baba Vangaရဲ့ထိတ်လန့်ဖွယ် ဟောကိန်း များsteemCreated with Sketch.

in #myself7 years ago

၁၉၉၆ တွင် သေဆုံး ခဲ့သည့် မျက်မမြင် Vanga အမျိုးသမီးကြီး ရဲ့ ထိတ်လန့်ဖွယ် ဟောကိန်း များ ဟာ မှန်ကန် ခဲ့တာ ကြောင့် သူမ ဟာ ကမ္ဘာကျော် ခဲ့ ပါတယ်။ သူမ အသက် သုံးနှစ် အရွယ် ကတည်း ကပင် သူမ ရဲ့ မိဘ နှစ်ပါးလုံး သေဆုံး ခဲ့ပြီး သူမ အသက် ၁၂ မှာ မျက်စိ ကွယ်ခဲ့ ပါတယ်။

Vanga ဟာ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာမည့် အကြောင်းတွေ၊ ဆိုဗီယက် ယူနီယံ ကြီး ပြိုကွဲမည့် အကြောင်း၊ အရှေ့ဂျာမနီ နှင့် အနောက်ဂျာမနီ ပူးပေါင်း သွားမည့် အကြောင်း၊ မင်းသမီး ဒိုင်ယာနာ သေဆုံးမည့် အကြောင်းတွေ၊ အင်ဒိုနီးရှား ဆူနာမီ ဖြစ် ပေါ်မည့် အကြောင်းတွေ၊ world trade center ဖြိုချ ခံရမည့် အကြောင်း၊ ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပေါ်မည့် အကြောင်း၊ ၄၄ ယောက်မြောက် အမေရိကန်သမ္မတ ဟာ လူမည်း ဖြစ်မည့် အကြောင်း စသည့် ကမ္ဘာ့ ထိတ်လန့်ဖွယ် ဖြစ်ရပ်များ ကို သူမ မသေ ဆုံးမီ ကပင် မှန်ကန်စွာ ဟောကိန်း ထုတ်နိုင်ခဲ့ ပါတယ်။
သူမ ဟာ သူမ သေဆုံးမည့် ရက် နှင့် ကမ္ဘာကျော် တချို့ရဲ့ သေဆုံးမည့် ရက် အတိအကျ ကိုပင် မှန်ကန်စွာ ဟောကိန်း ထုတ်နိုင် ခဲ့ပါတယ်။

သူမ ရဲ့ ၂၀၁၆ ဟောစာတန်း ဖြစ်သည့် ISIS အဖွဲ့ပေါ်ပေါက် လာမည့် အကြောင်း၊ မွတ်စလင်များ ဥရောပ ကို နေရာယူ လာမည့် အကြောင်း၊ တရုတ်နိုင်ငံ အင်အား ကြီးမား လာမည့် အကြောင်းတွေ ဟာလဲ လတ်တလော မှန်ကန် နေသည့် ဖြစ်ရပ်များ ပဲ ဖြစ်ပါတယ်။
သူမ ရဲ့ ရှေးဖြစ်ကိန်း ဟောစာတန်း များ ဟာ ဗုဒ္ဓ ရဲ့ ဟောကိန်း များ ဖြင့် ကိုက်ညီမှု့ ရှိတာ ကိုလည်း အံ့အား သင့်ဖွယ် တွေ့မြင် ရပါတယ်။ နောက် ဘုရားတစ်ဆူ ပွင့်ပြီး မှ ကမ္ဘာ ပျက်မည့် အကြောင်း ဟာ လည်း ဗုဒ္ဓဘာသာ တို့ ရဲ့ ယုံကြည်မှု တွေ့နဲ့ ကိုက်ညီ နေပါတယ်။

သူမ ဟောကိန်း ထုတ်ခဲ့ စဉ်တုန်း ကတော့ လူအများစု ဟာ မဖြစ်နိုင်ဖူး ပေါကြောင်ကြောင် ဟောကိန်း များ ဟု လှောင်ပြောင် ခဲ့ကြ သော်လည်း ထိုခေတ် အခါက ကမ္ဘာပေါ်တွင် ကြားတောင် မကြားဖူး သည့် ဆူနာမီ ကဲ့သို့ ဖြစ်ရပ်များ ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပေါ် ခဲ့ပါတယ်။
သူမ ရဲ့ဟောကိန်း တွေ အထဲ လတ်တလော စိတ်ဝင်စား စရာ အကောင်းဆုံး ကတော့ အာဖရိကန် နွယ်ဖွား အမေရိကန်သမ္မတ ဟာ အသက်ရှင်သည့် နောက်ဆုံး သမ္မတ ဖြစ်လိမ့် မယ်တဲ့။ဒီ ဟောကိန်း ဟာ အိုဘာမား ကို ဆိုလို ခဲ့တာပါ။ဒီ ဟောကိန်း မှန် မမှန် ကတော့ လတ်တလော စောင့်ကြည့် ကြရ မှာပါ။

