Funny

in #myanmar6 years ago

သင့်ဘ၀ဟာ စာအုပ်တစ်အုပ်နဲ့ တူတယ် …



နေ့တိုင်း သင့်ဘ၀နဲ့ ရင်းပြီး စာတွေ ရေးနေတယ် …



ဘယ်လိုစာတွေကို သင်ရေးနေလဲ …



တစ်ခါတစ်လေမှာ သင့်မှတ်တမ်းလေးတွေက သာယာတယ် …



တစ်ခါတစ်လေမှာ သင့်မှတ်တမ်းတွေက စိတ်ပျက်စရာ ကောင်းတယ် …



တစ်ခါတစ်ရံမှာ သင့်စာအုပ်ထဲက စာမျက်နှာတစ်ခုက ကြေမွသွားတယ် … သင်ဘယ်လိုကြိုးစား ကြိုးစား အဲဒီစာမျက်နှာက အကောင်းအတိုင်း ပြန်ဖြစ်မလာနိုင်တော့ဘူး …



တစ်ချို့က အဲဒီလိုဖြစ်တာနဲ့ ဘာမှ ဆက်မလုပ်နိုင်တော့ပဲ ပူဆွေးနေတတ်တယ် …



ဒါပေမယ့် သင်နားလည်ရမှာက သင့်မှာ အကောင်းအတိုင်း ရှိနေတဲ့ စာမျက်နှာပေါင်းများစွာ ကျန်သေးတယ် …



အဲဒါတွေအတွက် သင့်ရဲ့ ဦးဆောင်မှု လိုနေတယ်  …



တစ်နေရာမှာ အဆင်မပြေတာဟာ နေရာတိုင်းမှာ အဆင်မပြေတာ မဟုတ်ဘူး …



လုပ်ငန်းတစ်ခုမှာ အဆင်မပြေတာဟာ အလုပ်တိုင်း အဆင်မပြေတော့တာ မဟုတ်ဘူး …



အလုပ်ထဲမှာ တစ်ယောက်နဲ့ အဆင်မပြေတာဟာ အလုပ်ထဲက လူတိုင်းနဲ့ အဆင်မပြေတာ မဟုတ်ဘူး …



သင့်ကို လူတစ်ယောက်က ဒုက္ခပေးသွားတယ်ဆိုတာဟာ လူတိုင်းက မကောင်းဘူးလို့ မဆိုလိုဘူး …



သင့်ဘ၀ထဲမှာ ချစ်ခင်ရတဲ့ လူတစ်ယောက်ဆုံးရှုံးသွားတာဟာ အရာအားလုံးကို ဆုံးရှုံးလိုက်ရတာ မဟုတ်ဘူး …



သင်အမှားတစ်ခုလုပ်မိတာဟာ သင်ဘယ်တော့မှ အမှားပြန်လည် မပြင်ဆင်နိုင်တော့ဘူးလို့ မဆိုလိုဘူး …



ညမှောင်နေတာဟာ နေမထွက်လာတော့ဘူးလို့ မဆိုလိုဘူး  …



ပြီးခဲ့တဲ့ စာမျက်နှာတွေကနေ အနာဂါတ်အတွက် ကောင်းတဲ့သင်ခန်းစာတွေယူပါ …



ရှေ့ဆက်ရမယ့် ဘ၀စာမျက်နှာတွေအတွက် အကောင်းဆုံးဖြတ်သန်းပါ …



သင့်ဘ၀တစ်သက်တာစာအုပ်ကို သင်အသက်ကြီးလာတဲ့တစ်နေ့ကျရင် သင့်သားသမီး မြေးမြစ်တွေနဲ့ သင့်အနီးအနားက လူငယ်တွေကို ပေးဖတ်မယ်ဆိုရင် သူတို့ကို ဘာသင်ခန်းစာတွေ ရသွားစေချင်လဲ …



ဘ၀မှာ ၀တ်စုံပြည့် လေ့ကျင့်တယ်ဆိုတာ မရှိဘူး …



ရှေ့ဆက်တဲ့အခါ အရာရာကို သတိထားပါ …



လူကောင်းတွေနဲ့ ပေါင်းပါ …



သင့်ရဲ့ ပညာသာလျှင် သင့်အတွက် အကောင်းဆုံး Coach တစ်ဦးဖြစ်တယ် …



တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း ကိုယ်တကယ်လိုချင်တာက ဘာလဲ … ကိုယ်ဒါကိုလုပ်ရင် ကိုယ်လိုချင်တာကို ထိခိုက်နိုင်လား အမြဲစဉ်းစားပါ …



လေ့လာပါ … ကြိုးစားပါ … သင်ယူပါ …

FB_IMG_1516472969758.jpg

Sort:  

Congratulations @zinmintun! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66015.85
ETH 3551.21
USDT 1.00
SBD 3.13