အစမဲ့နောင်တ

in #poem8 years ago

အစလဲမရှိဘူး အဆုံးလဲမတွေ့ဘူး
စက်ဝိုင်းတစ်ခုရဲ့အထဲ
လွဲမှားခြင်းတွေ စာစီကုံးနေခဲ့
ဘယ်အရပ်ကလာပြီး ဘယ်နေရာသွားမယ်မသိ
ဘာမှမသိခြင်းတွေက ဘဝတစ်ခုကိုဝါးမြိုနေ
နောင်တတွေလဲ ထပ်နေခဲ့ အလိုမကျခြင်းကဒီရင်ထဲ
နေစရာနေရာရှာရင်း နေ့ရက်တွေကုန်ဆုံး
ဘဝတသ်ခုလဲ ပျောက်ကွယ်
သံသရာ စက်ဝန်းကတော့ လည်နေဆဲ

Sort:  

This post has received a 0.17 % upvote from @drotto thanks to: @maykyaw.

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 70674.67
ETH 2076.85
USDT 1.00
SBD 0.49