• ရှေ့ဆက် ဖြစ်မယ့် ခန့်မှန်းချက် များ •
၂၀၁၆: အစွန်းရောက် မွတ်စလင် တို့ ဥရောပ ကို ကျူးကျော် မည်။ ယနေ့ ဥရောပ ဒေသသည် ဓာတု လက်နက် ဖြင့် စနစ် တကျ လူမျိုးတုံး တိုက်ဖျက်မှု့ကြောင့် ပျောက်ကွယ် သွားမည် ဖြစ်ပြီး ဘာမျှ မကျန် တော့သည့် စွန့်ပစ်မြေ ကဲ့သို့ အလား ပျက်သုန်း သွားမည်။
၂၀၂၃: ကမ္ဘာ့ပတ်လမ်း ပြောင်းလဲ သွားမည်။ ( ဒါ ဘာအဓိပ္ပာယ် လဲ ဘယ်သူ မှ မသိ )
၂၀၂၅: ဥရောပ ဒေသ ၏ လူဦးရေ သည် သုံညနား သို့ ကပ်သွား လိမ့်မည်။
၂၀၂၈: လူသား တို့ ဗီးနပ်စ်ဂြိုလ် ကို စွမ်းအင် ရှာဖွေရေး အတွက် ခရီး ထွက်ခွာ လိမ့်မည်။
၂၀၃၃: ကမ္ဘာကြီး ပူနွေးလာမှု့ကြောင့် ရေခဲတောင်များ အရည်ပျော် ကာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာ လိမ့်မည်။ ( ဒါ ဖြစ်ပြီး နေပြီ )
၂၀၄၃: ဥရောပ ဒေသ ကို အစ္စလာမ် ကာလီဖိတ် ဒေသ အဖြစ် အသွင်ပြောင်းရေး သည် ပြီးပြည့်စုံ ပြီ ဖြစ်သည်။ ရောမမြို့သည် မြို့တော် ဖြစ် လာမည်။ ကမ္ဘာ့စီပွားရေး လှုပ်ရှားမှု့ အားလုံးကို မွတ်စလင် တို့ ချုပ်ကိုင် အုပ်စိုးမည်။
၂၀၄၆: ကိုယ်တွင်း အဂါင်္တွေ ကို ထုတ်လုပ် လာနိုင် ကာ အလွယ်ကူဆုံး နဲ့ လူကြိုက် အများဆုံး ကုသမှု့ တွေ့လာ လိမ့်မယ်။
၂၀၆၆: အမေရိကန် တို့ ရာသီဥတု ပြောင်းလဲရေး လက်နက်သစ် တစ်မျိုး ကို ပထမဆုံး အကြိမ် စတင် ထုတ်သုံးကာ ရောမကို ပြန်တိုက် ယူမည် ဖြစ်ပြီး ခရစ်ယာန် ကို ပြန်လည် အသက်သွင်း လိမ့်မည်။
၂၀၇၆: ကွန်မြူနစ်ဝါဒ သည် ဥရောပ နှင့် အခြားသော နေရာများ တွင်ပါ ပြန်လည် ဦးမော့ လာမည်။
၂၀၈၄: သဘာဝတရား ပြန်လည် ရှင်သန် လာမည်။ ( ဤ အချက်လဲ မည်သူမျှ နားမလည်သေး )
