ဘရာဇီးလ်နဲ့ ဂျာမန

in #news8 years ago

Screenshot_2018-06-27-16-28-15-301_com.android.chrome.png

Screenshot_2018-06-27-16-28-55-470_com.android.chrome.png

Screenshot_2018-06-27-16-30-05-016_com.android.chrome.png

ဘရာဇီးလ်နဲ့ ဂျာမနီတို့အတွက် အဆုံးအဖြတ်
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ တဖြည်းဖြည်းနဲ့ အရှိန်တက်လာနေပါပြီ။
၁၆ သင်းရှုံးထွက်အဆင့်တက်ရောက်သွားတဲ့အသင်းတွေလည်း တဖြည်းဖြည်းပေါ်ထွက်လာနေပါပြီ။ ဇွန်လ ၂၇ ရက် ဒီနေ့ ညမှာတော့ အုပ်စု E နဲ့ အုပ်စု F ရဲ့ အဆုံးအဖြတ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

၁။ မက္ကဆီကို - ဆွီဒင် (ည ၈ နာရီ ၃ဝ ၊ ဇွန် ၂၇)

မက္ကဆီကိုကတော့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သရေတစ်မှတ်လိုအပ်နေပြီး ဆွီဒင်ကတော့ အနိုင်ရရှိမှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မက္ကဆီကိုဟာ အဓိကယှဉ်ပြိုင်ဘက် ဂျာမနီကိုရော၊ တောင်ကိုရီးယားကိုရော အနိုင်ရထားတဲ့အတွက် စိတ်ဓာတ်တက်ကြွနေပြီး ဟာနန်ဒက်စ်၊ ကားလို့စ်ဗီလာ၊ လိုဇာနိုတို့ရဲ့ စုဖွဲ့မှုကလည်း ဆွီဒင်နောက်တန်းကို အလုပ်ရှုပ်စေမှာပါ။ ဆွီဒင်အသင်းကတော့ လင်ဒီလော့၊ ဖော့ဘတ်ဂ်ျတို့လောက်သာ တန်းမှီတဲ့ကစားသမားတွေပါဝင်ပြီး အသင်းလိုက်အားကို အခြေပြုကစားတဲ့အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဂျာမနီနဲ့ ပွဲစဉ်မှာ ကစားပုံကတော့ အားရစရာသိပ်မရှိခဲ့ပဲ ခံစစ်ကို အားပြုလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အခုပွဲစဉ်မှာလည်း မက္ကဆီကိုကို တားဆီးနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ခြေစစ်ပွဲ play off မှာ အီတလီကိုကျော်ဖြတ်နိုင်တဲ့အထိ ရလဒ်ကောင်းခဲ့တဲ့ ဆွီဒင်ရဲ့ ရုန်းအားကိုတော့ သတိပြုရပါမယ်။ သရေကျသွားဖို့ များတဲ့ပွဲဖြစ်ပါတယ်။

Sort:  

ဘလာဇီးပဲ ကြိုက်တာလား ကွီး
ဘလာဇီယာကော မကြိုက်ဘူးလား ဟိဟိ

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 66899.48
ETH 2062.52
USDT 1.00
SBD 0.49