မသိခြင်းကမ္ဘာ

in #poem8 years ago (edited)

***မသိနားမလည် ခြင်း ကမ္ဘာမှာ
ကျွန်မ နေထိုင်တယ်
စိတ်ခံစားချက် ကို
လျစ်လျူရှုတယ်
အိပ်မက် ကို မနိုးမချင်းမက်တယ်
မနက်လင်းးးးရင်
အိပ်မက်တွေ ပြန်ဖမ်းမရတာ စိတ်နာတယ်

မြင် မြင်သမျှက
အတွေးသက်သက် ထက်မပိုခဲ့ဘူးးး
နေရာတွေ့တိုင်း
နေရာ ရအောင် မယူတတ်ခဲ့တာ
ဟိုးးးးးးးငယ်ရွယ်စဉ်တည်းက စခဲ့တယ်။

ကြီးပြင်းခဲ့တဲ့ တလျောက်
ဘဝ ကို မထီမဲ့မြင် ဖြတ်သန်းခဲ့
အရေထူနေပါပြီ
မျက်လုံးတွေ ကို မြင်တာနဲ့
သရုပ်ဖော်တတ်တဲ့ သညာ က
အတွေးတွေကိုအမြဲ ကြီးစိုးခဲ့တယ်
ဒါပေမယ့်
အရာရာ ကို လျစ်လျူရှုရင်း
မသိ နားမလည်ခြင်းးးကမ္ဘာမှာ
ကျွန်မ နေထိုင်နေခဲ့ပါတယ်***

#Myat Lay Mon
image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 68089.86
ETH 2100.40
USDT 1.00
SBD 0.51