
"နာကြားသူမှာညီညွတ်​ရမယ့်​အချက်​နဲ့ အင်္ဂါ ရပ်​ဆိုပြီးရှိတယ်​၊ ညီညွတ်​ရမယ့်​အချက်တွေ
က ​လေးစားကြည်​ညိုစွာနာကြားခြင်း၊အယူမှား​သောမိစ္ဆာဒိဋ္ဌိဝါဒမှကင်းလွတ်​ခြင်း၊စူးစိုက်​ယုံကြည်​စွာ စွဲမြဲမှတ်​သားနားယူခြင်းတဲ့"
"အင်္ဂါရပ်​​တွေက​ရော ဘာ​တွေလည်း ကို"
"​ပြောမယ်​​လေ ​ဖြေး​ဖြေး ​ပေါ့နှင်းကလည်း၊
နာကြားသူရဲ့ အင်္ဂါရပ်​ သုံးခုရှိတယ်​၊ပဉ္စနန္တိယ ကံကြီးငါးပါးက​နေကင်းလွတ်​​ရမယ်​၊ကံ,ကံ၏အကျိုးကို ပစ်​ပယ်​​တတ်​​သော မိစ္ဆာဒိဋ္ဌိအယူမရှိရဘူး၊ပရိတ်​တရား​တော်​မှာ ယုံကြည်​မှုရှိရမယ်​ တဲ့"
"ကျမတို့​တော့ ဒီ​နေ့ တရားလာနာရတာ အကျိုးရှိသွားပြီ ​ဗိုလ်​ကြီး​ရေ"
"ဟုတ်​ပ ဟုတ်​ပ ခုမှ ပရိတ်​​တော်​ကို ပိုမိုယုံကြည်​စိတ်​ဝင်​လာပြီးပုံမှန်​ရွတ်​ဖတ်​ပူ​ဇော်​နိုင်​​အောင်​ ကြိုးစား​တော့မယ်​"
"သာဓုပါ​ဗျာ၊ ခုလိုကြားရတာဝမ်းသာပါတယ်​၊ဘာပဲဖြစ်​ဖြစ်​ ခင်​​ဗျားတို့လို့ ရဲ​မေ​တွေက ဘုရားတရားပိုပြီးလုပ်​ရမယ်​မဟုတ်​လား၊ဘာလို့ဆို လင်​​ယောက်ျား​တွေ​ရှေ့တန်းစစ်​​မြေပြင်​သွား​နေစဉ်​မှာ ​ဘေးအန္တရာယ်​ကင်း​ဝေး​အောင်​ အိမ်​မှာရှိတဲ့
ဇနီးမယားက ဘုရားတရားပိုမိုလုပ်​​ပေးရမယ်​​လေ"
"ဟုတ်​ကဲ့ ဒါနဲ့ ​ဗိုလ်​ကြီး ခု​ပြောပြတာ​တွေ ဘယ်​လိုသိလဲဟင်​"
"သိပ်​ခက်​ခက်​ခဲခဲ မရှိပါ ဘူး​ဗျာ၊ အလိမ္မာစာမှာရှိတဲ့ ၊ကျ​နော်​တို့သိချင်​တာ​တွေရှိရင်​ စာအုပ်​စာ​ပေ​တွေထဲမှာရှာ​ဖွေလို့ရတာပဲ​လေ၊အဓိက က စာဖတ်​ဖို့ပဲ၊စာဖတ်​တဲ့အ​လေ့အကျင့်​​လေး ကျ​နော့ရဲ​မေ​တွေကို ​မွေးမြူ​စေချင်​တယ်​​ဗျ၊တပ်​မှာလည်း စာကြည့်​တိုက်​ဖွင့်​လှစ်​​ပေးထားတာပဲ၊အဲ့ဒီမှာ စာအုပ်​ စာ​စောင်​​လေး​တွေ ငှါးရမ်းဖတ်​ရှု​ပေါ့​ဗျာ၊စာဖတ်​များလာရင်​ အ​တွေးအ​ခေါ် ​တွေပါရင့်​သန်​လာမယ်​​ဗျ၊ဒါ​ကြောင့်​ ကျ​နော်​​က​တော့ စာများများဖတ်​ကြပါလို့ပဲ​ပြောချင်​တယ်​၊ ​ဟော ဆရာ​တော်​​တွေလည်း ကြွလာပြီထင်​တယ်​ သွားကြို တဲ့ကားတပ်​ဂိတ်​က​နေဝင်​လာပြီ၊ကျ​နော်​တို့ ပရိတ်​တရား​တော်​ကို အကျိုးရှိရှိ နာယူကြရ​အောင်​​ဗျာ"

ပြီးပါပြီ......

@zinminhtet
Msc-126

Sort:  

နေ့တိုင်း မိုးလင်းတာနဲ့ ပရိတ်တရားဖွင့်ထားဖြစ်တယ်

သာဓုပါခင်​​ဗျာ

ဖက်လို့ကောင်းပဗျာ👍

ကျေးဇူး bro

နေ့တိုင်း ပုံမှန်ရွတ်ဖတ်နိုင်ရင်ပိုကောင်းပါတယ်

အဓိဌာန်​ပါရမီဖြစ်​တာ​ပေါ့

ကောင်းပါပေ့ဗျာ။

အား​ပေးတာ​ကျေးဇူးပါကိုမြင့်​​ရေ

ရွတ်​နိုင်​သ​လောက်​ရွတ်​ဖြစ်​ပါတယ်​ကိုမင်း​ရေ။

ကောင်းတာ​ပေါ့ခင်​​ဗျာ

စာများများဖတ်ဆိုတာလေး ထောက်ခံတယ်

စာများများဖတ်​​တော့ အသိပညာ​​ဗဟုသုတတိုးတာ​ပေါ့ခင်​​ဗျာ

ပရိတ်အကျိုး အံ့မခန်းပါဗျာ

လူတိုင်း​စာဖတ်​သင့်​ပါတယ်

အရမ်းအကျိုးရှိတယ်​ဗျာ ​ကျေးဇူးပါကိုဇင်

အား​ပေးတာ​ကျေးဇူးပါခင်​​ဗျာ

ပရိတ်တရားတော်တွေက ကိုယ်တိုင်ရွတ်ဖတ်ပွါးများနိုင်ရင် ပိုအကျိုးရှိပါတယ်

ဟုတ်​ပါတယ်​ ကိုချစ်​​ရေ