ရှာတာမတွေ့တော့ဘာလုပ်ရမည်နည်း
အာကာသဂိမ်းမှာ လမ်းပျောက်နေတယ် ဘယ်ကို သွားနေတယ်မှန်းတောင် မသိသလိုဘဲ ရှာနေတာလည်း အကြိမ်ရေ မနည်းတော့ဘူး ဒီတစ်ခါ ဆယ်ရက်မက ကြာနေတာတောင် ဂြိုလ်အသစ်တစ်လုံးမရနိုင်ဘူး ခက်လိုက်တာမှ လွန်ပါတယ် ဒီလို ခက်ခဲမှုတွေနဲ့ ကြုံလာတာလည်း ခဏတမ်းဖြစ်ပေမယ့် ဒီတစ်ခါတော့ အကြာဆုံးပါ အခက်ဆုံးပါ နောက်ထပ် ဘယ်လောက် စောင့်ရမယ် မသိပါဘူး မသိပေမယ့် ဆက်ပြိး ကစားရပါဦးမယ် ဘာလို့လဲဆိုတော့ မတွေ့တာကြာလာလေ တွေ့ဖို့ ပိုမို နိးစပ်လာလေဆိုတာ တွေးမိလို့ ကိုယ်ရှာထားတာတွေကို အလကားမဖြစ်စေချင်ပါဘူး ဟုတ်တယ်လေ ကိုယ်က မတွေ့တော့ပါဘူးဆို လက်လျှော့လိုက်ကြည့် ဘေးကလူ ၀င်သမသွားမှာ အသေခအချောဘဲလေ သူကသက်သောင့်သက်သာ ရသွားမှာ ကိုယ်က အဲ့ဒီနယ်မြေကို လွှတ်ပေးလိုက်ရမှာ နောက်နယ်မြေ ပြောင်းဖို့က လွယ်ပေမယ့် နေရာကောင်းပြန်ရောက်ဖို့တော့ အတော်ခက်သွားမယ်လေ
တစ်ရက်ကို မစ်ရှင် တစ်ရာဝန်းကျင်လောက်ထိ ပြစ်လွှတ်တာတောင် မတွေ့တာဆိုတော့ နည်းနည်း သံသယ ၀င်ာလချင်ပြီ ဒီဂိမ်းက ရွေးပြီး ရစေ ယူစေလုပ်လို့ရနေသလား တွေ့စေချင်တဲ့သူကို တွေ့ခွင့်ပေးလို့ရနေတယ်ပေါ့ ဒါဆိုရင်တော့ တော်လောက်ပြီထင်တာဘဲ အစကတည်းက အဲ့သလို ဘက်လိုက်မှု သံသယစိတ်ရှိတယ် အခုလို ခက်ခဲလာတော့ ပိုပြီး တွေးမိတယ် ထားပါလေ ခုမှတော့ မပြောတော့ပါဘူး
မနက်ဖန်လောက်ဆိုရင်တော့ ဂြိုလ်တစ်လုံးလောက် ရသင့်ပါပြီ မတွေ့တာကလည်း ဆယ်ရက်လောက်ကြာလာတယ်ဆိုတော့ များလာပြီလေ ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုကို ရောက်သွားချင်လို့များ ကြာလေသလား ဒါလည်း ဖြစ်နိုင်တာဘဲ အကောင်းဆုံးတွေက လွယ်လွယ်မှ မလာတက်တာဆိုတော့ ခက်နေတာက ကောင်းနေသလိုပါဘဲ တကယ်ဘဲ ကောင်းတာလေးတစ်လုံးလောက် ရချင်ပါသေးတယ် ကိုယ်ကတော့ ကောင်းတာတွေ မွေးမထားပါဘူး ရတာနဲ့ ချက်ချင်းရောင်းထုတ်လိုက်တာပါဘဲ လက်ထဲထားရင် အလကားနေရင်း ဈေးက ကျတက်လို့ မကိုင်ထားတော့ဘူး
ရတဲ့ဈေးနဲ့ တန်းေ၇ာင်းလိုက်မှာပါ အဲ့သလိုရတာလေးကို ရတဲ့ဈေးနဲ့ေ၇ာင်းတာက လက်တလော အဆင်ပြေစေတယ် နောက်ပိုင်းက ဘာမှန်းမသိတော့ ကိုင်မထားတာက ပိုကောင်းတယ်လို့ထင်တာဘဲ အရင်ကတော့ နောက်များမှ ဆိုတဲ့ အတွေး အမြဲတွေးတယ် ဒါပေမယ့် ဒဏ်ရာတွေ ခဏခဏရလာတော့ နောက်များမှ ဆိုတာကို လက်မခံချင်တော့ဘူး လက်ရှိဆိုတာက ပိုပြီးသဘာဝကျပါတယ်
@bobokyaw

ဟုတ်တယအကို။ခုနောက်ပိုင်း ရှာရတော်တော်ခက်လာတယ်။တော်တော်နဲ့ကို မတွေ့ဘူး။
ပြောင်းလဲနေတာဈေးတက်ဖို့လားမသိ
အင်း။stardustတွေ ဈေးတက်အောင်လုပ်မလို့နဲ့တူတယ်။