၂၀၈၈: စက္ကန့်ပိုင်း အတွင်း အရွယ် အိုသွား စေတဲ့ ရောဂါ အသစ် ပေါ်လာမယ်
၂၀၉၇: ထို ရောဂါ ကို ကုသ နိုင်မယ်
၂၁၀၀: လူသားတို့ ပြုလုပ် ထားသော “နေ အတု” သည် ကမ္ဘာ့ ညအခြမ်း ကို တောက်ပစွာ အလင်းပေး နိုင်မည်။ (၂၀၀၈ ကထဲ က စတင်နေပြီ ဖြစ်သည်။ နူကလီယား ဖြူးရှင်း စနစ်ဖြင့် လည်ပတ် မည့် နေတု စီမံကိန်း အကြောင်း ရှာဖတ်ပါလေ )
၂၁၂၃: နိုင်ငံ အငယ်လေးတွေ မှာ စစ် ဖြစ်မယ်။နိုင်ငံကြီးတွေ လုံးဝ ဝင်မပါ။
၂၁၂၅: အာကာသ မှ ထူးခြားတဲ့ အချက်ပြမှု့ ဟန်ဂေရီမြို့ မှာ တွေ့လိမ့်မယ်
၂၁၃၀: ဂြိုလ်သား တို့၏ အထောက်အပံ့ဖြင့် လူသား တို့သည် ရေအောက် တွင် နေထိုင်နိုင် မည် ဖြစ်သည်။
၂၁၆၇: ဘာသာတရား အသစ် ပေါ်မယ်
၂၁၇၀: ကမ္ဘာ တစ်ခုလုံး အနှံ့ မိုးခေါင် မည်။
၂၁၈၇: ကမ္ဘာ့ အကြီးဆုံး မီးတောင် နှစ်တောင် ပေါက်ကွဲခြင်း လုံးဝ ရပ်တန့် သွားမည်။
၂၁၉၆: အာရှသား နဲ့ဥရောပသား လုံးဝ ရောထွေး သွား လိမ့်မယ်
၂၂၀၁: နေ ၏ စွမ်းအင် ထုက်လုပ်မှု့ နှေးလာသည် နှင့် အမျှ ကမ္ဘာပေါ်သို့ ကျရောက်သော အပူချိန် သည် လည်း ကျဆင်း လာ လိမ့်မည်။
၂၂၂၁: အပို-ကုန်းအသက်အဘို့ ရှာဖွေရေး အတွက် လူသားများ က ကြောက်မက် ဖွယ်ရာ တခုခု နဲ့ အဆက်သွယ် ရလိမ့်မယ်။
၂၂၅၆: အာကာသယဉ် တစင်း မှ ရောဂါ အသစ်တစ်ခု ကမ္ဘာမြေ ကို ပါလာ လိမ့်မယ်။
၂၂၆၂: ဂြိုလ်များ ပတ်လမ်း ပြောင်းကုန် ကြပြီး မားစ်ဂြိုလ် သည် ဥက္ကာခဲများ ၏ အန္တရာယ် ကို ရင်ဆိုင် ရမည်။
၂၃၆၄: နေတု ပေါ်တွင် ချို့ယွင်းမှု့တစ်ခု ဖြစ်သော ကြောင့် မိုး ပိုခေါင် လာမည်။
၂၂၇၁: ရူပဗေဒ ဆိုင်ရာ ဥပဒေများ ပြောင်းကုန်မယ်။
2273: White, black and yellow races will form 1 new race.

