နှလုံးသားထိတိုင်

in #poem8 years ago

နှလုံးသားထိတိုင်

ရောမမြို့ကြီးကို
ရစ်ပတ်ချည်နှောင်ခဲ့ဖူးတဲ့
ကလီယိုပါထရာရဲ့ဆံပင်တွေလို
သူမရဲ့အကြည့်တွေက
ကျွန်တော့်ရဲ့ချစ်ခြင်းဖွဲ့မြို့
လေးကို
အသာအယာ
ရစ်ပတ်ချည်နှောင်ထားလိုက်တယ်။ ။

မျက်မမြင် ပုဏ္ဏားတွေ
ဆင်စမ်းသလို
သူမရဲ့မာယာဒြပ်ထုကို
ကိုင်တွယ် စမ်းသပ်ကြည့်ရင်းနဲ့
'ဒါ အချစ်ပဲဟေ့' လို့
နှလုံးသားထိတိုင် အော်မြည်ပစ်ခဲ့။

ဒီလိုနဲ့… … …
ရောမမြို့ကြီးလည်း ပျက်။
ကျွန်တော်လည်း
မီးခိုးတွေ တအူအူထနေတဲ့
မြို့ပျက်ကြီး အလယ်က
ရစရာ မရှိအောင်ပြိုကျနေတဲ့
အဆောက်အဦးပျက် တစ်ခုလို
နားမလည်နိုင်ခြင်းတွေကို
နားမလည်စွာနဲ့ပဲ
ရပ်ကြည့် ငေးမောမိနေပါတော့
တယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.062
BTC 68645.67
ETH 2136.83
USDT 1.00
SBD 0.51