(အဖြူရောင် အနက်ရောင် နဲ့ အဝါရောင် လူမျိုးသစ် တစ်မျိုးနွယ် ဖွဲစည်းရန် ပါ လိမ့်မယ်)
၂၂၈၈: အချိန် ခရီးသွားခြင်း နှင့် တပါး အဆက်အသွယ်
၂၂၉၁: နေက တဖြည်းဖြည်း အေးလာမယ် ကြိုးစား ပြီးတော့ ပြန်ပူအောင် လုပ်ရမယ်
၂၂၉၆: နေဂြိုလ် မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု့ဖြစ်မယ်။ ဆွဲငင်အား တွေပြောင်း ကုန်မယ်။ အာကာသယာဉ် အဟောင်းတွေ ပျက်ကျ ကုန်မယ်
၂၂၉၉: ပြင်သစ် မှာ ခုခံ လှုပ်ရှားမှု့တခု အစ္စလန်ဘာသာ ဆန့်ကျင် ထမြောက် ကြ လိမ့်မယ်
၂၃၀၂: စကြဝဠာ ရဲ့ အရေးကြီးတဲ့ လျှို့ဝက်ချက်များ နဲ့ ဥပဒေများ ကို ထုတ်ဖော် ပြသ ကြမယ်
၂၃၀၄: လကမ္ဘာ လည်း ထိုနည်း ၄င်း
၂၃၄၁: ကြောက်မက်ဖွယ် အရာတခု ကမ္ဘာကို ချဉ်းကပ် လာ လိမ့်မယ်
၂၃၅၄: နေကြောင့် မိုးခေါင် လိမ့်မယ်
၂၃၇၁: ကမ္ဘာ့ငတ်မွတ် ခေါင်းပါးမှု့
၂၄၈၀: နေတု နှစ်လုံး တိုက်မိ သောကြောင့် ကမ္ဘာပေါ် တွင် မှောင်အတိ ဖြစ် သွားမည်။
၃၀၀၅: မားစ် ပေါ်ရှိ ပဋိပက္ခ ကြောင့် မားစ် ဂြိုလ် လမ်းကြောင်း ပြောင်းမည်။
၃၀၁၀: လ ကို ဥက္ကာခဲ အကြီး တစ်ခု ဝင်တိုက် လိမ့်မည်။ ဥက္ကာခဲ အပိုင်းအစများ နှင့် ပြာမှုန့်များ ကမ္ဘာ ကို အကွင်းလိုက် ဝန်းရံ လိမ့်မည်။
၃၇၉၇: ကမ္ဘာ ပေါ်ရှိ အရာအားလုံး သေဆုံး သွား တော့မည်။ လူသား မျိုးနွယ် တို့သာ နောက်ထပ် အဆင့် ပိုမြင့်သော ကြယ် အစုအဝေး တစ်ခု သို့ လွန်မြောက် သွားနိုင် လိမ့်မည်။
၃၈၀၃: ဂြိုလ် အသစ် မှာ လူနဲနဲ ဖြင့်စ နေမယ်…ရာသီဥတု အသစ် သက်ရှိပေါ်သက်ရောက်မှု့-သူတို့ ဗီဇ ပြောင်းစေ နိုင်တယ်
၃၈၀၅: သဃံဇာတ အရင်းအမြစ် အတွက် စစ်ဖြစ်။ ရှိတဲ့ လူ တဝက်ထက် ပိုမို သေဆုံးနိုင်
၃၈၁၅: စစ် ပြီးဆုံး
၃၈၅၄: လူမှု့ယဉ်ကျေးမှု့၏ ဖွံ့ဖြိုး တိုးတက်ရေး ကို လုံးဝ နီးပါး ရပ်လိုက် နိုင်သည်။ လူတွေ ဟာ တိရစ္ဆာန်တွေ လို စု နေထိုင် ကြ လိမ့်မယ်
၃၈၇၁: ဘုန်းကြီး တစ်ပါး က လူတွေ ကို ဘာသာရေးကြောင်း တွေ ပြောပြမယ် ( ဘုရား တစ်ဆူ ပွင့် တာလား တော့ မသိ )
၄၃၀၂: မြို့ အသစ်တွေ ထူထောင်ပြီး သိပ္ပံ ပညာအသစ် တွေ နည်းပညာ အသစ်တွေ သိမယ်

ရှိရှိ သမျှ ရောဂါအားလုံး ဖြစ်စဉ်တွေ ကုသမှုတွေ အလုံးစုံ သိပြီ
၄၃၀၈: လူတွေ ရဲ့ ဦးနှောက် ဟာ သာမန်ထက် 34% ပိုပြီး ထက်မြက် လာမယ်။ မကောင်းသော စိတ်များ အငြိုးထားသော စိတ် အယူအဆများ ပျောက်ကွယ် သွားမယ်
၄၅၀၉: နောက်ဆုံး တွင် ဘုရားသခင် နှင့် ပြောဆို ဆက်သွယ် နိုင်စွမ်း ဖွံ့ဖြိုး တိုးတက်သော အဆင့်ထိ ရောက်မယ်
၄၅၉၉: လူတွေ မသေ တော့ဘူး
၅၀၇၉: ကမ္ဘာကြီး အဆုံးသတ် မည် ။
Source – Sone Phyo

အရင်က တင်ခဲ့ ဘူးတဲ့ Post တစ်ခုပါ … ပြန်တင်လိုက် တယ်နော် … အားလုံး GoodLuck ပါ။
m_20170804_133323_635899.jpg

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 67734.06
ETH 3803.47
USDT 1.00
SBD 3.47